Healthy Life Ad
Life Style

ခိုင်သဇင်ယုဝါ၏ ကျန်းမာလှပလူမှုဘဝ

p4

လတ်တလော အနုပညာလှုပ်ရှားမှု

ယုဝါအခုလတ်တလော ဖိုတိုကာဗာတွေ ရိုက်ဖြစ်နေပါတယ်။ အခုရက်ပိုင်းမှာ အနုပညာရှင် ၃ – ၄ ယောက်နဲ့အတူ မြောက်ဥက္ကလာဘက်မှာ စတုဒီသာကျွေးပေးမယ့် အလှူလေးတစ်ခုလုပ်ဖို့ရှိပါတယ်၊ လကုန်လောက်မှာလည်း ဟဲလိုလေဒီပရိုဂရမ်အတွက် ပြင်ဆင်နေပါတယ်။ ယုဝါရဲ့ဆိုင်အတွက် မိတ်ကပ်သင်တန်းလည်း ဖွင့်ဖို့ရှိပါတယ်။ မဖွင့်ခင်မိတ်ကပ်သင်တန်း အရင်တက်ဖို့ရှိပါတယ်။ အခုချိန်မှာ ကားရိုက်တွေထက် စီးပွားရေးကိုပဲပိုပြီး ဦးစားပေးဖြစ်နေပါတယ်။

တစ်နေ့တာ အသားအရေထိန်းသိမ်းမှုပုံစံ..

လိုးရှင်းကတော့ ပုံမှန်လိမ်းဖြစ်ပါတယ်။ အခုဆောင်းတွင်းမှာလည်း ယုဝါအသားအရေကအရမ်းခြောက်ပြီး အသားပပ်တာမျိုးရှိတဲ့အတွက် အလှဆီကိုပုံမှန် မနက် – ညလိမ်းဖြစ်ပါတယ်။ နောက်ပြီးယုဝါက Nivea စနိုးကို အမြဲလိမ်းပါတယ်။

အသားအရေလှဖို့အတွက် အသီးအရွက်များများစားဖြစ် . . .

ယုဝါက အသီးအရွက်များများစားတယ်။ ပြီးတော့ ကြိုက်တာလည်းပါတာပေါ့။ ခရမ်းချဉ်သီး၊ သခွားသီးတို့ အစားများတယ်။ နောက်ပြီးသစ်သီးဖျော်ရည် သောက်ဖြစ်ပါတယ်။ အိမ်မှာချက်စားရင်လည်း ဟင်းသီးဟင်းရွက်စားဖြစ်တယ်။ နောက်တစ်ခုက ရေများများသောက်ပါတယ်။

p3

ယုဝါသုံးနေကျ မိတ်ကပ်အမျိုးအစား

ယုဝါကမိတ်ကပ်ကို Loreal သုံးတယ်။ Nivea သုံးတယ်။ တစ်ခါတလေ Revlon သုံးဖြစ်ပါတယ်။ ယုဝါက မိတ်ကပ်တွေအများကြီး ပြောင်းသုံးလေ့မရှိပါဘူး။ ယုဝါအသားအရေနဲ့အသုံးတည့်တဲ့ မိတ်ကပ်တွေပဲသုံးဖြစ်ပါတယ်။ ခဏခဏပြောင်းသုံးရင် မျက်နှာအသားအရေ ပျက်စီးတာမျိုးရှိတဲ့အတွက်ကြောင့်ပါ။

ခရီးသွားရင်အဓိက ဝမ်းပိတ်ဆေးယူဆောင်သွားဖြစ် . .

ယုဝါခရီးသွားရင် အဓိကဝမ်းပိတ်ဆေးဆောင်သွားတယ်။ ယုဝါက အစားအသောက်အရမ်းစားတယ်။ အစားမှားရင် ဝမ်းလျှောတတ်တယ်၊ ပြီးတော့ ယုဝါသောက်နေကျ အားဆေးအမြဲတမ်းပါတယ်။ ယုဝါကလေးဘက်နာဖြစ်တတ်တဲ့အတွက် အကိုက်အခဲပျောက်ဆေးတွေ ယူသွားပါတယ်၊ ရာသီဥတုအေးရင် ကိုက်ခဲတာမျိုးရှိတတ်တဲ့အတွက်ကြောင့်ပါ။

အူအတက်ပေါက်ဖူး . . .

