Healthy Life Ad
Life Style

အက်နေတဲ့ အိုး

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

ရေသည်တစ်ဦးမှာ ရေအိုးကြီးနှစ်လုံးရှိပါတယ်။ သူကရေအိုးတစ်လုံးကို လက်ကသယ်ပြီး နောက်တစ်လုံးကို ပခုံးပေါ်သယ်ခဲ့ပါတယ်။ အိုးတစ်လုံးမှာအက်ရာရှိပြီး နောက်တစ်လုံးကလုံးဝကောင်းတဲ့အတွက် သူ့သခင်ရဲ့အိမ်ရောက်တဲ့အခါ အိုးတစ်လုံးထဲကရေအပြည့်ကိုဖြည့်၊ အက်ရာရှိတဲ့နောက်တစ်လုံးထဲက ရေနည်းနည်းကိုဖြည့် . . အဲသလိုလုပ်ခဲ့ပါတယ်။

အဲဒီလိုပုံစံနဲ့လုပ်လာတာ နှစ်နှစ်နီးပါးရှိလာတော့ ကောင်းတဲ့အိုးက သူ့အောင်မြင်မှုအတွက်ဂုဏ်ယူခဲ့ပြီး အက်နေတဲ့အိုးကတော့ သူရဲ့မပြည့်စုံမှုအတွက် အရှက်ရခဲ့ပါတယ်။ အက်နေတဲ့အတွက်သူ့အောင်မြင်မှုက အမြဲတစ်ဝက်ပဲရှိနေခဲ့တာကိုး။

အဲဒီတော့ သူကရေသည်ကို ပြောခဲ့တယ်။

“ ကျွန်တော် ကိုယ့်ကိုယ်ကိုယ်ရှက်လာပြီ၊ ကျွန်တော်ခင်ဗျားကို တောင်းပန်ပါတယ်ဗျာ . . “

“ ဘာလို့ တောင်းပန်ရမှာလဲ ” လို့ ရေသည်ကမေးတော့ –

“ ကျွန်တော်ပြီးခဲ့တဲ့နှစ်နှစ်လုံးလုံး ရေတစ်ဝက်ပဲသယ်ပို့နိုင်ခဲ့တယ် . . ဘာဖြစ်လို့လဲဆိုတော့ အိုးတစ်ခြမ်းမှာအက်ရာရှိလို့ ရေတွေစိမ့်ကျနေခဲ့တယ်လေ၊ အဲဒီအပြစ်ကြောင့် ခင်ဗျားဘယ်လောက်ပဲ အလုပ်လုပ်နေပါစေ၊ တန်ဖိုးအပြည့်မှမရတာ ”

ရေသည်ကစိတ်မကောင်းဖြစ်နေတဲ့ အက်နေတဲ့အိုးကိုကြည့်ပြီး ပြောပြခဲ့ပါတယ်။

ရေတွေသယ်ပြီး သခင့်အိမ်ကိုသွားပို့တဲ့လမ်းမှာ လှပတဲ့ပန်းပွင့်တွေကို မင်းသတိပြုမိလား၊ တကယ်တော့ အဲဒီပန်းပွင့်တွေက မင်းရဲ့အက်နေတဲ့အခြမ်းမှာရှိတယ်လေ . . ဒီတော့ နေ့တိုင်းသခင့်အိမ်ဆီရေသယ်ပို့တိုင်း အဲဒီပန်းပင်တွေပေါ် မင်းကရေလောင်းပေးခဲ့တယ် . . နှစ်ကြာလာတော့ဒီပန်းပင်တွေက ပန်းပွင့်တွေပွင့်လာပြီး သခင့်အိမ်ရဲ့စားပွဲတွေပေါ်မှာ အလှဆင်နိုင်တဲ့ပန်းပွင့်တွေ ဖြစ်လာတယ်လေ . . တကယ်လို့မင်းသာမရှိရင် သူ့အိမ်ကျက်သရေရှိလာစေမယ့် ဒီအလှအပတွေဘယ်ရပါတော့မလဲကွာ . . “

စာစုက ပေးချင်သော သင်ခန်းစာ

လူတိုင်းမှာ ကိုယ်ပိုင်အပြစ်အနာအဆာလေးတွေ ရှိကြပါတယ်။ ပြောရရင်ကျွန်မတို့အများစုက အက်နေတဲ့အိုးတွေနဲ့ တူပါတယ်။ ဒါပေမဲ့ ဘယ်သူမှစွန့်ပစ်ရမယ့်သူ မဟုတ်ပါဘူး။ အက်နေတဲ့အိုးလိုပဲ ကိုယ့်ကိုယ်ကိုယ်ဘဝမှာ အသုံးမဝင်ဘူးလို့ထင်တဲ့အခါ ဒီအပြစ်အနာအဆာလေးကပဲ ဘဝအတွက်အလှတရားအဖြစ် ပနံရသွားစေတာကိုသတိရလိုက်ရင် လောကကြီးကသာယာနေမှာပါ. . . ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top