Healthy Life Ad
Life Style

အိမ်ရှင်မတို့ အသုံးဝင်စေမည့် အလွယ်နည်းလမ်းများ

၊ လရိပ်မေ ၊

– သင့်ဆံပင် ပိုတောက်ပြောင်လာဖို့
ဆံပင်ထဲ ရှလကာရည် လက်ဖက်ရည် ဇွန်းတစ်ဇွန်းထည့်ပြီး ပွတ်သပ်ပေးပါ။ ပြီးမှ ခေါင်းလျှော်လိုက်ပါ။

– ကန်စွန်းဥအခွံနွှာရလွယ်စေဖို့
ကန်စွန်းဥ ပြုတ်ပြီးတာနဲ့ ချက်ချင်းရေအေးထဲ စိမ်လိုက်ပါ။

– နှလုံးရောဂါအမောဖောက်ခြင်း (Heart Attack) သက်သာစေဖို့
နှလုံးရောဂါအမောဖောက်ခြင်း ၉၀ ရာခိုင်နှုန်းခန့်က နံနက်စောစောမှာ ဖြစ်တတ်ပါတယ်။ အိပ်ရာမဝင်ခင် ရေနှစ်ခွက်လောက် သောက်ပေးရင် Heart Attack ဖြစ်တာကို သက်သာစေပါတယ်။

– အဝတ်ဖြူတွေ ဖြူစင်စေဖို့
ရေနွေးထဲမှာ သံပရာသီးတစ်စိတ်ထည့်ကာ အဝတ်ဖြူတွေကို အချိန် ၁၀မိနစ်လောက် စိမ်ပေးပါ။ ပြီးမှ ပုံမှန်အတိုင်းလျှော်ပါ။

– သံပရာသီး၊ ရှောက်သီး အရည်ပိုထွက်စေဖို့
သံပရာသီး၊ ရှောက်သီး၊ သံပယိုသီးတွေ အရည်ညှစ်တဲ့အခါ အရည်များများထွက်အောင် အဲဒီအသီးတွေကို ရေနွေးထဲမှာအချိန် တစ်နာရီလောက် စိမ်ပေးပါ။ ပြီးမှ အရည်ညှစ်လိုက်ပါ။

– အဝတ်အစားက မင်တွေ ကင်းစင်စေဖို့
အဝတ်အစားပေါ်ကို သွားတိုက်ဆေး သုတ်လိမ်းလိုက်ပါ။ ခြောက်အောင်ထားပြီးမှ လျှော်ဖွပ်ပေးရမှာ ဖြစ်ပါတယ်။

– အဝတ်အစားပေါ်က ပီကေ ဖယ်ရလွယ်စေဖို့
အဝတ်အစားပေါ်မှာ ပီကေ ကပ်နေရင် ဖယ်ရှားရလွယ်အောင် အဝတ်အစားကို ရေခဲသေတ္တာအအေးခန်း (Freezer)ထဲမှာ တစ်နာရီလောက် ထည့်ထားပေးပါ။

– ရေသန့်ရေခဲ ရရှိစေဖို့
ရေကိုအရင်ဆုံးကျိုပြီးမှ ရေခဲသေတ္တာ အအေးခန်းထဲထည့်ပေးပါ။

Most Popular

Healthy Life Ad
To Top