Healthy Life Ad
International

မဖွံ့ဖြိုးသေးသည့် ဦးခေါင်း၊ မီးသီးလုံးလောက်မျက်လုံးများနှင့် ကလေးငယ်အိန္ဒိယနိုင်ငံတွင်မွေးဖွား

၊ မိုးမင်းထွန်း ၊

ဦးခေါင်းမပါ၊ ပြူးထွက်နေတဲ့မျက်လုံးတွေနဲ့ မိန်းကလေးငယ်တစ်ယောက်ကို အိန္ဒိယနိုင်ငံမှာ မွေးဖွားခဲ့ပါတယ်။ အိန္ဒိယနိုင်ငံမြောက်ပိုင်း၊ အက်တာပရာဒက်ရှ်မှ အသက် ၃၂နှစ်အရွယ် ဆာဗီတာရာနီဟာ အံ့သြစရာကလေးငယ်တစ်ယောက်ကို လွန်ခဲ့တဲ့အင်္ဂါနေ့က သဘာဝအတိုင်းမွေးဖွားခဲ့ပါတယ်။

မွေးဖွားအပြီးမှာ ကလေးငယ်ရဲ့ပုံသဏ္ဍာန်ကြောင့် မြို့ပေါ်မှာချက်ချင်းနာမည်ကြီးသွားပြီး မွေးဖွားရာဆေးရုံရှေ့မှာ ကလေးကိုကြည့်ရှူဖို့ လူတွေလာရောက် စုရုံးခဲ့ကြပါတယ်။ ဒါပေမဲ့ကလေးငယ်ဟာ မွေးဖွားပြီး ၂ရက်အကြာမှာ နှလုံးရောဂါကြောင့် စိတ်မကောင်းစရာ သေဆုံးသွားခဲ့ပါတယ်။

ဆေးရုံမှ မီးယပ်အထူးကုဆရာဝန် ဒေါက်တာကူစန်းလာတာက ဒီလိုရောဂါဟာ ကိုယ်ဝန်ဆောင်နေစဉ်အတွင်း မိခင်ရဲ့မမှန်ကန်တဲ့ စားသောက်မှုအလေ့အကျင့်ကြောင့်ဖြစ်ရတာလို့ ပြောပါတယ်။ ဒါကြောင့် ဆရာဝန်တွေက ကိုယ်ဝန်ဆောင်မိခင်တွေကို ပုံမှန်စစ်ဆေးမှုတွေပြုလုပ်ပြီး ဒီလိုပုံမမှန် မွေးဖွားမှုတွေမဖြစ်ပေါ်အောင် လမ်းညွှန်မှုတွေပေးရတာလို့လည်း ဆိုပါတယ်။

ကလေးဟာ ဦးခေါင်းပုံမှန်ဖွံ့ဖြိုးမှုမရှိဘဲ မျက်လုံးကြီးမားလွန်းတာကြောင့် မျက်လုံးပွင့်လျက်မွေးဖွားလာခဲ့တယ်လို့သိရပါတယ်။ သာမန်ကလေးတွေလိုငိုယိုတာ၊ လှုပ်ရှားတာတို့လို ပုံမှန်အပြုအမူတွေကို လုပ်ဆောင်နိုင်မှုမရှိခဲ့ပါဘူး။

ကလေးရဲ့ဦးနှောက်ဟာ ကောင်းစွာဖွံ့ဖြိုးမှုမရှိဘဲ အသက်ရှင်လျက်မွေးဖွားလာခဲ့တာဟာ အံ့သြစရာပဲလို့လည်း ဒေါက်တာကဆက်ပြောပါတယ်။ ကျန်းမာတဲ့ ကလေးသုံးယောက်မိခင်ရာနီဟာ မွေးဖွားစဉ်အတွင်း ခက်ခဲမှုတွေကြုံတွေ့ခဲ့ရပြီး အရည်၊ သွေးတို့ဆုံးရှုံးမှုများစွာ ဖြစ်ပေါ်ခဲ့ပါတယ်။မိခင်ဟာ အခုဆေးရုံမှဆင်းသွားခဲ့ပြီဖြစ်ပြီး သူရဲ့ဆုံးရှုံးမှုကို ဖြေသိမ့်ဖို့ကြိုးစားနေတယ်လို့ သိရပါတယ်။

Most Popular

Healthy Life Ad
To Top