ငွေကြယ်စင်ယံ
* အသက် ၂၀-၂၅ နှစ်အရွယ်ဆိုလျှင် *
– ရေများများ သောက်ပါ။
– အစိုဓာတ်ထိန်းခရင်မ် (Moisturizer) လိမ်းပါ။
– ဓာတုပစ္စည်းပါဝင်မှုနည်းတဲ့ မျက်နှာသစ်ဆေးကို ရွေးချယ်အသုံးပြုပါ။
– ဝက်ခြံပေါက်တတ်တဲ့အတွက် ဝက်ခြံကင်းစေတဲ့ မိတ်ကပ်အလှကုန်တွေကို စတင်ရွေးချယ်သုံးစွဲ သင့်တဲ့ အရွယ်ပါ။
* အသက် ၂၅-၃၅ နှစ်အရွယ်ဆိုလျှင် *
– ရက်တီနောပါဝင်တဲ့ အလှကုန်ပစ္စည်းတွေကို စတင် သုံးစွဲပါ။
– ဖြစ်နိုင်ရင် မျက်နှာအသားအရေကို ညင်ညင်သာသာ ကြေးချွတ်ပေါင်းတင်ပေးပါ။
– ဗီတာမင်အေနဲ့ ဗီတာမင်စီတို့လို ရောင်ရမ်းမှု လျော့ကျစေတဲ့ အသားအရေထိန်း ပစ္စည်းတွေကို အဓိက ရွေးချယ်ပါ။
– ဒီအရွယ်မှာ အရေပြားအထူးကု ဆရာဝန်တစ်ဦး နဲ့တိုင်ပင်ပြီး သင့်အသားအရေနဲ့ သင့်တော်တဲ့ အသား အရေထိန်းပစ္စည်း၊ မိတ်ကပ်အလှကုန် စတာတွေကို စနစ်တကျ ရွေးချယ်အသုံးပြုပါ။
– အစိုဓာတ်ထိန်းခရင်မ်ကိုတော့ ဆက်လက်သုံးစွဲ ဖို့ အရေးကြီးနေဆဲပါ။
* အသက် ၃၅-၄၅ နှစ်အရွယ်ဆိုလျှင် *
– အသားအရေထိန်းပစ္စည်းနဲ့ မိတ်ကပ်အလှကုန် မှာ ဗီတာမင်အေနဲ့ ဗီတာမင်စီများများ ပါဝင်တဲ့ အမျိုးအစားကို ရှာဖွေရွေးချယ်ပါ။
– အစိုဓာတ်ထိန်းခရင်မ်ကို များများ လိမ်းခြယ်ပါ။
– တကယ်လို့ မျက်နှာအသားအရေ လျော့တွဲတာနဲ့ အရေးကြောင်း ထင်တာတွေရှိရင် လေဆာကု ထုံးနဲ့ Filler ကုထုံးတို့ကို စတင်စဉ်းစားပါ။
* အသက် ၄၅ နှစ်နှင့် အထက်ဆိုလျှင် *
– အသက်အရွယ်အလိုက် သင့်တော်တဲ့ အသားအရေထိန်းနည်းကို ရွေးချယ်ပြီး စနစ်တကျလိုက်နာပါ။
– အစိုဓာတ်ထိန်းခရင်မ်ကို များများနဲ့ မကြာခဏ လိမ်းပေးပါ။
– မျက်နှာအသားအရေ တွဲကျတာနဲ့ အရေးကြောင်း နက်နက်တွေထင်တာတို့ရှိနေရင် လေဆာကုထုံးကို စဉ်းစားပါ။