Healthy Life Ad
Health Tips

နဖူးပေါ်က အရေးကြောင်းတွေ သက်သာလျော့ပါးအောင် ဘာတွေလုပ်သင့်သလဲ . .

ငွေကြယ်စင်ယံ

နဖူးတွန့်တာ၊ နေရောင်ခြည် ထိတွေ့တာ၊ အသက်ကြီးတာနဲ့ အသားအရေကို အစိုဓာတ် မထိန်းတာစတဲ့ အချက်တွေကြောင့် နဖူးပေါ်မှာ အရေးကြောင်းတွေ ထင်တတ်ပါတယ်။ နဖူးပေါ်က အရေးကြောင်းတွေ သက်သာစေဖို့ လိုက်နာသင့်တဲ့ အိမ် တွင်းကုထုံးတွေ ရှိပါတယ်။

(၁) ရေများများ သောက်ပါ
နဖူးပေါ်က အတွန့်ရာတွေ သက်သာလျော့ပါးစေဖို့ နေ့စဉ်နေ့တိုင်း ရေ ၈-၁၂ ဖန်ခွက် သောက်ပေးသင့်ပါတယ်။ အရေပြားဆဲလ်ထဲမှာ ရေဓာတ် ပြည့်ဝလေလေ၊ အိုမင်းမှု လက္ခဏာတွေ သိသိသာသာ လျော့ပါးလေလေပါ။ ရေများများ သောက်တာကြောင့် ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ကင်းစင်စေပြီး အသားအရေ ကြည်လင်တောက်ပကာ ငယ်ရွယ်နုပျိုစေပါတယ်။

(၂) ရှားစောင်းလက်ပပ်အနှစ်သား လိမ်းပါ
ရှားစောင်းလက်ပပ်အနှစ်သားမှာ ဗီတာမင်အီး ပါဝင်တဲ့အတွက် သင့်အသားအရေကို ကြည့်ကောင်း စေပါတယ်။ နဖူးပေါ်မှာ ရှားစောင်းလက်ပပ်အနှစ် သားလိမ်းပြီး နေ့စဉ် နှိပ်နယ်ပေးရင် လက်ရှိအရွယ်ထက် ပိုမို နုပျိုကြည့်ကောင်းစေပါတယ်။

(၃) သံလွင်ဆီနှင့် အုန်းဆီကို ပုံမှန်လိမ်းပါ
မျက်နှာအရေပြားပေါ်က ဆဲလ်တွေဟာ အစိုဓာတ်ကို ကောင်းကောင်း ရရှိမှသာ နဖူးပေါ်က အရေးကြောင်းတွေကို လျော့ပါးစေမှာပါ။ အိပ်ရာမဝင်ခင် နဖူးအပါအဝင် သင့်မျက်နှာအသားအရေပေါ် သံလွင်ဆီ ဒါမှမဟုတ် အုန်းဆီစစ်စစ် လိမ်းပေးတာကြောင့် မျက်နှာအသားအရေထဲမှာ သွေးလှည့်ပတ်မှု ကောင်းမွန်စေပါတယ်။

(၄) သံပရာရည် လိမ်းပါ
အရေပြားမှာ ကော်လာဂျင်လို့ ခေါ်တဲ့ အသားအရေ တင်းရင်းပျော့ပျောင်းစေတဲ့ ပရိုတင်းတစ်မျိုး လျော့ပါးလာတဲ့အခါ နဖူးပြင်မှာ အရေးကြောင်း ထင်လာပါတော့တယ်။ ကော်လာဂျင် ဓာတ်တိုးစေဖို့ အကောင်းဆုံး နည်းကဗီတာမင်စီရယူဖို့ပါပဲ။ နဖူး ပြင်မှာ လတ်လတ်ဆတ်ဆတ် ညှစ်ထားတဲ့ သံပရာရည်လိမ်းပေးရင် ဗီတာမင်စီရရှိစေပါတယ်။

(၅) သခွားသီးဖျော်ရည်လိမ်းပြီး နှိပ်နယ်ပါ
သခွားသီးမှာ ဗီတာမင်စီ ပါဝင်မှုများပါတယ်။ သခွားသီးကို ပါးပါးလှီးပြီး မွှေစက်ထဲ ထည့်မွှေပါ။ ပြီး ရင် အဲဒီအရည်ကို နဖူးအပါအဝင် မျက်နှာပြင်ပေါ် မှာ နေ့ရော ညပါ သုတ်လိမ်းပေးပါ။

(၆) သင်္ဘောသီးစားပါ၊ သင်္ဘောသီးဖြင့် ပေါင်းတင်ပါ
သင်္ဘောသီးမှာ အင်တီအောက်ဆီးဒင့် ပါဝင်တဲ့အတွက်အသားအရေကို ဖရီးရယ်ဒီကယ်ကြောင့် ထိခိုက်မှုမဖြစ်အောင် ကာကွယ်ပေးပါတယ်။ သင်္ဘောသီးမှည့်ကို စားလည်း စားနိုင်သလို ခပ်ပါးပါးလှီးပြီး ကြိတ်ချေကာ နဖူးပြင်ပေါ် လိမ်းပေးပါ။ မိနစ် ၂၀ ကြာမှ ရေနဲ့ ဆေးချပေးပါ။

Ref; HP

Most Popular

Healthy Life Ad
To Top