Healthy Life Ad
Child

သုံးလ မပြည့်သေးတဲ့ကလေး ထိုင်ပဲ ထိုင်ချင်နေတယ် . .

မေး။ ။ ကျွန်တော့်ကလေးက အခုမှ သုံးလပြည့်ဖို့ ငါးရက်လိုသေးတယ်။ ထိုင်ပဲထိုင်ချင်တယ်။ လှဲထားလို့ကို မရဘူး။ သူများက ခါးကုန်းလိမ့်မယ်လို့ ပြောကြတော့ ခက်နေတယ်။ လှဲထားလို့ မရဘူး။ လှဲထားရင် အော်တော့တာပဲ။ ပြဿနာရှိပါသလား။

ကိုကိုထွေး (FB)

ဒေါက်တာမြတ်ထွဋ်ညွှန့်မှ ဖြေကြားပေးပါသည်။

ဖြေ။ ။ ကလေးသုံးလအရွယ်မှာ ဝမ်းလျားမှောက်လျက်က အသံကြားရာ လှည့်ကြည့်တာ၊ ခေါင်းပိုင်းစထူထောင် လာနိုင်တာ၊ အမှီပေးထားရင် စထိုင်တတ်လာတာ၊ အသံပေးလိုက်ရင် အသံလာရာ လိုက်ကြည့်တာ တွေရှိလာရင် ပုံမှန်ဖွံ့ဖြိုးမှုရှိတယ်လို့ ဆိုနိုင်ပါတယ်။ထိုင်ပဲ ထိုင်နေတယ်ဆိုတာ တစ်ခုခုကိုမှီပြီး ထိုင်တာမျိုးလို့ ထင်ပါတယ်။ ခဏတဖြုတ်နိုးနေချိန်မှာ ထိုင်တတ်ခါစ ထိုင်နေချင်တာ ဖြစ်ဖို့များပါတယ်။ ပုံမှန် အိပ်နိုင်တယ်၊ နို့စို့နိုင်တယ်ဆိုရင်တော့ နိုးနေချိန်မှာ ထိုင်ချင်နေတာဟာ ပြဿနာလို့ မယူဆစေလိုပါဘူး။

Most Popular

Healthy Life Ad
To Top