Healthy Life Ad
Life Style

မိန်းမကိုယ်အနံ့ဆိုးကြောင့် ယုံကြည်မှု လျော့နည်းနေပြီလား . .

မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)
မိန်းမကိုယ်အနံ့ဆိုး ထွက်တာက အမျိုးသမီးတိုင်း ရင်ဆိုင်နေရတဲ့ ကျန်းမာရေး ပြဿနာပါ။ လိင်မှတစ်ဆင့် ကူးစက်ပိုးဝင်တာ၊ ဘက်တီးရီးယားပိုးဝင်တာ၊ တစ်ကိုယ်ရေ သန့်ရှင်းရေး အားနည်းတာစတဲ့ အကြောင်းတွေကြောင့် မိန်းမကိုယ်အနံ့ဆိုး ထွက်နိုင်ပါတယ်။ မိန်းမကိုယ်နီမြန်းတာ၊ ယားယံတာ၊ ခြောက်သွေ့တာ၊ အဖြူဆင်းများတာနဲ့ ငါးညှီနံ့ထွက်တာစတဲ့ ဝေဒနာတွေကြောင့် မိန်းမကိုယ်အနံ့ ဆိုးထွက်တတ်ပါတယ်။ မိန်းမကိုယ်အနံ့ ဆိုးထွက်တာကြောင့် စိတ်အနှောင့်အယှက်ဖြစ်နေသူတွေ၊ လူကြားထဲသွားရမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု လျော့နည်းနေသူတွေအတွက် သဘာဝနည်းတွေကို ဖော်ပြလိုက်ပါတယ်။

ဒိန်ချဉ်
တစ်နေ့မှာ ဒိန်ချဉ်နှစ်ခွက်သောက်တာကြောင့် မိန်းမကိုယ်အနံ့ကို ကင်းစင်စေနိုင်ပါတယ်။ ဒိန်ချဉ်စားတာကြောင့် မိန်းမကိုယ်တစ်ဝိုက်က စံ အဆင့် ကို ဟန်ချက်ညီမျှစေပါတယ်။

ရေ
ရေများများသောက်တာကြောင့် ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေနဲ့ ဘက်တီးရီးယားပိုးတွေကို ကင်းစင်စေပါတယ်။ ရေသောက်တဲ့အတွက် မိန်းမကိုယ်အနံ့ဆိုးစေတဲ့ ကိုယ်တွင်းသကြားအဆင့်ကို လျော့ကျစေပါတယ်။ တစ်နေ့မှာ ရေ ၈-၁၀ ဖန်ခွက် သောက်ပေးပါ။

ရှလကာရည်
ရေနွေးထဲ ရှလကာရည် ခွက်တစ်ဝက်ထည့်ပြီး မိန်းမကိုယ်ကို ဆေးကြောပေးတဲ့အတွက် မိန်းမကိုယ်အနံ့ဆိုး ကင်းစင်စေပြီး မိန်းမကိုယ်တစ်ဝိုက်က စံ အဆင့်ကို ထိန်းညှိပေးပါတယ်။

ကြက်သွန်ဖြူ
ကြက်သွန်ဖြူမှာ သဘာဝ ဘက်တီးရီးယား သေစေတဲ့ အစွမ်းရှိတာကြောင့် မိန်းမကိုယ်အနံ့ဆိုး ကင်းစင်စေနိုင်ပါတယ်။ ဗိုက်ထဲ အစာမရှိချိန်မှာ ကြက်သွန်ဖြူအရည် သောက်ပေးတာကြောင့် ဘက်တီးရီးယားကြောင့် ဖြစ်ပေါ်တဲ့ အနံ့ဆိုးကို ကင်းစင်စေပါတယ်။

ဆော်ဒါမှုန့်
ဆော်ဒါမှုန့်ကို ချိုးရေထဲထည့်ပြီး ရေစိမ်ချိုးတာ ဒါမှမဟုတ် ဆော်ဒါမှုန့်စိမ်ထားတဲ့ ရေနဲ့ မိန်းမကိုယ် နေရာတစ်ဝိုက်ကို ဆေးကြောသန့်စင်ပေးတာကြောင့် မိန်းမကိုယ်ရှိ မှိုပိုးနဲ့ ဘက်တီးရီးယားပိုးတွေကို ကင်းစင်သွားစေပါတယ်၊ အနံ့ဆိုး ပျောက်သွားစေပါတယ်။

လက်ဖက်ဆီ
လက်ဖက်ဆီ ငါးစက်ကို ရေထဲထည့်ပြီး မိန်းမကိုယ်ကို ဆေးကြောပေးပါ။ ဖန်းဂတ်စ်မှိုနဲ့ ဘက်တီးရီးယားပိုးတွေကြောင့်ဖြစ်ပေါ်တဲ့ မိန်းမကိုယ် အနံ့ဆိုးထွက်တာကို ကင်းစင်စေပါတယ်။

အိမ်ထောင်ရှိသူများအတွက်
အိမ်ထောင်ရှိသူတွေအနေနဲ့ လိင်ဆက်ဆံပြီးတိုင်း မိန်းမကိုယ်နေရာတစ်ဝိုက်ကို ဆေးကြောသန့်စင်ပေးသင့်ပါတယ်။

အိမ်သာသွားပြီးတိုင်း တစ်သျှူးဖြင့် ခြောက်သွေ့အောင် သုတ်ပါ
အိမ်သာတက်ပြီးတဲ့အခါတိုင်း မိန်းမကိုယ်နေရာတစ်ဝိုက်ကို ရေနဲ့ သေချာသန့်စင်လိုက်ပါ။ ပြီးရင် တစ်သျှူးနဲ့ ခြောက်သွေ့အောင်သုတ်ပေးပါ။
Ref; HD

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top