Healthy Life Ad
Health Tips

သင့်ဘဝအကျိုးပြု စူပါအစာများ

သင့်ခန္ဓာကိုယ်ထဲမှာ ကောင်းမွန်တဲ့ အာဟာရ ဓာတ်တွေရရှိစေပြီး သင့်ဘဝကို ကောင်းကျိုးပြုနိုင် မယ့် စူပါအစာတွေကို မမေ့မလျော့ စားသင့်ပါတယ်။

– မင်းကွတ်သီး

မင်းကွတ်သီးဟာ သွေးကင်ဆာရောဂါသည် တွေမှာ ကင်ဆာဆဲလ် သေဆုံးမှုကို အားပေးပါတယ်။

– စောင်းလျားသီး

စောင်းလျားသီးမှာ ဗီတာမင်ဘီနဲ့ ဗီတာမင်စီ ပါဝင်မှုများပြီး သွေးတွင်းမကောင်းတဲ့ ကိုလက် စထရောအဆင့်ကို လျော့နည်းစေပါတယ်။

– ထောပတ်သီး

ထောပတ်သီးမှာ ပါဝင်တဲ့ အာဟာရဓာတ် တွေက နှလုံးနဲ့အသားအရေကို ကောင်းကျိုးပြုပါတယ်။

– သင်္ဘောသီး

သင်္ဘောသီးမှာ အကျိုးပြုအင်ဇိုင်း ပါဝင်မှု များပြီး အသားအရေကို ကျန်းမာလှပစေပါတယ်။

– ကီဝီသီး

ကီဝီသီးမှာ ပိုတက်ဆီယမ်နဲ့ အမျှင်ဓာတ် များစွာ ပါဝင်နေပါတယ်။

– တလည်းသီး

တလည်းသီးဟာ ကင်ဆာရောဂါနဲ့ လေဖြတ်တဲ့ ဝေဒနာတွေကို တွန်းလှန်ပေးနိုင်ပြီး အိုမင်းမှုကို ဟန့်တားပေးတဲ့ အစွမ်းလည်း ရှိပါတယ်။

– တရုတ်လိုက်ချီးသီး

တရုတ်လိုက်ချီးသီးမှာ ဆေးဖက်ဝင် အာနိသင် ရှိတဲ့အတွက် ရှေးယခင်ကတည်းက မြွေကိုက်တဲ့အခါ ဖြေဆေးအဖြစ် အသုံးပြုခဲ့ကြပါတယ်။

Most Popular

Healthy Life Ad
To Top