Healthy Life Ad
Health Tips

ဗိုက်အောင့်ဝေဒနာက ပြသနေသည့် ကျန်းမာရေး

———၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊———

ဝမ်းဗိုက်ရဲ ့မတူညီတဲ့ နေရာတွေမှာ နာတာ၊ ပူစပ်ပူလောင်ဖြစ်တာတွေက သင့်အနေနဲ့ လတ်တလော ဘာစားလိုက်သလဲဆိုတာနဲ့ အများကြီး ဆက်စပ်မှုရှိတတ်ပါတယ်။ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအသောက်စားတာ၊ အစားအသောက်တွေကို အလွန်အမင်းစားတာ၊ ဆေးလိပ်သောက်တာနဲ့ တချို ့ဆေးဝါးတွေကို သောက်သုံးတာတွေက အစာအိမ်အနာဖြစ်စေသလို သည်းခြေကျောက်တည်တတ်ပါတယ်၊ ရင်ပူဝေဒနာလည်း ဖြစ်တတ်ပါတယ်။ ဒါကြောင့် ဗိုက်အောင့်တဲ့ နေရာအမျိုးအစားကိုကြည့်ပြီး သင်ခံစားနေရတဲ့ ကျန်းမာရေးအခြေအနေကို သိရှိနိုင်ပါတယ်။

alignnone size-medium wp-image-60040
ဝမ်းဗိုက်အပေါ်ပိုင်း အလယ်နေရာအောင့်ခြင်း -လေထတာ ဖြစ်နိုင်ပါတယ်

ဝမ်းဗိုက်အပေါ်ပိုင်း အလယ်နေရာမှာ စူးခနဲအောင့်နေတာက လေထတာဖြစ်နိုင်ပါတယ်။ နာတာက လှိုင်းထသလို ခံစားရရင် အစာအိမ်ရောင်တာ ဖြစ်နိုင်ပါတယ်။ အစာအိမ်ထဲမှာ လှုပ်ရှားနေသလို ဖြစ်နေရင် လေထိုးနေတာ ဖြစ်နိုင်ပါတယ်။

ဘာကြောင့်ဖြစ်ရတာလဲ

အစာတွေကို မြန်မြန်စားပြီး ခပ်မြန်မြန်မျိုချတာကြောင့် လေထတတ်သလို အမြှုပ်ထအရည်၊ ဘီယာ၊ နို့နဲ့ နို့ထွက်ပစ္စည်း၊ ပဲအမျိုးမျိုး စားသောက်တာကြောင့်လည်း လေထတတ်ပါတယ်။

သက်သာအောင် ဘယ်လိုလုပ်နိုင်သလဲ – ဒီလိုမသက်မသာ အခြေအနေမဖြစ်စေဖို့ အပေါ်ကဖော်ပြထားတဲ့ အစားအသောက်တွေကို လျှော့စားရပါမယ်။

alignnone size-medium wp-image-60041
ဝမ်းဗိုက်အလယ်နှင့် ရင်ဘတ်အောက် နာကျင်ခြင်း-ရင်ပူတာဖြစ်နိုင်ပါတယ်

ဝမ်းဗိုက်အထက်နဲ့ ရင်ဘတ်နေရာအောက်မှာ ပူစပ်ပူလောင် ခံစားရတဲ့ နာကျင်မှုဖြစ်ပါတယ်။ လည်ချောင်းမှာလည်း ပူစပ်ပူလောင်ဖြစ်တတ်ပြီး လည်ချောင်းအထိ အက်စစ်အရသာ ခံစားရတတ်ပါတယ်။

ဘာကြောင့်ဖြစ်ရတာလဲ

ပူစပ်တဲ့အစားအသောက်၊ အဆီအအိမ့်စာတွေ၊ အရက်၊ ကြက်သွန်နီ၊ ချောကလက်၊ ချဉ်တဲ့သစ်သီး၊ ကော်ဖီ၊ ကော်ဖီတွေက ရင်ပူတတ်ပါတယ်။ ဆေးလိပ်သောက်ရင် ရင်ပူဝေဒနာ ပိုဆိုးတတ်ပါတယ်။

