Healthy Life Ad
Q & A

ပူလို့ ပန်ကာဖွင့်အိပ်တာ ဆိုးကျိုးဖြစ်နိုင်သလား . .

မေး ။ ။ ကျွန်မက ညအိပ်ရင် အရမ်းပူလို့ဆိုပြီး တစ်ည လုံးပန်ကာဖွင့်အိပ်ပါတယ်။ ကျွန်မသားလေးက တစ် နှစ်သားအရွယ်ပါ။ သားအမိနှစ်ယောက်စလုံးပန်ကာ ဖွင့်အိပ်ပါတယ်။ ကြာရင် ဘယ်လိုဆိုးကျိုးတွေ ရနိုင် ပါသလဲ။
(မငယ်၊ ပေါက်တောဝ )

ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး) မှဖြေကြားသည်။

ဖြေ ။ ။ အခန်းအပူချိန်၊ ပတ်ဝန်းကျင်အပူချိန် မြင့်မား နေရင်တော့ အပူချိန်လျှော့ချတဲ့ နည်းတွေ သုံးသင့် ပါ တယ်။ အရင် လေအေး ပေးစက် မပေါ်ခင်တုန်းက ပန်ကာနဲ့ပဲ နေရတာပါပဲ။ အဲဒီအခါ သတိထားသင့်တာက အထူးသဖြင့် ကလေးငယ်ကို ပန်ကာလေတိုက် ရိုက်မကျအောင် ဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်။ ပန်ကာလေ တိုက် ရိုက်ကျရင် အအေးမိတာ၊ နှာစေး ချောင်းဆိုးတာ၊ အဆုတ်အ အေးမိတာ . . ဒါမျိုးလေး တွေဖြစ်နိုင်ပါတယ်။ နောက်တစ်ချက်က ပန်ကာ ဖွင့် ထားတဲ့အတွက် ချွေးပြန်နေရင် ချွေးနဲ့ အအေးပတ် တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ကိုယ်ရဲ့ ပတ်ဝန်းကျင် အပူချိန်၊ အခန်းအပူချိန် လျှော့ချဖို့ ပန်ကာသုံးလို့ရ ပေမယ့် ပန်ကာလေက ကိုယ့်ဆီကို တိုက်ရိုက်မတိုး အောင် ထားသင့်ပါတယ်။ ဒါမှသာ အဆုတ်အအေး မိတာကို ရှောင်ရှားနိုင်ပါလိမ့်မယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top