Healthy Life Ad
Health Tips

ဆန်ဆေးရေက အလှအပအတွက် ထိရောက်မှုရှိရဲ့လား . . .

ငွေကြယ်စင်ယံ

ဆန်ဆေးရေက အာရှမှာ အထိရောက်ဆုံး အသားအရေထိန်းသိမ်းတဲ့ အရာဖြစ်ပြီး အသားအရေ အမျိုးအစား အားလုံးအတွက် ဈေးသက်သက်သာသာနဲ့ ထိရောက်မှုအရှိဆုံး အမျိုးအစား ဖြစ်ပါတယ်။ ဆန်ဆေးရေကို ဟိုးဆယ်စုနှစ်ကတည်းက အာရှမှာ အမျိုးသမီးတွေက ဆံပင်သားနဲ့ အသားအရေ လှပ ဖို့အတွက် သုံးခဲ့ကြပြီး အသားအရေအတွက် အကောင်းဆုံး ချွေးပေါက်ကျဉ်းဆေး ဖြစ်ပါတယ်။

ဆန်ဆေးရေရဖို့ ဆန်ကို ဆေးပြီးချိန်မှာ သိမ်းထားလိုက်ရုံပါပဲ။ အဲဒီဆန်ဆေးရေကို ပုလင်းတစ်လုံးထဲ ထည့်ပြီး ရေခဲသေတ္တာထဲ ထားရင် ရက်အနည်းငယ် အထားခံပါတယ်။ ဒါပေမဲ့ ၃-၄ ရက်ထက် ပို မထားသင့်ပါဘူး၊ အနံ့ဆိုး ထွက်တတ်လို့ပါ။

မနက်ခင်း ဒါမှမဟုတ်နေ့လယ်ခင်းမှာ မျက်နှာ ကို ဆန်ဆေးရေနဲ့ ပက်ဖျန်းပေးတာကြောင့် မျက်နှာ ကို ပေါင်းတင်လိုက်သလို တင်းရင်းသွားစေပါတယ်။

….* အသားအရေအတွက် ဆန်ဆေးရေ၏ အကျိုးပြုပုံ *….

ဆန်ဆေးရေက အရေပြား တင်းရင်းစေတဲ့ ကော်လာဂျင် ထုတ်လုပ်မှုကို အားကောင်းစေပါတယ်။

ဆန်ဆေးရေဟာ အသားအရေကို ပြန်လည် အားသစ်လောင်းသလို ဖြစ်စေပြီး အရေပြား ထိခိုက်မှုကို သက်သာလျော့ပါးစေပါတယ်။ ဆန်မှာ Oryzanol ဒြပ်ပေါင်း ပါဝင်တဲ့အတွက် အရေပြား ရောင်ခြယ် ပစ္စည်းတွေကို ပြန်လည် သစ်လွင်စေပြီး ခရမ်းလွန် ရောင်ခြည်ကြောင့် အရေပြား ထိခိုက်မှုကို တွန်းလှန် ပေးနိုင်ပါတယ်။

ဆန်မှာ ဗီတာမင်အီး ပါဝင်တဲ့အတွက် ဆန်ဆေး ရေနဲ့ မျက်နှာသစ်တာက အရေပြားကို အားဖြည့်ပေးပြီး နုပျိုကြည့်ကောင်းစေပါတယ်။

ဆန်မှာ ဖာရူလစ်အက်ဆစ် ပါဝင်တာကြောင့် အင်တီအောက်ဆီးဒင့်သဖွယ် အာနိသင်ရှိစေပြီး အသား အရေကို ဖရီးရယ်ဒီကယ်ကြောင့် ထိခိုက်မှုမဖြစ်အောင် ကာကွယ်ပေးပါတယ်။

ဆန်ဆေးရေကို ဝါဂွမ်းစ နှစ်ပြီး မျက်နှာနဲ့ လည်ပင်းကို စက်ဝိုင်းပုံစံ လှည့်လည်ပွတ်သပ်ပေးပါ။ ပြီးရင် ဆန်ဆေးရေနဲ့ပဲ ထပ်မံ ဆေးကြောပေးရမှာ ဖြစ်ပါတယ်။

ဆန်ဆေးရေကို အရေပြားပေါ်လိမ်းပြီး အချိန် ကြာကြာထားတာကြောင့် အမည်းစက်၊ နေလောင်လို့ ဖြစ်တဲ့ အစက်အပြောက်တွေကို ကင်းစင်လျော့ပါး သွားစေပါတယ်။ ဒါ့အပြင် ချွေးပေါက်အရွယ်အစား ကို ကျဉ်းသွားစေပြီး အသားအရေကို တင်းတင်းရင်းရင်း ဖြစ်စေပါတယ်။

ဆန်ဆေးရေမှာ အသားအရေ အကျိုးပြု ဗီတာမင်၊ သတ္တုဓာတ်၊ အထူးသဖြင့် အင်တီအောက်ဆီးဒင့် တွေ ပါဝင်တာကြောင့် အသားအရေကို ရောင်ရမ်းမှု ဟန့်တားပေးနိုင်တဲ့ အစွမ်းရှိပါတယ်။

ဆန်ဆေးရေက အသားအရေကို ချောမွေ့စေပြီး ချွေးပေါက်ကျဉ်းစေတဲ့ အစွမ်းရှိတဲ့အတွက် Toner အဖြစ် သုံးနိုင်ပါတယ်။ ဒါ့အပြင် ထမင်းရည် အငွေ့ ကို လှုံ့ပေးရင်လည်း ချွေးပေါက်ပွင့်ပြီး အညစ်အကြေးနဲ့ မသန့်စင်မှုတွေကို ဖယ်ရှားပေးနိုင်ပါတယ်။

Most Popular

Healthy Life Ad
To Top