သက်သာအောင် ဘယ်လိုလုပ်နိုင်သလဲ – အစာကို အလွန်အကျွံမစားပါနဲ့။ တစ်နေ့တာအတွင်း အစာများများ ၂-၃ ကြိမ်စားမယ့်အစား အစာနည်းနည်းနဲ့ ၅-၆ ကြိမ်စားသင့်ပါတယ်။ အဝတ်အစားပွပွဝတ်ပြီး ဝမ်းဗိုက်ပေါ် ဖိအားမဖြစ်ပါစေနဲ့၊ ဆေးလိပ်လည်း ရှောင်သင့်ပါတယ်။

alignnone size-medium wp-image-60042
ဝမ်းဗိုက်အပေါ်ပိုင်း အလွန်အမင်းနာခြင်း-အစာအိမ်အနာဖြစ်ခြင်း

ဝမ်းဗိုက်အပေါ်ပိုင်းနဲ့ အစာအိမ်နေရာမှာ စူးရှတဲ့ နာကျင်မှုဖြစ်တာကို အစာအိမ်အနာလို့ ခေါ်ပါတယ်။ အကိုက်အခဲပျောက်ဆေးတွေကို များများသောက်တာကြောင့် အစာအိမ်အနာဖြစ်တတ်ပြီး တခြားတွေ့ရတဲ့ လက္ခဏာတွေကတော့ အစာစားချင်စိတ် အပြောင်းအလဲဖြစ်တာ၊ ပျို ့ချင်အန်ချင်စိတ်ပေါ်တာ၊ ဝမ်းအရောင်ရင့်တာ၊ ဝမ်းထဲသွေးပါတာ၊ အန်တာ၊ ရင်ဘတ်အောင့်တာနဲ့ အကြောင်းမရှိဘဲ ကိုယ်အလေးချိန်ကျတာတို့ ဖြစ်ပါတယ်။

ဘာကြောင့်ဖြစ်ရတာလဲ

အက်စ်ပရင်၊ အိုင်ဗျူပရိုဖန်နဲ့ တခြားအရောင်ကျဆေးတွေကို မကြာခဏသောက်တာ၊ ဆေးလိပ်သောက်တာ၊ အရက်ကို အလွန်အမင်းသောက်တာတွေကလည်း အစာအိမ်အနာ ဖြစ်စေနိုင်ပါတယ်။

သက်သာအောင် ဘယ်လိုလုပ်နိုင်သလဲ – အရက်သောက်တတ်သူတွေအနေနဲ့ အစာအိမ်အနာမဖြစ်အောင် တစ်နေ့မှာ အရက်နှစ်ခွက်ထက် ပိုမသောက်သင့်ပါ။ အကိုက်အခဲပျောက်ဆေးကို မသောက်သင့်ပါ။ အစာမစားခင် လက်ဆေးပါ။ ကောက်နှံတစ်ခုလုံးအစာ၊ သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်တို့ပါတဲ့ အစားအသောက်စားပြီး ဆေးလိပ်ဖြတ်ပါ။

alignnone size-medium wp-image-60043
ဗိုက်အောင့်ခြင်းနှင့် လေပွခြင်း-ဝမ်းချုပ်လိုက်၊ ဝမ်းလျှောလိုက် တလှည့်စီဖြစ်တတ်တဲ့ IBS ဖြစ်နိုင်ပါတယ်

အစာခြေစနစ်က ထိခိုက်လွယ်ရင် ဗိုက်အောင့်တာနဲ့ လေပွတာဖြစ်ပြီး ဒါက IBS ဝေဒနာကို ပိုဆိုးစေနိုင်ပါတယ်။

ဘာကြောင့်ဖြစ်ရတာလဲ

ဘာကြောင့်ဖြစ်မှန်း သေချာမသိသေးပါဘူး။ ဦးနှောက်နဲ့ အစာအိမ်အူလမ်းကြောင်းအကြား ဆက်သွယ်မှုမကောင်းတာကြောင့် ဖြစ်တတ်ပါတယ်။

