Healthy Life Ad
Health Tips

လေ့ကျင့်ခန်းလုပ်ပြီးချိန်တွင် သင့်ကို ပိုမိုသန်စွမ်းကြံ့ခိုင်စေရန် ပံ့ပိုးပေးသည့် ထိပ်တန်းအစာများ

လရိပ်မေ
စားတဲ့ အစာအပေါ်မူတည်ပြီး ခန္ဓာကိုယ်က တုန့်ပြန်ပါတယ်။ လေ့ကျင့်ခန်းလုပ်ပြီးချိန်မှာ စားသောက်တဲ့ အာဟာရက ခန္ဓာကိုယ်ကို ပိုသန်စွမ်းအောင် ပံ့ပိုးပေးနိုင်ပါတယ်။

အညိုရောင်ချောကလက်စားခြင်းဖြင့် လေ့ကျင့်ခန်းကြောင့် ဖြစ်သည့် စိတ်ဖိစီးမှု လျော့ကျစေနိုင်
အညိုရောင်ချောကလက်ဟာ လေ့ကျင့်ခန်းလုပ်တာကြောင့် ဖြစ်ပေါ်လာတဲ့ စိတ်ဖိစီးမှုကို လျော့ကျစေနိုင်ပါတယ်။

လေ့ကျင့်ခန်းလုပ်ပြီး နောက်နေ့အထိ စွမ်းအင်ရှိ နေစေရန် ကော်ဖီသောက်နိုင်
ကော်ဖီသောက်တာကြောင့် ကာဗိုဟိုက်ဒရိတ်ရဲ့ အားဖြည့်စေတဲ့ အစွမ်းကို ပိုအားကောင်းစေပါတယ်။ ကော်ဖီသောက်လိုက်တဲ့အခါ လေ့ကျင့်ခန်းလုပ်ပြီး လေးနာရီကြာပြီးနောက် ကြွက်သားထဲမှာ ဂလိုင်ကိုဂျင်ဓာတ်က ၆၆ ရာခိုင်နှုန်းအထိ တိုးသွားပါတယ်။ လေ့ကျင့်ခန်းကြာကြာနဲ့ ပြင်းပြင်းထန်ထန် လုပ်နိုင်စွမ်းက ကြွက်သားတွေထဲ သိုလှောင်ထားတဲ့ လောင်စာအပေါ် မူတည်နေပါတယ်။

တလည်းသီးက ကြွက်သားတောင့်တင်းမှု လျော့ပါးစေနိုင်
တလည်းသီးစားတာကြောင့် မှတ်ဉာဏ်နဲ့ ဦးနှောက် လုပ်ဆောင်မှု အားကောင်းစေပြီး ကြွက်သားတွေကို ပြန်လည်သန်စွမ်းလာစေပါတယ်။ ဒါ့အပြင် ကြွက်သားနာကျင်မှု ဝေဒနာလျော့ပါးစေပါတယ်။

ချယ်ရီသီးက ကိုက်ခဲနာကျင်မှုကင်းဝေးပြီး ခန္ဓာကိုယ် သန်စွမ်းစေနိုင်
ချယ်ရီသီးဖျော်ရည်က ပြင်းထန်တဲ့ လှုပ်ရှားမှုလုပ်ပြီး ဖြစ်ပေါ်လာတဲ့ နာကျင်ကိုက်ခဲမှု သက်သာစေတဲ့ အစွမ်းရှိတယ်လို့ လေ့လာမှုအရ သိရပါတယ်။

ဖရဲသီးက ကြွက်သားသန်စွမ်းတင်းရင်းစေနိုင်
လေ့ကျင့်ခန်းလုပ်ပြီး တစ်နာရီအတွင်း ဖရဲသီးဖျော်ရည်သောက်တာကြောင့် ကြွက်သားနာကျင်မှုဝေဒနာကို သက်သာစေပါတယ်။ ဖရဲသီးမှာပါတဲ့ စီ ထရူလင်းဓာတ်ဟာ ကြွက်သားနာကျင်မှု ဝေဒနာကို သက်သာစေပြီး သွေးကြောလုပ်ဆောင်မှု ကောင်းမွန် စေပါတယ်။

ဘလူးဘယ်ရီသီးက ရောင်ရမ်းမှု လျော့ကျစေနိုင်
ကောင်းကောင်း လေ့ကျင့်ထားတဲ့ အားကစားသမားတွေမှာ ဘလူးဘယ်ရီသီး စားတဲ့အခါ ထိရောက်တဲ့ အာနိသင်တွေ ရရှိစေနိုင်ပါတယ်။ ဘလူးဘယ်ရီသီးစားတာကြောင့် ရောင်ရမ်းမှုလျော့ကျပြီး ကူးစက်ပိုးနဲ့ ဗိုင်းရပ်စ်တွေမဝင်အောင် ကာကွယ်ပေးပါတယ်။ ဒါ့အပြင် ကိုယ်ခံအားစနစ် ကောင်းစေတဲ့ သဘာဝဆဲလ်တွေကို ပံ့ပိုးကူညီပေးပါတယ်။
Ref; HD

Most Popular

Healthy Life Ad
To Top