အရင်တုန်းကလည်း အစားအသောက်ကြောင့် အူအတက်ပေါက်လို့ ဆေးရုံတက်ခဲ့ရတယ်။ အခုချိန်မှာလည်းအတတ်နိုင်ဆုံး အစားအသောက်ကိုပဲ ဆင်ခြင်ဖြစ်နေပါတယ်။

ယုဝါရဲ့ ကျန်းမာရေးစောင့်ရှောက်မှုပုံစံ

ယုဝါက ကျန်းမာရေးဗဟုသုတစာအုပ်တွေဖတ်တယ်။ အဓိက အစား အသောက်နဲ့ပတ်သက်ပြီး ဂရုစိုက်စောင့်ရှောက်ဖြစ်တယ်၊ ကျန်းမာရေး စစ် ဆေးမှုကိုလည်း အတတ်နိုင်ဆုံးလုပ်ဖြစ်ပါတယ်၊ ယုဝါ ကျန်းမာရေးမကောင်း တာက အစားအသောက်ကြောင့်ပဲ ဖြစ်တာများတဲ့အတွက် ဂရုစိုက်နေရပါတယ်။ အားကစားအနေနဲ့ကတော့ လမ်းလျှောက်တယ်၊ ခုန်တယ်၊ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းကို အိမ်မှာပဲ လုပ်ဖြစ်ပါတယ်။

p1

စိတ်ဖိစီးမှုဖြစ်ရင် တစ်ယောက်တည်းနေဖြစ်…

ယုဝါကစိတ်ဖိစီးမှုဖြစ်လာရင် တစ်ယောက်တည်းနေတတ်တဲ့ အကျင့်ရှိတယ်။ ကိုယ့်အပူကို ဘယ်သူမှမပြောပြချင်ဘူး။ မိသားစုကိစ္စဖြစ်ဖြစ်၊ အပြင်ကကိစ္စဖြစ်ဖြစ် တစ်ယောက်တည်းစဉ်းစားပြီး အေးအေးဆေးဆေး ဆုံးဖြတ်လေ့ရှိပါတယ်။ ကိုယ်ဖြစ်တဲ့စိတ်ဖိစီးမှုကို တခြားသူကိုရင်ဖွင့်ပြောပြတာ ပိုကောင်းတယ်လို့ ယုဝါချစ်သူကတော့ပြောတယ်။ ယုဝါအကျင့်က ဘယ်သူကိုမှအပူမပေးချင်တဲ့အတွက်ကြောင့် တစ်ယောက်တည်းအေးဆေးနေရတာကို ပိုလွတ်လပ်တယ်လို့ ခံစားရတယ်။

ကောလဟလတွေ၊ အတိုက်အခိုက်တွေရှိလာရင် ပိုကြိုးစားဖြစ်..

ယုဝကိုယ်တိုင် ကောလဟလကိုကြုံဖူးပါတယ်၊ အတိုက်အခိုက်ပြောဆို ခံရဖူးတယ်။ နောက်ပြီး ယုဝါကပွင့်လင်းတယ်၊ ကြိုက်ရင်ကြိုက်တယ်ပြောတယ်၊ ဘယ်သူ့ကိုမှလည်း နစ်နာအောင်မလုပ်ခဲ့ဖူးဘူး၊ အဓိက မှန်မှန်ကန်ကန်ဖြစ်အောင်နေတယ်၊ တစ်ဖက်လူကိုလည်း မကောင်းမကြံခဲ့ဖူးဘူး။

ယုဝါက တန်ပြန်သက်ရောက်မှုအကျိုးကို လက်ခံတယ်၊ ကိုယ်ကောင်းတာလုပ်တဲ့အတွက် ကိုယ့်ဆီကိုကောင်းတဲ့တန်ပြန်သက်ရောက်မှု ပြန်ရောက်လာတတ်တယ်။ ဖြစ်ခဲ့တဲ့ပြဿနာတွေ၊ ကောလဟလသတင်းတွေကို ဗွေမယူဘူး။ ပြီးတော့ယုဝါကို ဘယ်လောက်ပဲမုန်းတီးနေပါစေ၊ မေတ္တာပဲထားတယ်၊

ယုဝါကိုအခုလို ကောလဟလတွေ၊ အတိုက်အခိုက်တွေရှိလာတဲ့အတွက် ယုဝါပိုကြိုးစားချင်တဲ့စိတ်ဖြစ်လာလို့ ကျေးဇူးတင်ပါတယ်။

အားလပ်ချိန်ကို ချစ်သူနဲ့ကုန်ဆုံးတာများ

ယုဝါရဲ့တစ်နေတာအားလပ်ချိန်ကို ယုဝါရဲ့ချစ်သူနဲ့ပဲ ကုန်ဆုံးတာများပါတယ်။ တစ်ခါတလေ သူငယ်ချင်းတွေနဲ့လည်း အချိန်ကုန်တာမျိုးရှိပါတယ်။

p2

ပရိသတ်တွေပေးချင်တဲ့ ကျန်းမာရေး အကြံဉာဏ်

ယုဝါပြောချင်တာကတော့ အစားအသောက်ကို ဂရုစိုက်ကြပါ၊ လူတစ်ယောက်ကျန်းမာရေးမကောင်းဖြစ်ရင် အစားအသောက်မဆင်ခြင်လို့ ဖြစ်တာများတဲ့အတွက် ဂရုစိုက်စေချင်ပါတယ်။

Most Popular

Healthy Life Ad
To Top