Healthy Life Ad
Health Tips

ကျောက်ကပ်ကျန်းမာစေရန် စားသင့်သည့် အစာများ

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)
ကျောက်ကပ်နဲ့ ဆိုင်တဲ့ ရောဂါဝေဒနာတွေ ခံစားရပြီဆိုရင် ကျောက်ကပ်မြန်မြန် ကျန်းမာလာစေမယ့် သဘာဝအစာတွေကို ရွေးချယ်စားသုံးချင်စိတ် ဖြစ်ပေါ်လာမှာပါ။ အဲဒီအစာတွေမှာ အင်တီအောက်ဆီးဒင့်၊ ဗီတာမင်နဲ့သတ္တုဓာတ်တွေ များစွာ ပါဝင်တာကြောင့် ကျောက်ကပ်ကို ကျန်းမာစေပါတယ်။

(၁) ငရုတ်ပွသီး
ငရုတ်ပွသီးမှာ ပိုတက်ဆီယမ် ပါဝင်မှုနည်းပြီး ဗီတာမင်အေ၊ ဗီတာမင်စီ၊ ဗီတာမင် B6၊ ဖောလစ်အက်ဆစ်နဲ့ အမျှင်ဓာတ်တွေ ပါဝင်မှုများပါတယ်။ လိုင်ကိုပင်းဓာတ် ပါဝင်မှုများပြီး ကင်ဆာကို တွန်းလှန်ပေးပါတယ်။

(၂) ပန်းသီး
ပန်းသီးမှာ ရောင်ရမ်းမှု ကျစေတဲ့ အစွမ်းတွေ ပါဝင်မှုများပြီး အမျှင်ဓာတ်၊ ဗီတာမင်ဓာတ်တွေ ပါဝင်ပါတယ်။ ပန်းသီးစားတာကြောင့် သွေးတွင်း မကောင်းတဲ့ ကိုလက်စထရောအဆင့်ကို လျော့ကျစေပြီး ဝမ်းမချုပ်အောင် ကာကွယ်နိုင်ကာ ကျောက်ကပ်ကို ကျန်းမာစေပါတယ်။

(၃) ခရမ်ဘယ်ရီသီး
ခရမ်ဘယ်ရီသီးတွေမှာ ဆီးလမ်းကြောင်းပိုးဝင်မှုအတွက် သဘာဝကုထုံး ဖြစ်ပြီး ခရမ်ဘယ်ရီသီး ဖျော်ရည် သောက်တာကြောင့် ပိုးကင်းစင်ကာ ကင်ဆာမဖြစ်အောင် ကာကွယ်ပေးပါတယ်။

(၄) ငါး
တစ်ပတ်မှာ ငါးကို သုံးကြိမ်စားတာကြောင့် သွေးတွင်း ကိုလက်စထရောအဆင့်ကို လျော့ကျစေပြီး ခန္ဓာကိုယ်တွင်း ရောင်ရမ်းမှုကို လျော့ပါးစေပါ တယ်။ အိုမီဂါ ၃ ဖက်တီးအက်ဆစ်နဲ့ အင်တီအောက် ဆီးဒင့်များစွာပါဝင်တဲ့အတွက် ကင်ဆာကို တွန်းလှန် ပေးနိုင်ပါတယ်။

(၅) ကြက်ဥအကာ၊ ဘဲဥအကာ

ကြက်ဥအကာ၊ ဘဲဥအကာတွေမှာ ပရိုတင်း ဓာတ်ပါဝင်ပြီး ပိုတက်ဆီယမ်ပါဝင်မှုနည်းတာကြောင့် ကျောက်ကပ်ရောဂါရှိသူတွေနဲ့ သင့်တော်ပါ တယ်။ ကြက်ဥ၊ ဘဲဥကို ပြုတ်ပြီး အကာကို စားပေးပါ။
(Def;ID)

Most Popular

Healthy Life Ad
To Top