Healthy Life Ad
Life Style

လုပ်ငန်းသေးတစ်ခု စတင်လုပ်မည့်သူတို့အတွက် အောင်မြင်ရေး သင်ခန်းစာ လေးရပ်

ငွေကြယ်စင်ယံ

သေးငယ်တဲ့ စီးပွားရေးလုပ်ငန်းလေးနဲ့ စတင်ခဲ့တဲ့ သူတွေဟာ ကြီးကျယ်လှတဲ့ စိတ်ကူးစိတ်သန်း တွေကြောင့် အောင်မြင်မှုကြီးရရှိခဲ့တာ ဖြစ်ပါတယ်။

သင်ခန်းစာ (၁) ယုံကြည်သော အရာကို စတင်တည်ဆောက်ပါ

လုပ်ငန်းတစ်ခုကို စတင်ချိန်မှာ ကုန်ကျစရိတ်က ကြီးမားသလိုဖြန့်ချိတဲ့အခါမှာလည်း ဆိုးဆိုးဝါးဝါး ခံစားရစေပါတယ်။ ကုန်ပစ္စည်းတစ်ခုကို စတင်ဖြန့်ချိချိန်မှာ ဝယ်ယူသူတွေက သင်ရဲ့ အားနည်းချက်ကို အရင်ဆုံး ရှာဖွေနေတာ ဖြစ်ပါတယ်။ တစ်ခုခုအတွက် အားစိုက်ရပ်တည်လေလေ၊ မေးခွန်းတွေ အ မေးခံရလေလေဖြစ်ပြီး အဲဒီဒဏ်ကိုလည်း ခံနိုင်ရည်ရှိဖို့  လိုအပ်ပါတယ်။

အရင်ဆုံး သင်သိထားသင့်တာက ဈေးဝယ်တဲ့ သူတွေက သင်ရဲ့ကုန်ပစ္စည်းအမှတ်တံဆိပ်နဲ့ ခိုင်မာတဲ့ ဆက်ဆံရေးရှိချင်တယ်ဆိုရင် သူတိုရဲ့ ယုံကြည်မှုကို အရင်ဆုံးရယူနိုင်ဖို့ လိုပါတယ်။ ကုန်ပစ္စည်းတစ်ခုကို ဈေးကွက်ထဲ တင်ပို့တဲ့အခါ တန်ဖိုးအသစ်တွေကို ချပြနိုင်ဖို့ လိုအပ်ပါတယ်။

သင်ခန်းစာ (၂) အောင်မြင်ပြီးမြောက်လိုသော အ ရာကို ကြိုတင်စဉ်းစားခြင်း

သင့်ကုန်ပစ္စည်းအမှတ်တံဆိပ်ကို ဈေးကွက်ထဲ စတင်မိတ်ဆက်မယ်ဆိုရင် တစ် နှစ်လောက်ကြိုပြီး ဈေးကွက်ထဲ တင်ပို့ထားပါ။ အမှတ်တံဆိပ်တစ်ခု အောင်မြင်ဖို့ ကုမ္ပဏီနဲ့ ချိတ်ဆက်ထားစရာ မလိုပါဘူး။ အောင်မြင်မှုအတွက် အသေးစိတ်အချက်အလက်တွေကို အရင်ဆုံး ရေးဆွဲပြီး အောင်မြင်ပြီး မြောက်လိုတဲ့အရာကို ကြိုတင်စဉ်းစားကာအကောင် အထည်ဖော်သင့်ပါတယ်။

သင်ခန်းစာ (၃) အရသာအတွက် ပြင်ဆင်ခြင်း

ပတ်ဝန်းကျင်ကျန်းမာရေးနဲ့ ညီအောင် လုပ် ဆောင်ထားပါတယ်ဆိုတဲ့ အိမ်သာသုံး စက္ကူက သင့်ကို ရှစေတယ်ဆိုရင် ဘယ်လောက်ပဲ ပတ်ဝန်းကျင်အတွက် ကောင်းကောင်းသုံးမှာ မဟုတ်ပါဘူး။ အလားတူပါပဲ .. လက်ဖက်ရည်က ရေလိုပဲ အရသာမရှိဘူးဆိုရင် ဘယ်လောက်ပဲ ကျန်းမာရေးနဲ့ ညီညီ ဝယ်ယူသုံးစွဲကြမှာ မဟုတ်ပါဘူး။ အရသာလည်း ကောင်းပြီး ကျန်းမာရေးနဲ့ ညီညွတ်တယ်ဆိုမှသာ သုံးစွဲကြမှာပါ။

သင်ခန်းစာ (၄) အစပိုင်းတွင် ကိုယ်စားလှယ် မထားခြင်း

စီးပွားရေးလုပ်ငန်းတစ်ခုကို ထိန်းချုပ်နိုင်ဖို့ အကောင်းဆုံးနည်းက အရာရာတိုင်းကို အခြေခံကစပြီး သိနားလည်အောင် သင်ယူလေ့လာဖို့ ဖြစ်ပါတယ်။ လုပ်ငန်းအစပိုင်းမှာ ကိုယ်စားလှယ်မရှိတဲ့အတွက် ပင်ပန်းချင် ပင်ပန်းနေနိုင်ပေမယ့် စိတ်မပူပါနဲ့။ အားလုံးသိနားလည်သွားတဲ့အခါ ဝန်ထမ်းတွေကို ဘယ်လိုစီမံခန့်ခွဲ အုပ်ချုပ်ရမယ်ဆိုတာ သင်ကောင်းကောင်း နားလည်သွားပါလိမ့်မယ်။ ကိုယ်တိုင်က လက်တွေ့လုပ်ဆောင်ဖူးတဲ့သူဖြစ်တာကြောင့် လူ့တန်ဖိုးကို သိနားလည်ပြီး နှလုံးသားနဲ့ရော၊ ဦးနှောက်နဲ့ပါ ညွှန်ကြားနိုင်ပါလိ့မ်မယ်။ ဒါကလုပ်ငန်းတစ်ခု အောင်မြင်မှုအတွက် ကြီးမားတဲ့အထောက်အပံ့ပါပဲ။

Most Popular

Healthy Life Ad
To Top