Healthy Life Ad
Health Tips

ခြင်ပေါက်ပွားမှု မဖြစ်အောင်

ဘုရားပန်းအိုး၊ မိုးရေခံထားတဲ့ ခွက်နဲ့ ရေဝပ်နေတဲ့ နေရာတွေကို ဖုံး၊ သွန်၊ လဲ၊ စစ် စတဲ့ နည်းလမ်းတွေအတိုင်း လုပ်ဆောင်ပေးတာကြောင့် ခြင်ပေါက်ပွားမှု မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။

– ရေဝင်နိုင်တဲ့ အပေါက်တွေကို ဖုံးအုပ်ပေးပါ။

– ရေအိုးစင်အောက်က ရေခံခွက်ကို အမြဲသွန်ပေးပါ။

– ရေတွေထည့်ထားတဲ့ ဘုရားပန်းအိုး၊ အိုးခွက်ပန်းကန်နဲ့ ကြောင်အိမ်အောက်က ရေခံခွက်တွေကို အနည်းဆုံး တစ်ပတ်တစ်ခါ ရေလဲပေးပါ။ ပိုးလောက်လန်းမပေါက်အောင် ဆားထည့်ပါ။

– ခြင်ပေါက်ပွားနေတဲ့ ရေကို စစ်ထုတ်ပါ။

– တိရစ္ဆာန်လေးတွေ သောက်ဖို့ထည့်ထားတဲ့ ခွက်တွေထဲက ရေကို နေ့စဉ် ပုံမှန်လဲပေးပါ။

– မိုးရေခံထားတဲ့ ခွက်တွေကို အမြဲသန့်ရှင်းအောင်ထားပါ။

Most Popular

Healthy Life Ad
To Top