Healthy Life Ad
Health Tips

ကီးလွိုက်အမာရွတ်အလုံး လျော့ပါးသွားစေမည့် နည်းလမ်းကောင်းများ

မီမိုး ( ဆေးဝါးတက္ကသိုလ် )
သင့်မျက်နှာ၊ လက်နဲ့ခြေထောက်လို အရေပြားနေရာတွေမှာ ကီးလွိုက်အမာရွတ်အလုံးတွေရှိနေရင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတာကို လျော့ပါးစေပါတယ်။ ဓားရှရာထင်တာ၊ အနာပေါက်တာ၊ ခွဲစိတ်ဒဏ်ရာဖြစ်ပေါ်တာစတဲ့ အခြေအနေတွေမှာ ကီးလွိုက်အမာရွတ်အလုံး ဖြစ်ပေါ်တတ်ပါတယ်။ အဲဒီအခါ သက်သာလျော့ပါးအောင် အောက်ပါနည်းလမ်းတွေနဲ့ ကုသမှုခံယူသင့်ပါတယ်။

ဝက်ခြံရှိလျှင် အရေပြားအထူးကု ဆရာဝန်ထံ ပြသပါ
သင့်မှာ ဝက်ခြံရှိပြီး သင့်အရေပြားက ကီးလွိုက်အမာရွတ်အလုံးဖြစ်လွယ်တဲ့ အမျိုးအစားဖြစ်ရင် အရေပြားအထူးကု ဆရာဝန်နဲ့ပြကာ ဝက်ခြံကုသသင့်ပါတယ်။ တချို့လူတွေရဲ့ အရေပြားမှာ ပြင်းထန်တဲ့ ဝက်ခြံဖုတွေ ပျောက်သွားချိန် ကီးလွိုက်အမာရွတ်အလုံး ဖြစ်လွယ်လို့ပါ။

ခန္ဓာကိုယ် အပေါက်မဖောက်ရ
သင့်အရေပြားက ကီးလွိုက်အမာရွတ်အလုံး ဖြစ်လွယ်တယ်ဆိုရင် ခန္ဓာကိုယ်ကို အပေါက်ဖောက်တာထက် တခြားနည်းနဲ့ ခန္ဓာကိုယ်ကို အလှဆင်သင့်ပါတယ်။

အရေပြားကို ဆေးမင်ကြောင် မထိုးသင့်ပါ
ကီးလွိုက်အမာရွတ်အလုံးကို ဖုံးသွားစေဖို့ ရည်ရွယ်ပြီး အရေပြားကို ဆေးမင်ကြောင်ထိုးတာမျိုး မလုပ်သင့်ပါဘူး။

အနာကျက်ခါစ အမာရွတ်ကို လုံးဝ အနာပျောက်သည်အထိ အစိုဓာတ်ထိန်းပေးပါ
အနာကျက်ခါစ အမာရွတ်ကို ပူနွေးစိုစွတ်နေတဲ့ ပိတ်စအုပ်ပေးသင့်ပါတယ်။ အုန်းဆီ ဒါမှမဟုတ် သံလွင်ဆီစွတ်ထားတ ဲ့ပိတ်စကို အမာရွတ်ပေါ် အုပ်ပေးပါ။ ဒါမှမဟုတ် ရှားစောင်းလက်ပပ်အနှစ်သား သုတ်လိမ်းပေးပါ။

အမာရွတ်ကို နေရောင်ခြည်ထိတွေ့မှု မခံရစေရန် ကာကွယ်ပါ
ကီးလွိုက်အလုံးဟာ နေဒဏ်ခံရတဲ့အခါမှာ အမည်းရောင်ပြောင်းသွားတတ်ပါတယ်။ ဒါကြောင့် အနာကျက်ခါစ အမာရွတ်တွေကို နေဒဏ်မခံရအောင် ဂရုစိုက်သင့်ပါတယ်။ အရိပ်ထဲမှာ နေထိုင်တဲ့နည်း ဒါမှမဟုတ် လုံခြုံတဲ့ အဝတ်အစား ဝတ်ဆင်တဲ့နည်းနဲ့ ခရမ်းလွန်ရောင်ခြည် မကျရောက်အောင် ကာကွယ်ရပါမယ်။

အမာရွတ်ကို ခွဲစိတ်ကုသမှု မလုပ်ပါနှင့်
ကီးလွိုက်အမာရွတ်အလုံးကို ခွဲစိတ်ဖယ်ထုတ်တာမျိုး မလုပ်ပါနဲ့။ အရေးကြောင်းတွေ လျော့သွားအောင် လုပ်သလိုမျိုး အမာရွတ်အလုံး ဖြည်းဖြည်း ချင်းပါးသွားအောင် သဘာဝနည်းတွေပဲ သုံးပါ။

ဆေးလိပ်ဖြတ်ပါ
ဆေးလိပ်သောက်တာက ကျန်းမာရေးအတွက် မကောင်းမှန်း လူတိုင်းသိပါတယ်။ ဆေးလိပ်သောက်သူတွေမှာ ကီးလွိုက်အမာရွတ်အလုံး ဖြစ်လွယ်ပါတယ်။ စီးကရက်သောက်တာကြောင့် အရေပြားထဲ သွေးလှည့်ပတ်မှုကို ဟန့်တားပြီး အနာကျက်ဖို့ အချိန်ယူရပါတယ်။ အဲဒီအတွက် အမာရွတ်အလုံး ကျန်ခဲ့တာဖြစ်ပါတယ်။
Ref; HD

Most Popular

Healthy Life Ad
To Top