Healthy Life Ad
Q & A

ဗိုက်အောင့်တဲ့အခါ စိုးရိမ်ရတဲ့ အခြေအနေ . . .

မေး။ ကျွန်မက ဆရာမပါ။ ကျွန်မရဲ့ ကျောင်းသား၊ ကျောင်းသူတွေက မကြာခဏ ဗိုက်အောင့်တတ်လို့ ဘယ်လိုအခြေအနေမှာဆိုရင် စိုးရိမ်ရသလဲဆိုတာ သိချင်ပါတယ် ဆရာ။

ဒေါ်မြင့်မြင့်ရီ၊ ပြည်။

ပါမောက္ခဦးအေးမွန် (ခွဲစိတ်ဆရာဝန်ကြီး)ဖြေကြားပေးပါသည်။

ဖြေ။ လူအများစုကတော့ မကြာခဏ ဝမ်းဗိုက်အောင့်လေ့ ရှိကြပါတယ်။ ဝမ်းဗိုက်အောင့်ရင် တခြားလက္ခဏာ တစ်ခုခုနဲ့တွဲနေတဲ့အခါ စိုးရိမ်ရပါတယ်။ အဓိက ကတော့-

(၁)ဗိုက်အောင့်ပြီး အန်ရင် အရေးကြီးပါတယ်။

(၂)ဗိုက်အောင့်ပြီး အန်တယ်၊ လေမလည်ဘူး၊ ဝမ်းချုပ်နေတယ်ဆိုရင် အရေးကြီးပါတယ်။

(၃)ဗိုက်အောင့်ပြီး အန်တယ်၊ ဝမ်းလျှောနေတယ်ဆိုရင် အရေးကြီးပါတယ်။

(၄)ဗိုက်အောင့်ပြီး ဝမ်းဗိုက်ဖောင်းနေရင် (ပေကြိုး တိုင်းကြည့်လိုက်လို့ ဗိုက်ဖောင်းနေရင်) ပိုအ ရေးကြီးပါတယ်။

(၅)ဗိုက်အောင့်ပြီး ဖျားနေရင် အရေးကြီးပါတယ်။

ဒီအခြေအနေတွေက အများအားဖြင့် အရေးပေါ် ခွဲစိတ်ကုသမှုခံယူရဖို့ များပါတယ်။ အထူးသဖြင့် ဗိုက်အောင့်တာနဲ့ တခြားလက္ခဏာတစ်ခုခုတွဲဖြစ်နေရင် စိုးရိမ်ရပါတယ်။ ဒီအခြေအနေတွေ ဖြစ်လာရင် ခွဲစိတ်ကုသမှု ခံယူရချင်မှ ခံယူရနိုင်ပေမယ့် အရေးကြီးတာများပါတယ်။ ဗိုက်အောင့်တာနဲ့အတူ ဗိုက်ဖောင်းလာတယ်၊ လေမလည်ဘူး၊ အဖျားတက်လာတယ်ဆိုရင် ခွဲစိတ်ကုသမှု ခံယူရဖို့ များနေပါတယ်။

Most Popular

Healthy Life Ad
To Top