၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)
ကြွက်နို့ဆိုတာ အရေပြားပေါ်မှာတွေ့ရတဲ့ ငယ်ရွယ်ကြမ်းတမ်းတဲ့ အဖုလုံးဖြစ်ပြီး ကင်ဆာမဟုတ်တဲ့အလုံးပါ။ လက်နဲ့ခြေထောက်မှာ မကြာခဏ တွေ့ရတတ်ပါတယ်။
ကြွက်နို့ပေါက်တဲ့ အရေပြားနေရာပေါ်မူတည်ပြီး အသွင်သဏ္ဌန်က အမျိုးမျိုးပြောင်းလဲသွားနိုင်ပါတယ်။
ကြွက်နို့ဆိုတာ ကူးစက်ပိုးကြောင့် ဖြစ်တတ်ပြီး အများအားဖြင့် HPV (Human PapillomaVirus) ပိုးကြောင့်ဖြစ်တတ်ပါတယ်။ HPV ပိုးက အရေပြားအပေါ်ယံလွှာပေါ်မှာ မာကျောတဲ့ ပရိုတင်းကီရာတင်ကို အလွန်အမင်းကြီးထွားမှု ဖြစ်စေတတ်ပါတယ်။ အဲဒါက ကြွက်နို့ရဲ့ မာကျောတဲ့ အသွင်ပုံစံကို ဖြစ်လာစေပါတယ်။
ဘယ်သူတွေက ကြွက်နို့ဖြစ်နိုင်ခြေများသလဲ
ကိုယ်ခံစွမ်းအားစနစ် အားနည်းသူတွေက ကြွက်နို့ပေါက်နိုင်ခြေများပါတယ်။ ကြွက်နို့က ကူးစက်တတ်တဲ့အရာ ဖြစ်ပါတယ်။ ဒါကြောင့် လူတစ်ယောက်တည်းမှာတင် တစ်နေရာကနေ တစ်နေရာ ကူးစက်မှု မဖြစ်အောင်နဲ့ လူတစ်ယောက်ကနေ တစ်ယောက်ကို ကူးစက်မှု မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် ကြွက်နို့ကို ချက်ချင်းကုသမှု ခံယူဖို့လိုအပ်ပါတယ်။
(Ref; HD)
(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)