Healthy Life Ad
Q & A

လက်ကိုက်နေတဲ့ ပြဿနာ . . .

မေး. သမီးရဲ့အလုပ်က ကွန်ပျူတာစာစီစာရိုက်ပါ။ အခုတလော အလုပ်ကများလို့လားမသိဘူး၊ ညာဘက်လက်က ညညဆိုကိုက်နေပါတယ်ဆရာ၊ အဲဒါသက်သာအောင် ဘယ်လိုလုပ်သင့်ပါသလဲ။
လွင်လွင်မေ (FB)

ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

ဖြေ. လက်က အရိုး၊ ကြွက်သားနဲ့ အရွတ်တွေ တွယ်ဆက်ထားတာကြောင့် အလုပ်များရင် နာကျင်တာ ဖြစ်နိုင်ပါတယ်။ ကြွက်သားတွေမနာအောင် အလုပ်မလုပ်ခင်မှာ သွေးပူလေ့ကျင့်ခန်း အရင်လုပ်ရပါတယ်။ ပြီးမှ ကြွက်သားလှုပ်ရှားတဲ့ အလုပ်တွေလုပ်မယ်၊ ပြီးရင် အကြောလျှော့ပေးရပါမယ်။ ဒါ့အပြင် စာရိုက်တဲ့အချိန်မှာ လည်ပင်းအနေအထား မှန်မှန်နေသလား၊ လက်အနေအထား မှန်ရဲ့လား စတဲ့ ခန္ဓာကိုယ်ဟန်အနေအထား ကိုလည်း ဂရုစိုက်ပေးရပါမယ်။ ဒီလိုနေလို့တောင် လက်ကကိုက်နေရင် ပါရာစီတမောလို အကိုက်အခဲပျောက်ဆေးလေးကို သောက်ပေးသင့်ပါတယ်။ လေးရက်လောက်သောက်ပြီး ရပ်လိုက်တဲ့အခါ ဆေးသောက်ရင် သက်သာတယ်၊ ဆေးမသောက်ရင် ပြန်ဖြစ်တယ်ဆိုရင် တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပြီး အကြံဉာဏ် ရယူသင့်ပါတယ်။

Most Popular

Healthy Life Ad
To Top