Healthy Life Ad
Q & A

အချဉ်ထုပ်၊ ဆီး(ဇီး)ပေါင်းထုပ်ရဲ့ ကျန်းမာရေးဆိုးကျိုး

မေး. ကျွန်မသမီးလေးက အချဉ်ထုပ်တွေ၊ ဆီး(ဇီး) ပေါင်းထုပ်တွေ သိပ်ကြိုက်ပါတယ်။ အဲဒီလို အချဉ်ထုပ်တွေက များများစားရင် ကျန်းမာရေးအတွက် ဘယ်လိုဆိုးကျိုးတွေ ဖြစ်နိုင်ပါသလဲ။ တချို့မက်မန်းသီးတွေဆို စားလိုက်ရင် နှုတ်ခမ်း၊ သွားနဲ့ လျှာတွေမှာ အနီတွေ စွန်းတတ်လို့ပါ။
မသီတာ၊ တာမွေ။

ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

ဖြေ. အဓိက,ကတော့ ဆိုးဆေးတွေပါတဲ့အတွက် များများစားရင် အသည်းကို ထိခိုက်စေနိုင်ပါတယ်။ ဆိုးဆေး တွေကို အသည်းက Detoxify လုပ်တဲ့အတွက် များများစားရင် အသည်းကိုထိပါတယ်။ နောက်တစ်ခုက အချဉ်ထုပ်များများစားရင် ကျောက်ကပ်ကနေ မစွန့်ထုတ်နိုင်တာမျိုး ဖြစ်တတ်ပါတယ်။ အချဉ်ထုပ်တွေက ကျန်းမာရေးအတွက် ကောင်းကျိုးမရှိပါဘူး။ အာဟာရဓာတ်လည်း မပါဘူး၊ ဒါကြောင့် ဖြစ်နိုင်ရင် များများ မစားသင့်ပါဘူး။ ဆီးသီး(ဇီးသီး) စားချင်ရင် အစိမ်းစားပါ၊ အာဟာရတန်ဖိုးရပါတယ်။

ဆီးသီးကို အိမ်မှာယိုထိုးစားရင် တစ်ရက်-နှစ်ရက်ပဲ ခံပါတယ်။ အဲဒီအတွက် ကြာကြာခံအောင် ဆိုဒီယမ်ဘန်းဇိုးရိတ် ထည့်ရတယ်။ အဲဒီတာရှည်ခံပစ္စည်းက သတ်မှတ်ထားတဲ့ ပမာဏရှိပါတယ်။ ဒါပေမဲ့ အများစုက သတ် မှတ်ထားတဲ့ ပမာဏထက် ပိုထည့်တတ်ကြပါတယ်။ အဲဒီလိုထည့်တဲ့အတွက် ကင်ဆာကိုအားပေးပါတယ်။ အချဉ်ထုပ်တွေက များသောအားဖြင့် အာဟာရဓာတ် မပါဘူး၊ သကြားအစစ်မသုံးဘဲ ဆေးသကြားသုံးထား တဲ့အတွက် ကယ်လိုရီလည်းမပါပါဘူး။

မက်မန်းသီး ချဉ်ဆိုလည်း အချဉ်ဖောက်ထားတာဖြစ်တဲ့အတွက် ဒီလိုအချဉ်ဖောက်ထားတဲ့ အစာတွေကို လူတစ်ယောက်က တစ်ပတ်မှာတစ်ကြိမ်ပဲ စားသင့်ပါတယ်။ ခန္ဓာကိုယ်က ဒီအဆိပ်တွေကိုပြန်ထုတ်ပေးနေတယ်ဆိုပေမယ့် အချဉ်ဖောက်ထားတဲ့ အစာတွေကို များများ စားလိုက်ရင် အစာအိမ်ကင်ဆာဖြစ်ဖို့ အားပေးပါတယ်။ ဒါကြောင့် တန်ဆေးလွန်ဘေးလို့ သတိပေး ချင်ပါတယ်။ မစားနဲ့လို့ မပြောပါဘူး၊ နည်းနည်းပဲစားပါ၊ အချဉ်ဖောက်ထားတဲ့ အစာတွေကိုများများစားခဲ့ရင် ကြီးလာတဲ့အခါ ကင်ဆာဖြစ်ဖို့အားပေးနေလို့ပါ။

Most Popular

Healthy Life Ad
To Top