Healthy Life Ad
Health Tips

တွဲစားခြင်းဖြင့် အာနိသင်ပိုရစေနိုင်သည့် အစာများ

တချို့အစာတွေက တွဲဖက်စားလိုက်ရင် ကျန်းမာရေးထိခိုက်မှုတွေဖြစ်စေနိုင်ပေမယ့် အောက်ပါအစာတွေကို တွဲဖက်စားရင် ကျန်းမာရေးကောင်းကျိုးတွေ ရရှိနိုင်ပါတယ်။ ဒါပေမဲ့ ထောပတ်သီးကို ခရမ်းချဉ်သီးနဲ့တွဲစားဖို့ ပြောတာမဟုတ်ပါဘူး။ ခရမ်းချဉ်သီးဟင်းနဲ့ ထမင်းစားပြီးချိန်မှာ သရေစာအနေနဲ့ ထောပတ်သီးဖျော်ရည် သောက်ပေးရင် ပိုမိုကောင်းမွန်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးရရှိနိုင်တယ်လို့ ဆိုလိုတာဖြစ်ပါတယ်။

Untitled-2

ခရမ်းချဉ်သီး+ ထောပတ်သီး
ခရမ်းချဉ်သီးမှာ လိုင်ကိုပင်းလို့ခေါ်တဲ့ အင်တီအောက်ဆီးဒင့်ပါဝင်ပါတယ်။ အဲဒီအတွက် ကင်ဆာနဲ့ နှလုံးသွေး ကြောကျဉ်းရောဂါဖြစ်နှုန်းကို လျော့ကျစေနိုင်ပါတယ်။ ထောပတ်သီးမှာပါတဲ့ ကောင်းတဲ့အဆီက ခရမ်းချဉ်သီးထဲက လိုင်ကိုပင်းဓာတ်ကို ပိုအစွမ်းထက်စေတာကြောင့် တွဲစားသင့်တာပါ။

Untitled-3

ပန်းဂေါ်ဖီစိမ်း+ ခရမ်းချဉ်သီး
လေ့လာမှုအသစ်အရ ပန်းဂေါ်ဖီစိမ်းနဲ့ ခရမ်းချဉ်သီးကို တွဲစားတာကြောင့် ဆီးကျိတ်ကင်ဆာမဖြစ်အောင် ကာကွယ်နိုင်တယ်လို့ သိရပါတယ်။

Untitled-4

ဘလူးဘယ်ရီသီး+ စပျစ်သီး
ဒီသစ်သီးတွေကိုပေါင်းစားတာကြောင့် အင်တီအောက်ဆီးဒင့်ရရှိပြီး မကောင်းတဲ့ဓာတ်တွေကို ပိုမိုတွန်းလှန်နိုင်စွမ်း ရှိသွားပါတော့တယ်။

Untitled-5

နနွင်းမှုန့်+ ငရုတ်ကောင်းမှုန့်
နနွင်းမှုန့် ထည့်ချက်ထားတဲ့ဟင်းထဲ ငရုတ်ကောင်းမှုန့်ခတ်သောက်တာကြောင့် ကာကူမင်ဓာတ်အစွမ်းကို အဆတစ်ထောင် ပိုအားကောင်းသွားစေပါတယ်။

Most Popular

Healthy Life Ad
To Top