Healthy Life Ad
Q & A

အခန်းတံခါးပိတ်ပြီး ခြင်ဆေးခွေထွန်းရင် ဘယ်လိုဆိုးကျိုးရှိသလဲ . .

မေး။ ခြင်ဝင်မှာစိုးရိမ်လို့ရှိသမျှ အခန်းတံခါးတွေ အလုံပိတ်ပြီး ခြင်ဆေးခွေထွန်းထားရင် ကိုယ်ဝန်ဆောင်အနေနဲ့ ခြင်ဆေးခွေအငွေ့နဲ့ ပတ်သက်ပြီး ဘယ်လိုမျိုးဆိုးကျိုးတွေရှိသလဲ၊ မွေးကင်းစကလေးလေးတွေ အတွက်ကော ဘယ်လိုမျိုး ကျန်းမာရေးပြဿနာတွေရှိလဲ၊ လူကြီးတွေမှာရော ခြင်ဆေးခွေအနံ့ကို နေ့စဉ်ရှူရှိုက်မိရင် ဘယ်လိုမျိုးကျန်းမာရေး ပြဿနာတွေ တွေ့နိုင်သလဲဆိုတာ သိချင်လို့ပါ။
ဟေမန်၊ ဒေါပုံ။

ဒေါက်တာမြတ်ထွဋ်ညွန်မှ ဖြေကြားပေးပါသည်။

ဖြေ။ ခြင်ကိုက်တာကို ကာကွယ်တဲ့အနေနဲ့ နည်းလမ်းပေါင်းစုံ သုံးကြတဲ့အထဲမှာ ခြင်ဆေးခွေ သုံးတာလည်းပါပါတယ်။ သုတေသနတွေအရ ခြင်ဆေးခွေ တစ်ခွေကနေထွက်တဲ့ အမှုန်အမွှားအခိုးအငွေ့တွေဟာ ဆေးလိပ် ၇၅ လိပ်ကနေ ၁၃၇ လိပ်လောက်က နေထွက်တာနဲ့ ညီမျှတယ်လို့ ဆိုပါတယ်။ ဖော်မယ်ဒီဟိုက်ဓာတ်တစ်မျိုးတည်းကတောင် ဆေးလိပ် ၅၁ လိပ်လောင်ကျွမ်းရာကနေ ထွက်တာနဲ့ ညီပါတယ်၊။

ခြင်ဆေးခွေကထွက်တဲ့ အခိုးအငွေ့တွေကို ရှူရှိုက်မိတာများရင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေကိုဖြစ်စေနိုင်ပါတယ်။ ဒီရောဂါတွေထဲမှာ လေပြွန်ရောင်ရမ်းတာ၊ ချောင်းဆိုးတာ၊ အသက်ရှူကျပ်တာ၊ အဆုတ်ရောင်/အဆုတ်ပွတာတွေအပြင် ကင်ဆာကိုပါဖြစ်စေနိုင်ပါတယ်။ ဒီလိုဆိုးကျိုးတွေဟာ ကလေးလူကြီးမရွေး ဖြစ်နိုင်ပြီး နုနယ်တဲ့ကလေးတွေမှာ ပိုဆိုးရွားစေနိုင်ပါတယ်။

တခြား ခြင်ကိုက်သက်သာမယ့်နည်း – ဥပမာ ဆေးစိမ်ခြင်ထောင် သုံးတာမျိုး လုပ်သင့်ပါတယ်။ လှောင်ပိတ်တဲ့အခန်းမျိုးမှာ ဆေးလိပ်သောက်တာ၊ ခြင်ဆေးခွေ ထွန်းတာမျိုးကို မလုပ်သင့်ပါဘူး။ မဖြစ်မနေ ခြင်ကိုက်လွန်းလို့ ခဏတဖြုတ်ခြင်ဆေးခွေ သုံးမယ်ဆိုရင်တောင် လေဝင်လေထွက်ကောင်းကောင်းရတဲ့ နေရာမျိုးမှာသာ သတိထားသုံးစွဲသင့်ပါတယ်။

Most Popular

Healthy Life Ad
To Top