Healthy Life Ad
Life Style

ကိုယ်ဝန်ဆောင်စဉ် ယောဂကျင့်ခြင်း၏ ကျန်းမာရေး ကောင်းကျိုးများ

လရိပ်မေ

ကိုယ်ဝန်ဆောင်ချိန်မှာ ညင်ညင်သာသာ လုပ်ဆောင်ရတဲ့ ယောဂကျင့်စဉ်တွေကို ပုံမှန်ကျင့် ပေးတာကြောင့် အောက်ပါ ကျန်းမာရေးအကျိုး ကျေးဇူးတွေကို ရရှိစေပါတယ်။

(၁) ယောဂကျင့်တာကြောင့် သက်လုံကောင်းစေပြီး ခန္ဓာကိုယ် သန်စွမ်း ကျန်းမာစေပါတယ်။

(၂) ယောဂကျင့်တာကြောင့် ခန္ဓာကိုယ်ထဲမှာ သန္ဓေသား ကြီးထွားမှု များတဲ့အတွက် ခန္ဓာကိုယ်ကို ဟန်ချက် ညီမျှစေပါတယ်။

(၃) ကိုယ်ဝန်ဆောင်ချိန်မှာ ယောဂ ကျင့်ပေးတာကြောင့် ခါးအပေါ်ပိုင်း၊ ခါးအောက်ပိုင်း၊ တင်ပါး၊ ရင်ဘတ်၊ လည်ပင်းနဲ့ ပခုံးတွေရဲ့ ဖိအားကိုလျော့ ကျစေပါတယ်။

(၄) ယောဂကျင့်ပေးတာကြောင့် ခန္ဓာကိုယ်ရဲ့ အာရုံကြောစနစ်ကို တည်ငြိမ်စေပါတယ်။

(၅) ယောဂကျင့်တာကြောင့် ကိုယ်ဝန်ဆောင် မိခင်တွေမှာ ကလေး ရှောရှာရှူရှူ မွေးဖွားရ လွယ်ကူ စေပါတယ်။

(၆) ယောဂကျင့်တာက ကလေးနဲ့ ကိုယ်ဝန်ဆောင် မိခင်အကြား ဆက်သွယ်မှုကို ကောင်းမွန်စေ ပါတယ်။

(၇) ယောဂကျင့်တာကြောင့် ခန္ဓာကိုယ်ထဲမှာ သွေးလှည့်ပတ်မှု ကောင်းမွန်စေပါတယ်။

(၈) ယောဂကျင့်တာကြောင့် အသက်ဝ၀ ရှူ သွင်း / ရှူထုတ်ရ လွယ်ကူစေပါတယ်။

(၉) ယောဂကျင့်တဲ့အတွက် ကိုယ်ဝန်ဆောင် မိခင်တွေမှာ စိတ်ခံစားမှု ကောင်းမွန်စေပါတယ်။

(၁၀) ယောဂကျင့်တာကြောင့် စိတ်ရောကိုယ်ပါ ပေါ့ပါးသွက်လက် စေပါတယ်။

Most Popular

Healthy Life Ad
To Top