Healthy Life Ad
Life Style

အပြင်စာသိပ်မစားတာတောင် သွေးတွင်းကိုလက်စထရောများနေလို့ ဂရုစိုက်နေတဲ့ မေသန်းနု

– မဆင့်ရဲ့ ကျန်းမာရေးစောင့်ရှောက်မှုပုံစံလေး သိချင်ပါတယ်။
မဆင့်ကတော့ ကျန်းမာရေးကိုအမြဲတမ်း ဆန်းစစ်တယ်၊ သုံးသပ်တယ်။ အစာကို ပုံမှန်စားတယ်။ ပြီးတော့ ကျန်းမာရေးစစ်ဆေးမှုကို တစ်နှစ်တစ်ခါ ပုံမှန်လုပ်ပါတယ်။

– မဆင့်ရဲ့ခန္ဓာကိုယ် ဝိတ်အရမ်းတက်လာတာမျိုး မရှိအောင် ဘယ်လိုထိန်းဖြစ်လဲ။
အဓိကကတော့ အစားအသောက်ပါပဲ။ မဆင့် ခြေလေးချောင်းသားမစားပါဘူး။ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံများများစားဖြစ်တယ်။

– ကျန်းမာရေးနဲ့အညီ ဘယ်လိုနေထိုင်စားသောက် ဖြစ်ပါသလဲ။ အပြင်စာတွေစားရတာရော ကြိုက်ပါသလား။
မဆင့်က အပြင်စာကို သိပ်မစားဘူး။ အရမ်းကောင်းတဲ့ ဆိုင်မျိုးဆိုရင်တော့ တစ်ခါတလေ စားဖြစ်ပါတယ်။ ကျန်းမာရေးအတွက်လည်း ပိုစိတ်ချရတယ်။

– အနုပညာအလုပ်အပြင် ကိုယ်ပိုင်စီးပွားရေး လုပ်တာမျိုးရောရှိလား။
ရှိပါတယ်။ အရမ်းကြီးမားတဲ့စီးပွားရေးတော့ မဟုတ်ပါဘူး။ နည်းနည်းပါးပါးပေါ့။ အဓိက အနုပညာအလုပ်ကိုလုပ်ရတာ ပိုသဘောကျပါတယ်။

– ကျန်းမာရေးဗဟုသုတတွေ အသိပညာတွေကို အခုအချိန်မှာ ဘယ်လိုလေ့လာဖြစ်ပါသလဲ။
အခု မဆင့်တို ့အသိုင်းအဝိုင်းမှာ မဆင့်တို ့အရွယ်တွေဆိုရင် ဆီးချိုသွေးချိုရောဂါ၊ နှလုံးရောဂါတို့ ရှိကြတယ်။ အခုလက်ရှိ မဆင့်မှာ ဘာရောဂါမှ မရှိသေးတဲ့အတွက် အဲဒီရောဂါတွေ ဝင်မလာအောင် ကြိုတင်ကာကွယ် ဂရုစိုက်ဖြစ်ပါတယ်။

– မဆင့်ရဲ့သားလေးကိုရော ကျန်းမာရေးနဲ့ပတ်သက်ပြီး ဘယ်လိုအကြံဉာဏ်တွေပေးဖြစ်လဲ။
သားသားကိုလည်း အိမ်က အစားအသောက်ကိုပဲ အဓိကစားစေတယ်။ ပြီးတော့ သားသားက အရပ်ရှည်တော့ အားကစားလုပ်ခိုင်းတယ်။ သူကလည်း အားကစားလုပ်ရတာ ဝါသနာပါတယ်။ သူ့ကိုယ်သူလည်း အမြဲစမတ်ကျအောင်နေတယ်။ ဘော်ဒီကိုလည်း အမြဲတမ်းထိန်းပါတယ်။ ကျန်းမာရေးချူချာတာမျိုး မရှိပါဘူး။

– ကျန်းမာရေးစစ်ဆေးမှုလုပ်တဲ့အခါ ဘယ်လိုရောဂါမျိုးတွေကို ဂရုစိုက်ဖြစ်ပါသလဲ။
အမျိုးသမီးရောဂါဖြစ်တဲ့ သားအိမ်ခေါင်းကင်ဆာရောဂါကို ဂရုစိုက်တယ်၊ ကြိုတင်ကာကွယ်တယ်။ ပြီးတော့ ဆီးချိုရောဂါ၊ နှလုံးရောဂါတို့မဖြစ်အောင် အစားအသောက်ကို ဂရုစိုက်ဆင်ခြင်တယ်။ အဓိက အစ်မက အဆီအအိမ့် သိပ်မစားတာတောင် သွေးထဲမှာ ကိုလက်စထရောများတယ်။ အဲဒါကြောင့် သေချာဂရုစိုက်ရပါတယ်။

– အစ်မကို အခုအချိန်ထိ အားပေးနေတဲ့ ပရိသတ်တွေအတွက် ကျန်းမာရေးအကြံပြုချက်လေး ပြောပြပေးပါ။
အခုလို ပူတဲ့ရာသီမှာ ကျန်းမာရေးကို ဂရုစိုက်စေချင်တယ်။ ကိုယ်တိုင်ကိုယ်ကျလည်း ကျန်းမာရေး ဗဟုသုတတွေကို လေ့လာလိုက်စားပါလို့ ပြောချင်ပါတယ်။

Most Popular

Healthy Life Ad
To Top