သက်သာအောင် ဘယ်လိုလုပ်နိုင်သလဲ – စားတဲ့အစားအသောက်ကို စစ်ဆေးသင့်သလို ကိုယ်နဲ့မတည့်တဲ့ အစားအသောက်ကို လုံးဝဆင်ခြင်ရပါမယ်။
alignnone size-medium wp-image-60044
ဗိုက်အောင့်ခြင်းနှင့် ဝမ်းလျှောခြင်း-အစာအိမ်ပိုးဝင်ရောင်ရမ်းခြင်း

ဝမ်းဗိုက်မှာ စူးရှတဲ့ နာကျင်မှုခံစားရပြီး ဝမ်းအရည်သွားတာ၊ ပျို ့အန်တာ၊ ပျို ့ချင်အန်ချင်ဖြစ်တာ၊ ကြွက်သားနာကျင်ကိုက်ခဲတာ၊ ခေါင်းကိုက်တာနဲ့ အဖျားနည်းနည်းရှိတာတွေဖြစ်ရင် အစာအိမ်ရောင်ရမ်းတာ ဖြစ်နိုင်ပါတယ်။

ဘာကြောင့်ဖြစ်ရတာလဲ

မသန့်ရှင်းတဲ့ အစားအသောက်တွေ စားသောက်တာကြောင့် အစာအိမ်ရောင်ရမ်းတတ်ပါတယ်။

သက်သာအောင် ဘယ်လိုလုပ်နိုင်သလဲ – အစာမစားခင် လက်ဆေးပါ၊ သီးသန့်အသုံးအဆောင်တွေကိုပဲ သုံးပါ။

alignnone size-medium wp-image-60045
ဗိုက်အောင့်ခြင်းနှင့် အစာမကြေခြင်း-လက်တို့စ်နှင့် မတည့်ခြင်း

အစာအိမ်နာတာနဲ့ လေပွတာက လက်တို့စ်နဲ့ မတည့်တဲ့လက္ခဏာတချို့ပါ။ ဝမ်းလျှောတာ၊ လေထတာ၊ ဝမ်းချုပ်တာလည်း ဖြစ်တတ်ပါတယ်။ ခေါင်းကိုက်တာ၊ နုံးတာ၊ အာရုံမစိုက်နိုင်တာ၊ ကြွက်သားနာကျင်ကိုက်ခဲတာ၊ ဆီးမကြာခဏသွားတာလည်း ဖြစ်တတ်ပါတယ်။

ဘာကြောင့်ဖြစ်ရတာလဲ

လက်တေ့စ်အင်ဇိုင်းချို ့တဲ့တာကြောင့် ဖြစ်တတ်ပါတယ်။

သက်သာအောင် ဘယ်လိုလုပ်နိုင်သလဲ – လက်တို့စ်နဲ့ မတည့်ရင် နို့နဲ့ နို့ထွက်ပစ္စည်းတွေကိုရှောင်ပါ။ ပန်းဂေါ်ဖီစမ်း၊ ကိုက်လန်၊ တူနာ၊ ပဲနို့လိုအစာတွေကို ပိုစားပါ။

alignnone size-medium wp-image-60046
လေထခြင်း၊ နာတာရှည်ဝမ်းလျှောခြင်း၊ လေပွခြင်း-ဂလူတင်နဲ့မတည့်တာကြောင့် ဖြစ်နိုင်ပါတယ်

ဂလူတင်နဲ့ မတည့်တာကြောင့် ဝမ်းပျက်ဝမ်းလျှောတာ၊ ဝမ်းချုပ်တာ၊ ဝမ်းကအနံ့နံတာ၊ လေပွတာ၊ ဗိုက်အောင့်တာ၊ အရေပြားပြဿနာဖြစ်တာ၊ ဘာအကြောင်းကြောင့်မှန်းမသိဘဲ ကိုယ်အလေးချိန်ကျတာနဲ့ စိတ်ဓာတ်ကျတာတို့ ဖြစ်တတ်ပါတယ်။

