လရိပ်မေ
ပူအိုက်ချိန်မှာ ဆံပင်တွေ ဖားလျားချမထားဘဲ ဆံထုံးလှလှ ထုံးပြီး အေးအေးသက်သာ နေနိုင်စေမယ့် နည်းလမ်း အဆင့်ဆင့်ကို ဖော်ပြလိုက်ပါတယ်။
အဆင့် (၁)
– ဆံပင်ကို ခြောက်အောင်လုပ်ပြီး ဘီးဖြီးကာ ပိုနီတေးမြင့်မြင့် စည်းနှောင်ပါ။
အဆင့် (၂)
– ပိုနီတေးမြင့်မြင့် ရပြီဆိုရင် ခေါင်းစည်းကြိုး သားရေကွင်းနဲ့ ခပ်တင်းတင်းစည်းပါ။
အဆင့် (၃)
– ပိုနီတေးစည်းထားတဲ့ အခြေမှာ ဆံညှပ်တွေ ညှပ်ပြီး ဆံပင်ကိုဆွဲလိမ်ကာ ထုံးလိုက်ပါ။
အဆင့် (၄)
– သင့်ဆံထုံး အလွယ်တကူ မလျှောကျစေဖို့ ဆံညှပ် အလုံအလောက်နဲ့ ထပ်ညှပ်ပေးပါ။
အဆင့် (၅)
– ဆံထုံးကို စပရေးဖျန်းလိုက်ရင် တစ်နေ့လုံး သင် ပေါ့ပါးနေပါလိမ့်မယ်။