Healthy Life Ad
Health Tips

အရိုးနုသန်စွမ်းကြီးထွားစေမည့် အစာများ

၊ ငွေကြယ်စင်ယံ ၊

သင့်ခန္ဓာကိုယ်ရဲ့ အရိုးအဆစ်တွေမှာ အရိုးနု (Cartilage) ရှိပြီး အရိုးနုကအရိုးစနစ်မှာ ကြားခံအဖြစ် လုပ်ဆောင်ပါတယ်။ ကိုယ်အလေးချိန်များသူတွေမှာ အရိုးနုထိခိုက်ရာက အဆစ်နာကျင်မှု၊ ရောင်ရမ်းမှုနဲ့တောင့်တင်းမှုတို့ ဖြစ်တတ်ပါတယ်။ တချို့အစာတွေကိုစားပေးတာကြောင့် အရိုးနုရဲ့ အနာကျက်ဖြစ်စဉ်ကို အားကောင်းစေပြီး အရိုးနုတစ်သျှူးတွေကို သန်စွမ်းစေပါတယ်။

web_apple2

– ပန်းသီး

တစ်နေ့ပန်းသီးတစ်လုံးစားတာကြောင့် ဆရာဝန်နဲ့ဝေးဝေးမှာ နေနိုင်ရုံသာမက အရိုးနုထိခိုက်မှုကြောင့် အဆစ်နာကျင်တဲ့ဝေဒနာကို သက်သာစေပါတယ်။ ပန်းသီးမှာ ကွာစီတင်လို့ခေါ်တဲ့ အစွမ်းထက် အင်တီအောက်ဆီးဒင့်ပါဝင်တဲ့အတွက် အရိုးနုအတွက် အဓိကအရေးပါတဲ့ ကော်လာဂျင်ထွက်ရှိမှုကို အားကောင်းစေပါတယ်။

w1

– ဗီတာမင်စီပါဝင်မှု မြင့်မားသည့်သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များ

ဗီတာမင်စီပါဝင်တဲ့ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေဟာ အဆစ်ရောင်ရမ်းနာကျင်တဲ့ ဝေဒနာကို သက်သာစေပြီး ကိုယ်ခံအားစနစ်ကို အားကောင်းစေပါတယ်။ အစွမ်းထက်အင်တီအောက်ဆီးဒင့် ပါဝင်တာကြောင့် ဆဲလ်နဲ့တစ်သျှူးတွေကို နောက်ထပ်ထိခိုက်မှုမဖြစ်အောင် ကာကွယ်ပေးပြီး ရောင်ရမ်းမှုကို တွန်းလှန်ပေးနိုင်စွမ်း ရှိပါတယ်။ ဗီတာမင်စီပါဝင်မှုများတဲ့ အစာတွေက အဝါရောင်ငရုတ်သီး၊ သင်္ဘောသီး၊ ကီဝီသီး၊ လိမ္မော်သီး၊ သံပရာသီး၊ ဘယ်ရီသီးနဲ့ အစိမ်းရင့်ရောင်ဟင်းသီးဟင်းရွက်တွေ ဖြစ်ကြပါတယ်။

web_garlicANDonion

– ကြက်သွန်ဖြူနှင့် ကြက်သွန်နီ

ကြက်သွန်ဖြူနဲ့ ကြက်သွန်နီမှာ ဆာလဖာသတ္တုဓာတ် ပါဝင်မှုများတာကြောင့် ရောင်ရမ်းမှုကို တွန်းလှန်ပေးနိုင်ပါတယ်။ ရောင်ရမ်းမှုဟာ အရိုးနုတွေကိုထိခိုက်စေပြီး အဆစ်နာကျင်စေနိုင်ပါတယ်။ ဟင်း အများစုထဲမှာ ကြက်သွန်ဖြူ၊ ကြက်သွန်နီ ပါဝင်မှုများတာကြောင့် အရသာရှိစေပြီး အရိုးနုကို သန်စွမ်းစေပါတယ်၊ ဒါ့အပြင်သွေးထဲမှာ ဆိုဒီယမ်ကိုထိန်းညှိပေးပြီး သွေးဖိအားကို ထိန်းညှိပေးပါတယ်။

web_spice

– နနွင်းမှုန့်နှင့် ချင်း (ဂျင်း)

