Healthy Life Ad
Health Tips

သင် လေ့ကျင့်ခန်းလုပ်သည့် စတိုင်အရ သိနိုင်သည့် သင့်ကျန်းမာရေး

ကိုထက်

တစ်နေ့တာမှာ သင်လုပ်နေကျ လေ့ကျင့်ခန်းက ဘာဖြစ်မလဲ၊ လမ်းလျှောက်တာလား၊ ယောဂကျင့်တာလား . . ဘာပဲဖြစ်ဖြစ် သင်လုပ်နေကျလေ့ ကျင့်ခန်းပေါ်မူတည်ပြီး သင့်ကျန်းမာရေးအခြေအနေကို ပြောပြနိုင်ပါတယ်။

၁။ သင်က တစ်နေ့သုံးကြိမ် လေ့ကျင့်ခန်းလုပ်လေ့ရှိ သူဖြစ်ရင်

ဆီးချိုဖြစ်နှုန်း လျော့ကျနိုင်ပါတယ် တစ်နေ့မှာ လေ့ကျင့်ခန်း သုံးကြိမ် ပြုလုပ်လေ့ရှိရင် အင်ဆူလင်ခုခံနိုင်စွမ်း လျော့နည်းသွားနိုင်ပါတယ်။ ဒါကြောင့် တစ်နေ့သုံးကြိမ်လောက် လေ့ကျင့်ခန်းလုပ်လေ့ရှိတဲ့ ဆီးချိုရောဂါရှိသူတွေက လေ့ကျင့်ခန်း လုပ်လေ့မရှိသူတွေထက် သွေးတွင်းသကြား ဓာတ်ပိုလျော့ကျနိုင်ပါတယ်။

၂။ သင်က နေ့လယ်စာစားပြီး လမ်းလျှောက်လေ့ရှိသူ ဖြစ်ရင်

စိတ်ဖိစီးမှုကို တွန်းလှန်နိုင်ခြေ များပါလိမ့်မယ် နေ့လယ်စာ စားပြီး လမ်းလျှောက်လေ့ရှိရင် စိတ်ဖိစီးမှုကို ခံနိုင်ရည် ပိုရှိနေပါလိမ့်မယ်။ ယူကေ လေ့လာမှုတစ်ခုအရ တစ်ပတ်မှာ သုံးရက်၊ တစ်ရက် မှာ မိနစ် ၃၀ လောက် လမ်းလျှောက်လေ့ရှိသူတွေက ၁၀ ရက်ကြာလာရင် ပိုပြီး စိတ်အပန်းပြေကာ ဖိစီးမှု လျော့ကျသွားတယ်လို့ တွေ့ရှိခဲ့ရပါတယ်

၃။ သင်က မကြာခဏခန္ဓာကိုယ်သန်စွမ်းအောင် လေ့ကျင့်ခန်းလုပ်လေ့ရှိသူဖြစ်ရင်

ဗိုက်သားချပ်ရပ်နိုင်ပါတယ် နေ့စဉ် မိနစ် ၂၀ နဲ့ အထက် အလေးမတဲ့ လေ့ကျင့်ခန်းပြုလုပ်လေ့ရှိသူတွေဟာ မလုပ်သူတွေထက် ဝမ်းဗိုက်ချပ်ရပ်နှုန်း ပိုနည်းတယ်လို့ ဟားဗတ်လေ့လာသူတွေက ဆိုပါတယ်။

၄။ သင်က မနက်ခင်းမှာ လေ့ကျင့်ခန်း လုပ်လေ့ ရှိ သူဖြစ်ရင်

အိပ်ရေးဝ၀ အိပ်ပျော်နိုင်ပါတယ် နံနက်ခင်းမှာပြေးတာလို လေ့ကျင့်ခန်းလုပ်လေ့ ရှိသူတွေဟာ နေ့ခင်း ဒါမှမဟုတ် ညနေဘက်မှာ လေ့ကျင့်ခန်းလုပ်သူတွေနဲ့ နှိုင်းယှဉ်ရင် အိပ်မောကျ နိုင်စွမ်းသိသိသာသာ ကောင်းမွန်မှုရှိတယ်လို့အပလာ ချိန်းပြည်နယ်တက္ကသိုလ် လေ့လာမှုအရသိရပါတယ်။

၅။ သင်က တစ်နေ့ ခြေလှမ်း တစ်သောင်း လျှောက် လေ့ရှိသူဖြစ်ရင်

စောစောသေဆုံးနိုင်ခြေ သိသိသာသာ လျော့ကျနိုင်ပါတယ် တစ်နေ့ ခြေလှမ်းတစ်သောင်းလောက်လျှောက် လှမ်းလိုက်ရင် အရွယ်မတိုင်ခင်စောစော သေဆုံးနိုင် ခြေသိသိသာသာ လျော့ကျမှုရှိပါတယ်။ နေ့စဉ် ခြေလှမ်းတစ်ထောင်ကနေ တစ်သောင်းအထိ လှမ်း လျှောက်လေ့ရှိသူတွေက ၁၅ နှစ်အတွင်း သေဆုံးနိုင်ခြေကို ၄၆ ရာခိုင်နှုန်းလျော့ကျစေ တယ်လို့ သြစ တြေးလျလေ့လာမှုအရ သိရပါတယ်။

၆။ သင်က ယောဂကျင့်စဉ် ကျင့်လေ့ရှိသူဖြစ်ရင်

အဆစ်ရောင်နာဖြစ်နှုန်း လျော့ကျနိုင်ပါတယ် အဆစ်ရောင်နာရှိသူ ဒါမှမဟုတ် ရူမတွိုက် အဆစ်ရောင်နာရှိသူတွေဟာ တစ်ပတ်မှာ သုံးကြိမ်လောက် ယောဂကျင့်ပေးရင် နာကျင်မှုလျော့ကျနိုင် ခြေ ၂၉ ရာခိုင်နှုန်းရှိပြီး စွမ်းအင်တိုးလာစေတယ်လို့ ဂျွန်ဟော့ကင်းလေ့လာမှုအရ သိရပါတယ်။ Ref; RD

Most Popular

Healthy Life Ad
To Top