ဘာကြောင့်ဖြစ်ရတာလဲ

ပေါင်မုန့်၊ ခေါက်ဆွဲလို အစာတွေက ဂလူတင်နဲ့ မတည့်သူတွေမှာ လေပွလေထတာ ဖြစ်တတ်ပါတယ်။

သက်သာအောင် ဘယ်လိုလုပ်နိုင်သလဲ – ဂလူတင်နဲ့ မတည့်တာကို ထိန်းချုပ်ဖို့ ဂျုံအခြေခံအစာတွေကို ရှောင်ရပါမယ်။

alignnone size-medium wp-image-60047
ဝမ်းဗိုက်အပေါ်ညာဘက်နှင့် ပခုံးအောက် အလွန်အမင်းအောင့်ခြင်း-သည်းခြေကျောက်ဖြစ်နိုင်ပါတယ်

အသည်းကနေ အူသိမ်ဆီ စီးဆင်းတဲ့ သည်းခြေရည်ပို့ဆောင်တဲ့ ပြွန်ပိတ်ဆို့ရောင်ရမ်းတတ်ပြီး ဗိုက်အပေါ်ပိုင်းညာဘက် ရုတ်တရက်နဲ့ အပြင်းအထန်နာတာ၊ ဖျားတာ၊ ချမ်းတုန်တာနဲ့ ပျို့အန်တာတို့ ဖြစ်တတ်ပါတယ်။

ဘာကြောင့်ဖြစ်ရတာလဲ

အဝလွန်တာ၊ အထိုင်များတာ၊ ကိုယ်ဝန်ရှိတာ၊ အဆီနဲ့ ကိုလက်စထရောများတဲ့ အစားအသောက်စားတာ၊ အမျှင်ဓာတ်ပါတဲ့ အစားအသောက်ကို အလုံအလောက်မစားတာ၊ ဆီးချိုရောဂါရှိတာ၊ ဟော်မုန်းဆေး၊ သန္ဓေတားဆေးမှီဝဲတာတွေကြောင့် ဖြစ်တတ်ပါတယ်။

သက်သာအောင် ဘယ်လိုလုပ်နိုင်သလဲ

သည်းခြေကျောက်မဖြစ်အောင် မနက်စာ၊ နေ့လယ်စာကို မစားဘဲမနေပါနဲ့၊ ကိုယ်အလေးချိန်ထိန်းပါ။ အဝလွန်တာ၊ ပိန်လွန်းတာက သည်းခြေကျောက်ဖြစ်နိုင်ခြေ တိုးစေပါတယ်။

alignnone size-medium wp-image-60048
ဝမ်းဗိုက်ညာအောက်ဘက်အောင့်ခြင်း-အူအတက်ရောင်တာ ဖြစ်နိုင်ပါတယ်

အူအတက်ရောင်တာက ချက်ချင်းကုရမယ့် အခြေအနေပါ။ ဝမ်းဗိုက်အပေါ်ပိုင်းကနေ ညာအောက်ပိုင်းအထိ စူးရှတဲ့ နာကျင်မှု ဖြစ်တတ်ပြီး ဝမ်းဗိုက်ရောင်တာ၊ အဖျားကြီးတာ၊ လေမလည်နိုင်တာတို့ ဖြစ်တတ်ပါတယ်။

ဘာကြောင့်ဖြစ်ရတာလဲ

အူအတက်အဝပိတ်တာကြောင့် ဖြစ်တတ်ပါတယ်။ အူလမ်းကြောင်း ကူးစက်ပိုးဝင်တာ၊ ကပ်ပါးပိုးဝင်တာနဲ့ တခြားအခြေအနေတွေကြောင့် ဖြစ်တတ်ပါတယ်။

သက်သာအောင် ဘယ်လိုလုပ်နိုင်သလဲ – အူအတက်မရောင်အောင် ကာကွယ်လို့တော့ မရပါဘူး။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်စားတာ၊ ဟင်းသီးဟင်းရွက် များများစားတာတို့ လုပ်ဆောင်ပါ။ အူအတက်ရောင်ရင် ဆရာဝန်ဆီ ချက်ချင်းသွားပြပါ။

သတိပြုရန်

အပေါ်ကဝေဒနာတွေကြောင့် မသက်မသာ ခံစားနေရရင် ဆရာဝန်နဲ့ ချက်ချင်းပြပါ။

Most Popular

Healthy Life Ad
To Top