Healthy Life Ad
Health Tips

ပျိုမေတိုင်း သိသင့်သော လက်သည်း ထိန်းသိမ်းနည်း

လရိပ်မေ

လက်သည်းတွေ မထိခိုက်စေဖို့နဲ့ လက်သည်းတွေ ကျန်းမာသန်စွမ်းနေစေဖို့ အမျိုးသမီးတိုင်း သိထားသင့်တဲ့ နည်းလမ်းတွေ ရှိပါတယ်။

* လက်သည်းပန်းကုံး တစ်လျှောက်ကို ဆီလိမ်းပါ။ ဒါမှသာ လက်သည်းနီ စွန်းပေမှု မဖြစ်မှာပါ။

* လက်သည်းဆိုးဆေးပေါ် ထပ်ပြီး မဆိုးပါနဲ့။ လက်သည်းဆိုးဆေးပေါ် ထပ်ပြီး ဆိုးမိလို့ အဖုအထစ်တွေ ဖြစ်သွားရင်၊ မညီညာတာတွေ ဖြစ်သွားရင် အပြောင်အလက်ပါတဲ့ လက်သည်းဆိုးဆေးကို ထပ်တင်လိုက်ပါ။

* လက်သည်းကို ရေခဲရေထဲ စိမ်ထားလိုက်ရင် လက်သည်းနီ မြန်မြန်ခြောက်သွားစေပါတယ်။

* လက်သည်းဆိုးတဲ့အခါ နှစ်ထပ်ဆိုးပါ။ အရင်ဆုံး လက်သည်းဆိုးဆေးဆိုးပြီး သုံးစက္ကန့်ကြာ စောင့်ပါ။ ပြီးမှအပေါ်ကနေ လက်သည်းကို အကြည်ရောင် ဆိုးကာ အရောင်တင်ပါ။

* လက်သည်းစတစ်ကာ ကပ်တဲ့အခါ အလွယ်တကူ ကွာမကျစေဖို့ လက်သည်းနီ အကြည်ရောင်ကို အပေါ်က ထပ်ဆိုးပေးပါ။

* အပြောင်အလက်ပါတဲ့ လက်သည်းဆိုးဆေးက ဖယ်ရခက်ပါတယ်။ ဝါဂွမ်းနဲ့ မဖယ်ဘဲ သက္ကလတ်စအဝတ်နဲ့ ဖယ်ပါ။

* လက်သည်းကို ကျောက်မှုန်လေးတွေ ကပ်ပြီး အလှဆင်တဲ့အခါ အရင်ဆုံး လက်သည်းနီ Base Coat ဆိုးပါ။ ခြောက်အောင်ထားပြီးမှ နောက်တစ်ကြိမ် ထပ်ဆိုးပါ။ မခြောက်ခင် ကျောက်မှုန်လေးတွေ ကပ်ပေးပါ။

* လက်သည်းကို အုန်းဆီလိမ်းပေးပါ။ တစ်ညလုံး အုန်းဆီလိမ်းပြီး နောက်တစ်နေ့ မနက်မှာ ဆပ်ပြာနဲ့ ဆေးလိုက်ပါ။ ဒါဆိုရင် လက်သည်းပန်းကုံးတွေကို ပျော့ပျောင်းစေပြီး လက်သည်းအက်ကွဲမှု မဖြစ်အောင် ကာကွယ်ပေးမှာ ဖြစ်ပါတယ်။

* သံပရာသီးကို ထက်ခြမ်းခြမ်းပြီး လက်သည်း တွေကို ပွတ်တိုက်ပေးပါ။ လက်သည်းတွေကို ဖြူစင် သန်စွမ်းစေပါတယ်။

* လက်သည်းတွေကို ပုံမှန် လှီးညှပ်ပြီး လက်သည်းကြားမှာ ကြေးတွေ မရှိအောင် ဂရုစိုက်ဖို့ မမေ့သင့်ပါဘူး။

Most Popular

Healthy Life Ad
To Top