Healthy Life Ad
Health Tips

အသည်းရောင် အသားဝါအေရောဂါ မဖြစ်အောင်

၊ လရိပ်မေ ၊

အသည်းရောင်အသားဝါအေဗိုင်းရပ်စ်ကြောင့် အသည်းရောဂါ ဖြစ်တတ်ပါတယ်။ မသန့်ရှင်းတဲ့ အစားအသောက်တွေကြောင့် အဓိက ဖြစ်တတ်ပါတယ်။ ဒါက နာတာရှည်အသည်းရောဂါမဖြစ်စေပေမယ့် သတိထားသင့်တဲ့ နည်းလမ်းဖြစ်ပါတယ်။

– ခရီးသွားစဉ် ဘေးကင်းစေမည့် နည်းလမ်းများ လိုက်နာပါ

အသည်းရောင်အသားဝါ အေအဖြစ်များတဲ့ဒေသတွေကို ခရီးသွားတဲ့အခါ လတ်ဆတ်တဲ့ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေကို ဆေးကြောစားပါ။ ကောင်းကောင်းမကျက်တဲ့အသားနဲ့ ငါးတွေကိုရှောင်ပါ။ ရေသန့်သောက်ပါ။ သွားတိုက်တဲ့အခါမှာ ရေသန့်ကိုပဲသုံးပါ။ ဘာပဲသောက်သောက် ရေသန့်ရေခဲမဟုတ်ရင် ရေခဲထည့် မသောက်ပါနဲ့။

– တစ်ကိုယ်ရေသန့်ရှင်းရေး အလေးထားပါ

လက်ကို မကြာခဏ ဆေးကြောသန့်စင်တာကြောင့် အသည်းရောင်အသားဝါ အေပိုးအပါအဝင် ကူးစက်ပိုးတွေ မရအောင်ကာကွယ်နိုင်ပါတယ်။ အိမ်သာတက်ပြီးချိန်၊ အစာစားပြီးချိန်၊ အစာမချက်ခင်နဲ့ ကလေးသေးနှီးလဲပြီးချိန်တွေမှာ လက်ကိုသေချာဆေးကြောပါ။ သွားတိုက်တံ၊ ပန်းကန်ခွက်ယောက်နဲ့ မျက်နှာသုတ်ပဝါတွေကို တခြားသူနဲ့ မျှဝေမသုံးပါနဲ့။

– စနစ်တကျ လျှော်ဖွပ်ပါ၊ သေချာ စွန့်ပစ်ပါ

မစင်၊ ဆီးနဲ့ သွေးစတာတွေပါတဲ့ အိပ်ရာခင်းနဲ့ တခြားတစ်ကိုယ်ရေသုံး ပစ္စည်းတွေကို သေချာလျှော်ဖွပ်ပါ၊ စနစ်တကျစွန့်ပစ်ပါ။

(Ref; HD)

Most Popular

Healthy Life Ad
To Top