Healthy Life Ad
International

၀က်ခြေထောက်သုပ်စားခြင်းကို အိပ်မက်မက်သည့် အမျိုးသား လက်ကောက်ဝတ်ကို ကိုက်မိပြီး သွေးသံရဲရဲဖြင့် နိုးလာ

မိုးမင်းထွန်း
တရုတ်အမျိုးသားတစ်ယောက်ဟာ ဝက်ခြေထောက်သုပ်စားတာကို အိပ်မက်မက်ခဲ့ပြီး မိမိလက်ကောက်ဝတ်ကို မတော်တဆကိုက်မိကာ သွေးသံရဲရဲနဲ့ အိပ်ရာကနိုးလာခဲ့တယ်လို့ သိရပါတယ်။အမည်မဖော်လိုတဲ့ အဲဒီအမျိုးသားရဲ့ တစ်ဝမ်းကွဲတော်စပ်သူက “သူ့ကို ဆေးရုံပို့ခဲ့ရပါတယ်။ သူ့ကိုယ်သူ သေကြောင်းကြံစည်တယ်လို့ယူဆတဲ့အတွက်လည်း ရဲကိုအကြောင်းကြားခဲ့တယ်”လို့ ဆိုပါတယ်။

သူအစ်ကိုတစ်ဝမ်းကွဲရဲ့ အိမ်မှာလာရောက်နေထိုင်နေတဲ့ ထိုအမျိုးသားက သေကြောင်းကြံစည်တာမဟုတ်ဘူးလို့ ငြင်းဆိုခဲ့ပါတယ်။ အရင်က အိပ်နေရင်း လမ်းလျှောက်တဲ့ အကျင့်ရှိကြောင်းနဲ့ အိပ်မက်ထဲမှာ ဝက်ခြေထောက်သုပ် စားတယ်လို့မက်ရင်း မိမိလက်ကောက်ဝတ်ကို ကိုက်မိတာသာဖြစ်ကြောင်း နောက်ပိုင်းမှာ ရဲတွေကို သူက ဝန်ခံခဲ့ပါတယ်။ အဲဒီ အမျိုးသားရဲ့အသက်အရွယ်နဲ့ ဒဏ်ရာဟာ ဘယ်လောက်ပြင်းထန်တယ်ဆိုတာကို တိတိကျကျမထုတ် ပြန်ခဲ့ဘူးလို့လည်း သိရပါတယ်။ဝက်ခြေထောက်သုပ်ဟာ တရုတ်ပြည်နဲ့ ကမ္ဘာတစ်လွှားမှာ အလွန်လူကြိုက်များတဲ့ ဟင်းလျာတစ်မျိုးလည်း ဖြစ်ပါတယ်။
Ref; SCMP

Most Popular

Healthy Life Ad
To Top