Healthy Life Ad
Health Tips

ဖရီးရယ်ဒီကယ်တွေက ဘယ်လို ထွက်လာသလဲ

ဖရီးရယ်ဒီကယ်တွေက ခန္ဓာကိုယ်ထဲမှာ အမျိုးမျိုးသော ဇီဝရုပ်ဖြစ်ပျက်မှုကတစ်ဆင့် ထွက်လာပါတယ်။ ခန္ဓာကိုယ်က ပတ်ဝန်းကျင်မှာရှိတဲ့ ညစ်ညမ်းမှုတွေနဲ့ ထိတွေ့တဲ့အခါမှာ ဖရီးရယ်ဒီကယ် အထွက်များတတ်ပါတယ်။ ဖရီးရယ်ဒီကယ်ထွက်စေတဲ့ ပတ်ဝန်းကျင် အခြေအနေတွေကတော့-

– နေရောင်ခြည်၊

– ကားမီးခိုး၊

– စီးကရက်/ဆေးလိပ်မီးခိုး၊

– အရက်သောက်ခြင်း၊

– စိတ်ဖိစီးမှုများခြင်း၊

– ပြဒါး၊ ခဲ စတဲ့ အပြင်းစား သတ္တုတွေနဲ့ ထိတွေ့မှုများခြင်း စတာတွေဖြစ်ကြပါတယ်။

ဒီဖရီးရယ်ဒီကယ်တွေကို ပြန်လည်ချေဖျက်နိုင်ဖို့ အင်တီအောက်ဆီးဒင့်တွေ လိုအပ်ပါတယ်။ အင်တီအောက်ဆီးဒင့်ရရှိစေဖို့ လတ်ဆတ်တဲ့ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေကို များများမှီဝဲသင့်ပါတယ်။

Most Popular

Healthy Life Ad
To Top