Healthy Life Ad
Health Tips

သားဦးမိခင်တို့အတွက် ထိပ်တန်းစူပါအစာများ

၊ ငွေကြယ်စင်ယံ ၊

ကိုယ်ဝန်ဆောင်ကလေးမွေးပြီးလို့ သားဦးမိခင် ဖြစ်လာချိန်မှာ ခန္ဓာကိုယ်ကို ကျန်းမာနေအောင် ထိန်းထားသင့်ပါတယ်။ သားဦးမိခင်တွေက ကျန်းမာနေမှ ကလေးထိန်းသိမ်းရာမှာ ဖြစ်ပေါ် ခံစားရတတ်တဲ့ စိတ်ဖိစီးမှုကို ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။ သားဦးမိခင်တွေအဖို့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေ စားပေးမှ မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်တွေရရှိပြီး ကလေးကို မိခင်နို့ချိုကောင်းကောင်း တိုက်ကျွေးနိုင်မှာပါ။

22
(၁) ဥအမျိုးမျိုး
ကြက်ဥ၊ ဘဲဥ စတဲ့ ဥအမျိုးမျိုးမှာ ပရိုတင်းဓာတ် အများအပြား ပါဝင်တဲ့အပြင် အမိုင်နိုအက်ဆစ် ကောင်းကောင်းပါရှိပါတယ်။ အဲဒီဓာတ်တွေက သင်နဲ့ သင့်ကလေးလိုအပ်ချက်တွေ ဖြည့်ဆီးဖို့သင့်တော်တဲ့ သက်လုံကို ပေးစွမ်းနိုင်ပါတယ်။ ကြက်ဥ/ဘဲဥအနှစ်မှာ ပါဝင်တဲ့ ဗီတာမင်ဒီက အရိုးကြီးထွားမှုအတွက် မရှိမဖြစ်အရေးကြီးပါတယ်။ ဥအမျိုးမျိုးမှာပါတဲ့ ကိုလင်းဓာတ်ဟာ ကလေးဦးနှောက် မှတ်သားနိုင်စွမ်း နဲ့ဆိုင်တဲ့စင်တာကို တည်ဆောက်ပေးပါတယ်။

33
(၂) ဂျုံမှုန့်အကြမ်းနှင့် လုပ်ထားသည့်မုန့်
ဂျုံမှုန့်အကြမ်းမှာ အမျှင်ဓာတ် ပါဝင်မှုမြင့်မားတာကြောင့် အစာကြေလွယ်ပါတယ်။ သားဦးမိခင်တွေမှာ ဝမ်းချုပ်တဲ့ ဝေဒနာဖြစ်လွယ်တဲ့အတွက် အမျှင်ဓာတ်ပါဝင်မှုများတဲ့ အစာကို စားပေးသင့်ပါတယ်။

44
(၃) ဆယ်လ်မွန်ငါး
ငါးသေတ္တာငါးဖြစ်တဲ့ ဆယ်လ်မွန်ငါးမှာ အိုမီဂါ ၃ ဖက်တီးအက်ဆစ်နဲ့ DHA လို ကောင်းတဲ့ ကို လက်စထရောပါဝင်မှုများပါတယ်။ DHA က ကလေးရဲ့ အာရုံကြောစနစ်ဖွံ့ဖြိုးမှုကို ကူညီပေးပါတယ်။

55
(၄) ဆန်လုံးညို
ဆန်လုံးညိုက သွေးတွင်းသကြားဓာတ်အဆင့်ကို ဟန်ချက်ညီစေပြီး တစ်နေ့လုံး စွမ်းအင်တိုးစေပါတယ်။

66
(၅) စတော်ဘယ်ရီသီး
စတော်ဘယ်ရီသီး၊ ဘလူးဘယ်ရီသီးစတာတွေမှာ အင်တီအောက်ဆီးဒင့် ပါဝင်မှုများတာကြောင့် သွေးကြောထဲက ဖရီးရယ်ဒီကယ်တွေကို တွန်းလှန်ပေးပါတယ်။ ဒါ့အပြင် ရောဂါဝေဒနာအမျိုးမျိုးကို တွန်းလှန်ပေးပါတယ်။

77
(၆) ဟင်းနုနယ်ရွက်
ဟင်းနုနယ်ရွက်မှာ ဗီတာမင်အေ ပါဝင်မှုများတဲ့အတွက် သင်နဲ့ သင့်ကလေးအတွက် သင့်တော်ပါတယ်။ မဂ္ဂနိစ်လည်းပါဝင်တာကြောင့် အရိုးနဲ့အရိုးနု ဖွံ့ဖြိုးစေပြီး ဗိုက်ခွဲမွေးထားတဲ့ မိခင်တွေအတွက် အ ထူးသင့်တော်ပါတယ်။

88
(၇) နွားနို့
မိခင်နို့ချို အထွက်များစေဖို့ သားဦးမိခင်တွေက နွားနို့များများ သောက်သင့်ပါတယ်။ နွားနို့မှာ ရေဓာတ်ပါဝင်မှုများတာကြောင့် ခန္ဓာကိုယ်ကို ရေဓာတ် ပြည့်ဝစေပါတယ်။

99
(၈) Almond သစ်စေ့
Almond သစ်စေ့မှာ အာဟာရဓာတ် အစုံအလင်ပါဝင်တဲ့အတွက် သင်နဲ့ သင့်ကလေး ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ Almond သစ်စေ့မှာ ပါတဲ့ ဖက်တီးအက်ဆစ်ဟာ မိခင်နို့ချိုအထွက် တိုးစေပါတယ်။

100
(၉) စမုန်စပါး
စမုန်စပါးမှာ ပါဝင်တဲ့ အာဟာရဓာတ်တွေက အစာကြေညက်စေပြီး မိခင်နို့ချိုတိုက်ကျွေးရာမှာ ကူညီပေးပါတယ်။ ကလေးတွေမှာဖြစ်တတ်တဲ့ ဗိုက်အောင့်ဝေဒနာကိုလည်း သက်သာစေပါတယ်။

(Ref; HD)

Most Popular

Healthy Life Ad
To Top