Healthy Life Ad
International

အသက် ၈ နှစ်အရွယ် တပည့်မလေးကို ကျောက်ကပ်လှူဒါန်းသည့်ဆရာမ

၊ မိုးမင်းထွန်း ၊

တစ်ရက်မှာ အသက် ၈ နှစ်အရွယ် နာတာရှာဖူလာရဲ့အဘွားကို ကျောင်းကိုလာရောက်ဖို့ နာတာရှာရဲ့ ပထမတန်းဆရာမ ဂျိုဒီရှမစ်က ဖုန်းနဲ့အကြောင်းကြားခဲ့ပါတယ်။ ပထမတော့ သူက နာတာရှာကျောင်းမှာ ပြဿနာရှာလို့ ဆရာမက လာရောက်ဖြေရှင်းခိုင်းတယ်လို့သာ ထင်ခဲ့တာပါ။ ဒါပေမဲ့ လက်တွေ့မှာတော့ မဟုတ်ခဲ့ပါဘူး။

ရှမစ်က ဘာလီတန်ကို ပန်းရောင်လက်ဆောင် အထုပ်လေးတစ်ခုကို ပေးအပ်ခဲ့ပါတယ်။ အထဲမှာ လက်ဆောင်တစ်ခုနဲ့အတူ ဆရာမရှမစ်က သူရဲ့ကျောက်ကပ်တစ်လုံးကို နာတာရှာကို လှူဒါန်းမယ်ဆိုတဲ့စာသားကိုပါ တွေ့ရှိခဲ့ရပါတယ်။

ဘာလီဟာ ဒီမင်္ဂလာသတင်းကို သူရဲ့ဖေ့စ်ဘွတ်မှာတင်ခဲ့ပါတယ်။ နာတာရှာရဲ့ဆရာမဟာ အကောင်းဆုံး လက်ဆောင်ကို ကလေးကိုပေးခဲ့ပါတယ်။ သူတို့နှစ်ယောက်ရဲ့ကျောက်ကပ်တွေဟာ ကိုက်ညီမှုရှိပြီး ရှမစ်နဲ့သူရဲ့မိသားစုကို အလွန်ကျေးဇူးတင်တယ်လို့ ရေးသားခဲ့ပါတယ်။

နာတာရှာဟာ ဝမ်းဗိုက်ရောဂါတစ်မျိုးကို ကလေးဘဝကတည်းက ခံစားခဲ့ရပါတယ်။ ဒီရောဂါက ဆီးလမ်းကြောင်းပိုးဝင်တဲ့ မွေးရာပါရောဂါတစ်မျိုးဖြစ်ပြီး နာတာရှာဟာ တစ်ပတ် ၃ ကြိမ် ကျောက်ကပ်ဆေးနေရ တယ်လို့ သိရပါတယ်။ ကလေးရဲ့ဝမ်းဗိုက်ထဲမှာ ပိုက်သုံးချောင်းကို ထည့်ထားရပါတယ်။ ဒါပေမဲ့ ကလေးဟာ စိတ်ဓာတ်ကျဆင်းတာ မျိုးမရှိဘဲ ပျော်ပျော်နေတတ်ပါတယ်လို့ ဘာလီကပြောပြပါတယ်။

ဆရာမရှမစ်ကတော့ သူရဲ့သွေးဟာ နာတာရှာအတွက် ကိုက်ညီမှုရှိတယ့်အတွက် ကျောက်ကပ်ကို လှူဒါန်းဖြစ်ခဲ့တယ်လို့ဆိုပါတယ်။ “ကျွန်မတို့ဟာ ရည်ရွယ်ချက်တစ်ခုအတွက် တစ်ချိန်တည်း၊ တစ်နေရာထဲမှာ ဆုံစည်းခဲ့ရတာပါ။ တစ်ယောက်ကိုတစ်ယောက် ဖေးမမှုလိုအပ်ပါတယ်”လို့ ရှမစ်က ပြောပြပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top