Healthy Life Ad
Child

ကျောင်းနေအရွယ် သင့်ကလေးကျန်းမာရေးအတွက် ABC

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

ကျောင်းတက်နေတဲ့ သင့်ကလေးကို ရောဂါပိုးပျံ့နှံ့ကူးစက်မှုမဖြစ်အောင် တစ်ကိုယ်ရေသန့်ရှင်းရေးဆိုင်ရာ အမူအကျင့်တွေ သင်ပေးထားသင့်ပါတယ်။

Untitled-3

Always Ask. အမြဲတမ်း မေးပါ
သင့်ကလေးအတွက် ကျောင်းစုံစမ်းတဲ့အခါ ရောဂါပိုးမွှားကင်းစင်ရဲ့လားဆိုတာ အမြဲတမ်းထည့်မေးပါ။ ကျောင်းစာသင်ခန်းတွေကလည်း ပိုးကင်းစင်ပြီး သန့်ရှင်းနေဖို့လိုအပ်ပါတယ်။

Untitled-4

Build Immunity. ကိုယ်ခံအားစနစ်ကို တည်ဆောက်ပါ
ကောင်းမွန်မျှတတဲ့ အစားအသောက်ကျွေးတာ၊ လေ့ကျင့်ခန်းလုပ်တာ၊ လုံလောက်စွာအနားယူတာ စတဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ နေထိုင်စားသောက်မှုပုံစံကို လိုက်နာခိုင်းမှသာ သင့်ကလေးရဲ့ ကိုယ်ခံအားစနစ်က ကောင်းမွန်နေမှာ ဖြစ်ပါတယ်။

Untitled-5

Complete a Physical. ကိုယ်ခန္ဓာ ကြံ့ခိုင်သန်စွမ်းမှုကို အလေးထားလုပ်ဆောင်ပါ
ကလေးတွေကို အမြဲတမ်းကျန်းမာရေးစစ်ဆေးကာ ခန္ဓာကိုယ်ဖွံ့ဖြိုးမှုရှိရဲ့လားဆိုတာ ဆန်းစစ်ပါ။ ကာကွယ်ဆေးတွေထိုးနှံပေးပါ။

(၁) အစာနှင့်ရေကို သူများနှင့် မျှဝေမစားပါနှင့်
ကလေးတွေကို ရေခွက်ထည့်ပေးလိုက်ပြီး ရေသောက်တဲ့အခါ ကိုယ့်ခွက်နဲ့ ကိုယ်သောက်ဖို့သင်ပေးပါ။ ကိုယ့်ထမင်းဘူးထဲကအစာကိုပဲ စားခိုင်းပါ။

(၂) လက်ကို မျက်နှာနှင့် ဝေးဝေးမှာထားပါ
လက်က ရောဂါပိုးတွေ ကပ်ငြိနိုင်ခြေများတာကြောင့် လက်နဲ့ မျက်စိ၊ နှာခေါင်းနဲ့ ပါးစပ်ကို မထိတွေ့ဖို့ ကလေးကို သင်ပေးပါ။

(၃) ချောင်းဆိုး၊ နှာချေရာတွင် လိုက်နာရမည့် ကျင့်ဝတ်ကိုကျင့်သုံးပါ
ကလေးကို တစ်သျှူးထည့်ပေးလိုက်ပြီး နှာချေတဲ့အခါ ဒါမှမဟုတ် ချောင်းဆိုးတဲ့အခါ တစ်သျှူးနဲ့သုတ်ဖို့၊ ကာဖို့သင်ပေးပါ။

(၄) လက်ဆေးပါ
ကလေးကို တစ်ကြိမ်လက်ဆေးရင် စက္ကန့် ၂၀ ကြာဆေးဖို့ သင်ပေးပါ။ လက်ချောင်းနဲ့ လက်သည်းတွေကြားပါမကျန် ဆေးတတ်ပါစေ။

(၅) ကျောင်းသုံးပစ္စည်းများကို ကိုယ်ပိုင်သုံးပါ
ကလေး ကျောင်းသုံးတဲ့အခါ ခဲတံ၊ ပေတံ၊ ခဲဖျက် စတာတွေကို ထည့်ပေးလိုက်ပါ။ တခြားသူနဲ့ဆီက ယူမသုံးပါစေနဲ့။

(၆) အဝတ်အစား၊ ဦးထုပ်နှင့် ခေါင်းဘီးကိုမျှဝေမသုံးပါနှင့်
ကလေးတွေဟာ အဝတ်အစား၊ ဦးထုပ်နဲ့ ခေါင်းဘီး မျှဝေသုံးတာကြောင့် သန်းနဲ့ တခြားရောဂါပိုးမွှားတွေ ကူးစက်စေနိုင်ပါတယ်။

Most Popular

Healthy Life Ad
To Top