အရိုးနုအထွက်တိုးစေဖို့ နနွင်းမှုန့်နဲ့ ချင်း (ဂျင်း) ပါတဲ့ ဟင်းလျာတွေကို စားပေးသင့်ပါတယ်။ နနွင်းမှုန့်နဲ့ချင်း (ဂျင်း) ဟာ ရောင်ရမ်းမှုကို လျော့ကျစေတဲ့အစွမ်းရှိပြီး နာကျင်မှုကိုပျောက်ကင်းစေတဲ့ အကောင်းဆုံးအာနိသင်လည်း ရှိပါတယ်။

web_cashewNut

– အခွံမာစေ့

အခွံမာစေ့တွေကိုစားတာကြောင့် ထိခိုက်နေတဲ့အရိုးနုတွေကို ပြန်လည်ပြုပြင်ပေးနိုင်စွမ်း တိုးလာပါတယ်။ သီဟိုဠ်စေ့၊ မကယ်ဒေးမီးယား၊ သစ်ကြားသီးနဲ့ Pistachio တွေ စားတာကြောင့် အဆီတွေကို ကောင်းမွန်စေပါတယ်။ ပထမအကြောင်းရင်းကတော့ အခွံမာစေ့တွေမှာ အိုမီဂါ ၃ ဖက်တီးအက်ဆစ် ပါဝင်တဲ့အတွက် ရောင်ရမ်းမှုမဖြစ်အောင် ကာကွယ်ပေးလို့ပဲ ဖြစ်ပါတယ်။ ဒုတိယအကြောင်းရင်းကတော့ အခွံမာစေ့မှာ မဂ္ဂနိစ်ပါဝင်လို့ပါ။ မဂ္ဂနိစ်ဟာ အရိုးနုတည်ဆောက်ရေးအတွက် လိုအပ်တဲ့ဂလူကိုစမင်းကို ပံ့ပိုးကူညီပေးနေပါတယ်။

web_olive

– သံလွင်ဆီ

သံလွင်ဆီမှာပါဝင်တဲ့ အိုမီဂါ ၃ ဖက်တီးအက်ဆစ်ဟာ ရောင်ရမ်းမှုလျော့ကျစေပြီး အရိုးနုပြန်လည်ပြုပြင်နိုင်စွမ်းကို အားကောင်းစေပါတယ်။ ဒါကြောင့် ဟင်းရွက်သုပ်စားတဲ့အခါ သံလွင်ဆီထည့်ပြီး သုပ်စားပါ။ တစ်နေ့မှာ သံလွင်ဆီထမင်းစားဇွန်း တစ်ဇွန်း – နှစ်ဇွန်းလောက်ထည့်ပြီး ဟင်းရွက်သုပ်စားသင့်ပါတယ်။

web_coconutoil

အုန်းဆီ

အုန်းဆီဟာအရိုးနုကို အနာကျက်စေရုံသာမက အရိုးနုကို သန်စွမ်းစေပါတယ်။ အဆစ်တွေပေါ် အုန်းဆီလိမ်းပြီး နှိပ်နယ်ပေးတာကြောင့် နာကျင်မှု၊ ရောင်ရမ်းမှုနဲ့ တောင့်တင်းမှုကို သက်သာစေပါတယ်။ အုန်းဆီကိုအသုံးမပြုခင် မိုက်ခရိုဝေ့ဖ်မီးဖိုထဲမှာ စက္ကန့်အနည်းငယ်လောက်ထည့်ပြီး ပူနွေးအောင် လုပ်ပေးသင့်ပါတယ်။

(Ref;HD)

Most Popular

Healthy Life Ad
To Top