လတ်တလော အနုပညာဆောင်ရွက်မှု …
မဂ္ဂဇင်းတွေ၊ ဂျာနယ်ကာဗာတွေ ရိုက်ဖြစ်နေတယ်။ Designer design ကို မြဝတီရုပ်သံမှာ ရိုက်နေပါတယ်။ ဇာတ်ကားတွေတော့ သိပ်မရိုက်ဖြစ်သေးပါဘူး။
အသားအရေထိန်းသိမ်းမှုပုံစံ …
အသားအရေအတွက် အရမ်းထိန်းသိမ်းတာမျိုးတော့ မရှိပါဘူး။ အပြင်သွားရင်တော့ နေရောင်ခြည်ကိုကာကွယ်ပေးတဲ့ ခရင်မ်လိမ်းတယ်။ ပြီးတော့ အသီးအနှံနဲ့အသီးအရွက် များများစားတယ်။
နှာစေးတတ်လို့ အပူအအေးမျှတအောင်နေ ..
အရမ်းဖျားနာတာမျိုးတော့ သိပ်မရှိပါဘူး။ နှာစေး၊ ချောင်းဆိုးလောက်တော့ဖြစ်တယ်။ အဓိကနှာစေးတာက ရာသီမရွေးဖြစ်ပါတယ်။ ကျန်းမာရေးစစ်ဆေးမှုလည်း သိပ်မလုပ်ဖြစ်ပါဘူး။
အဓိက နေပူထဲကပြန်လာရင် ရေခဲရေမသောက်ဘူး၊ အအေးခန်းထဲ ချက်ချင်းမဝင်ဘူး၊ အပူအအေးမျှတအောင် နေပါတယ်။
ခန္ဓာကိုယ်ပြည့်အောင် အားရှိတဲ့အစာစား . .
ညီမက အစကတည်းကပိန်တဲ့သူဆိုတော့ အရမ်းဝိတ်ကျပြီး ပိန်အောင်လုပ်တာမျိုးမရှိပါဘူး။ ခန္ဓာကိုယ်ပြည့်အောင်ပဲ အာဟာရရှိတဲ့အစားအစာတွေကို စားပါတယ်။
ကျန်းမာရေးနဲ့ အလှအပဗဟုသုတလေ့လာ …
ညီမက ကျန်းမာရေးဗဟုသုတတင် မဟုတ်ပါဘူး၊ တခြားအလှအပနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကိုပါ ဖေ့စ်ဘုတ်နဲ့ Online မှာ ရှာဖွေလေ့လာဖြစ်ပါတယ်။
အစားမှားလို့ ဗိုက်နာတတ် . . .
ညီမက အစားအသောက်သောင်းကျန်းတဲ့အထဲမှာ ပါတယ်။ များသောအားဖြင့် အစပ်နဲ့အချိုကို ရှောင်တယ်။ တစ်ခါတလေအစားမှားတဲ့အခါ ဗိုက်နာတာမျိုးတော့ ရှိပါတယ်။
ခိုင်သဇင်ငုဝါသုံးနေကျ မိတ်ကပ်အမျိုးအစား
Revelon နဲ့ L’OREAL သုံးပါတယ်။
ကောလာဟလတွေကို မေတ္တာနဲ့ပဲတုန့်ပြန်
အရင်တုန်းကတော့ အပြိုင်အဆိုင်တွေ၊ အတိုက်အခိုက်တွေ၊ ကောလာဟလတွေရှိလာရင ်စိတ်တိုမိတယ်၊ ဒေါသထွက်မိပါတယ်။ အခုအချိန်မှာတော့ ကိုယ့်ကိုမဟုတ်တာပြောလည်း ဘယ်လိုမှပြန်မတုန့်ပြန်တော့ပါဘူး။ အမှန်တရားဆိုတာ တစ်နေ့သိကြမှာပဲ။ ညီမအပေါ်ကောင်းတဲ့သူ၊ မကောင်းတဲ့သူအားလုံးကို မေတ္တာပဲပို့တယ်။
အားကစား
အားကစားကတော့ သိပ်မလုပ်ဖြစ်ပါဘူး။ အဓိကခန္ဓာကိုယ်ပြည့်ဖြိုးအောင်ပဲ အစားအသောက်နဲ့ ထိန်းနေပါတယ်။ နောက်ပိုင်းမှာ Gym ဆော့ဖို့ရှိပါတယ်။
အားလပ်ချိန်မှာ သူငယ်ချင်းတွေနဲ့မုန့်စား
ညီမကအားတဲ့အချိန်ကို သူငယ်ချင်းတွေနဲ ့မုန့်စားဖြစ်တယ်။
ပရိသတ်အတွက် ကျန်းမာရေးအကြံပြုချက်
ကျန်းမာရေးကိုအထူးဂရုစိုက်ကြပါလို့ ပြောချင်ပါတယ်။ ပရိတ်သတ်အားလုံး ကျန်းမာကြပါစေ။