Healthy Life Ad
Health Tips

နဂါးမောက်သီးသုပ်၏ ကျန်းမာရေးကောင်းကျိုးများ

လရိပ်မေ

ပါဝင်ပစ္စည်းများ

နဂါးမောက်သီး (ရေခဲသေတ္တာထဲ ထည့်ထားပါ)

ပူစီနံ (ပူဒီနာ)ရွက် လှီးထားတဲ့ ထမင်းစား ဇွန်း တစ်ဇွန်း၊

ပျားရည် ထမင်းစားဇွန်း တစ်ဇွန်း။

* ပြုလုပ်နည်း *

နဂါးမောက်သီးကို အတုံးလေးတွေလှီးပြီး ပန်းကန်လုံးထဲထည့်ပါ။ ပြီးရင် ပူစီနံရွက် ဖြူးပြီး ပျားရည် လောင်းထည့်ကာ စားပါ။

_ _ _ _ _ ကောင်းကျိုးများ _ _ _ _ _

(၁)- သွေးတွင်း မကောင်းတဲ့ ကိုလက်စထရောဓာတ် ကို လျော့ကျစေပါတယ်။

(၂)- အမျှင်ဓာတ် ပါဝင်မှုများပါတယ်။

(၃)- သွေးတွင်း သကြားဓာတ်အဆင့်ကို ဟန်ချက်ညီအောင် ထိန်းညှိပေးပါတယ်။

(၄)- နှလုံးသွေးကြော ကျန်းမာအောင် ကူညီပံ့ပိုးပေးပါတယ်။

(၅)- သတ္တုဓာတ် ပါဝင်မှုများပါတယ်။

(၆)- အဆစ်နာကျင်ကိုက်ခဲမှုကို သက်သာစေပါတယ်။

(၇)- ဗီတာမင်စီ၊ ဗီတာမင် B1၊ B2 နဲ့ B3 တို့ ပါဝင်မှုများပါတယ်။

(၈)- ကိုယ်အလေးချိန်ကို ထိန်းပေးပါတယ်။

(၉)- အင်တီအောက်ဆီးဒင့် ပါဝင်မှုများပြီး အိုမင်းမှုကို ဟန့်တားပေးပါတယ်။

(၁၀)- အသားအရေကို ကျန်းမာရေးနဲ့ ညီညွတ်စေ ပါတယ်။

(၁၁)- အအေးမိဝေဒနာနဲ့ တုပ်ကွေးရောဂါဝေဒနာ ကို တွန်းလှန်ပေးနိုင်ပါတယ်။

(၁၂)- အဆိပ်အတောက် ပြေစေပါတယ်။

Most Popular

Healthy Life Ad
To Top