Healthy Life Ad
Health Tips

မိုးတွင်းကာလတစ်လျှောက်လုံး ကျန်းမာစေမည့် နည်းများ

ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ် )

အစာပူပူ စားပါ၊ စွပ်ပြုတ်ပူပူ သောက်ပါ
မိုးရာသီမှာ မချက်ပြုတ်ထားတဲ့ ဟင်းသီးဟင်းရွက် စိမ်းတွေကို တတ်နိုင်သမျှရှောင်ပြီး အစာပူပူ၊ စွပ်ပြုတ်ပူပူ စားပေးပါ။

ခြင်နှိမ်နင်းရေး အလေးပေးပါ
မိုးတွင်းဝင်လာတာနဲ့ မိဘအများစုဟာ သွေးလွန်တုပ်ကွေးရောဂါကို စိုးရိမ်ပူပန်တတ်ကြပါတယ်။ ဒါကြောင့် အစွမ်းထက်တဲ့ ခြင်ဖျန်းဆေးသုံးပါ။ ကလေးလူကြီး မရွေး ဘယ်အချိန်အိပ်အိပ် ဆေးစိမ်ခြင်ထောင်နဲ့ အိပ်စက်ပါ။

ခြေထောက်သုတ်ပါ
မိုးရာသီမှာ ခြောက်လွယ်တဲ့ ဖိနပ်စီးပြီး သွားလာပါ၊ ခြေထောက်ရေစိုနေရင် ချက်ချင်းသုတ်ပါ။

ထီး၊ မိုးကာ ယူသွားပါ
မိုးကအချိန်မရွေး ရွာချနိုင်တဲ့အတွက် အပြင်သွားတဲ့အခါ ထီး၊ မိုးကာစတဲ့ အသုံးအဆောင်တွေကို ယူသွားပါ။

မိုးရေထဲ လမ်းလျှောက်ခြင်းကို ရှောင်ပါ
ဖြစ်နိုင်ရင် မိုးရေထဲ လမ်းလျှောက်တာကို မလုပ်ပါနဲ့။ မိုးရေထဲလမ်းလျှောက်တာကြောင့် ခြေထောက်မှာ ဖန်းဂတ်စ် မှိုစွဲရောဂါ ကပ်ငြိစေနိုင်ပါတယ်။

ဆေးဖက်ဝင် လက်ဖက်ရည်သောက်ပါ
လက်ဖက်စိမ်းလက်ဖက်ရည် (Green Tea) သောက်တာကြောင့် ဘက်တီးရီးယားပိုးတွေကို တွန်းလှန်ပေးနိုင် စွမ်းရှိစေပါတယ်။

Most Popular

Healthy Life Ad
To Top