Healthy Life Ad
Health Tips

သင့်အသည်းကို ကြင်နာသည့် အစာ ၁၃မျိုး

ဦးမိုး

အသည်းဟာ ခန္ဓာကိုယ်မှာ ဒုတိယအကြီးမားဆုံး အင်္ဂါအစိတ်အပိုင်းပါ။ ခန္ဓာကိုယ်မှာ အရေပြားက အကြီးမားဆုံး အင်္ဂါအစိတ်အပိုင်း ဖြစ်ပါတယ်။ အကြမ်းဖျဉ်းအားဖြင့် အသည်းက အလေးချိန် သုံးပေါင်နီးပါး ရှိပေမယ့် ခန္ဓာကိုယ်အတွက် မရှိမဖြစ် အရေးပါတဲ့ လုပ်ငန်းဆောင်တာတွေကို ဆောင်ရွက်ပေးပါတယ်။ ခန္ဓာကိုယ်က လိုအပ်တဲ့ အာဟာရဓာတ်တွေကို သိုလှောင်ပေးပြီး အစာခြေဖျက်မှု၊ ဇီဝကမ္မဖြစ်စဉ်နဲ့ ကိုယ်ခံအားစနစ်တွေကို ကောင်းမွန်စေပါတယ်။ အသည်းဟာ လူတစ်ယောက်ရဲ့ သွေးကြောထဲက အန္တရာယ်ရှိတဲ့ အပိုင်းတွေကို စစ်ပေးပြီး အစာခြေဖျက်ရာမှာ ပါဝင်ကူညီပေးနေပါတယ်။ သင့်အသည်း အကောင်းဆုံး အခြေအနေမှာ ထိန်းထားနိုင်ဖို့ အစာ ၁၃ မျိုးက အထောက်အကူပြုနိုင်ပါတယ်။

(၁) ဂရိတ်ဖရု
8c
ဂရိတ်ဖရုမှာ ဗီတာမင်စီ ပါဝင်တာကြောင့် အင်တီအောက်ဆီးဒင့် ဂုဏ်သတ္တိ အပြည့်အဝရှိပါတယ်။ ဂရိတ်ဖရုသီး စားတာကြောင့် အသည်းကနေ ကင်ဆာဖြစ်စေတဲ့ ဓာတ်တွေနဲ့ တခြားအဆိပ်အတောက် တွေ ကင်းစင်သွားစေပါတယ်။

(၂) ကြက်သွန်ဖြူ
8a
ကြက်သွန်ဖြူဟာ ကိုယ်တွင်းစနစ်ကနေ မကောင်းတဲ့ ပစ္စည်းတွေကို ဖယ်ရှားပေးပြီး အသည်း ကျန်းမာစေတဲ့ အင်ဇိုင်းတွေကို လှုံ့ဆော်ပေးပါတယ်။ ကြက်သွန်ဖြူမှာ ပါဝင်မှုများတဲ့ ဆီလီနီယမ်နဲ့ အဲလစ်ဆင်တွေက အသည်းကို သန့်စင်ပေးပါတယ်။

(၃) အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များ
8d
အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေက အထွေထွေကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ ဆလတ်ရွက်နဲ့ ဟင်းနုနယ်ရွက်လို အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေက ခန္ဓာကိုယ်ထဲက အန္တရာယ်ရှိတဲ့ ဓာတ်တွေကို ချေဖျက်ပေးနိုင်စွမ်း ရှိပါတယ်။

(၄) ဥနီ (Beets)
8b
ဥနီမှာပါဝင်တဲ့ ဖလေဗနွိုက်ဒြပ်ပေါင်းက အသည်းရဲ့ အထွေထွေ လုပ်ငန်းဆောင်တာကို တိုးတက် ကောင်းမွန်စေပါတယ်။

(၅) ထောပတ်သီး
25g
ထောပတ်သီးမှာ ဂလူတာသိုင်အုန်းလို အစွမ်းထက် အင်တီအောက်ဆီးဒင့် ပါဝင်ပါတယ်။ ထောပတ်သီး စားတာကြောင့် အသည်းရဲ့ အဆိပ်အတောက် စစ်ထုတ်နိုင်စွမ်းကို ကောင်းမွန်စေပါတယ်။

(၆) လက်ဖက်စိမ်း လက်ဖက်ရည်
a4
လက်ဖက်စိမ်း လက်ဖက်ရည်မှာ ကက်တီချင် လို့ခေါ်တဲ့ အင်တီအောက်ဆီးဒင့် ပါဝင်ပါတယ်။ လက်ဖက်စိမ်း လက်ဖက်ရည်က ဝမ်းချုပ်တာနဲ့ တခြား အစာခြေစနစ် လုပ်ငန်းဆောင်တာ ပုံမမှန်တာတို့ကို သက်သာစေပြီး အသည်းအလုပ်လုပ်ပုံကို တိုးတက် စေနိုင်ပါတယ်။

(၇) ဂေါ်ဖီမျိုးနွယ် ဟင်းသီးဟင်းရွက်များ
8g
ဂေါ်ဖီမျိုးနွယ် ဟင်းသီးဟင်းရွက်တွေက ပန်းဂေါ်ဖီစိမ်းနဲ့ ဂေါ်ဖီထုပ်တို့ ဖြစ်ကြပါတယ်။ အဲဒါတွေကို စားတာကြောင့် အစာကြေညက်စေပြီး ခန္ဓာကိုယ်ထဲ က ဂလူကိုဆီနိုးလိတ်ဒြပ်ပေါင်း ထုတ်လုပ်မှုကို အားကောင်းစေပါတယ်။

(၈) သံပရိုသီး
8f
သံပရိုသီးနဲ့ တခြားအချဉ်အရသာရှိတဲ့ သစ်သီး တွေမှာ ဗီတာမင်စီ ပါဝင်မှုများရုံသာမက အစာခြေ စနစ်ကို ကောင်းမွန်စေပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ် ကနေ အဆိပ်အတောက်တွေကို ကင်းစင်စေပါတယ်။

(၉) သစ်ကြားသီး
8h
သစ်ကြားသီးမှာ အိုမီဂါ ၃ ဖက်တီးအက်ဆစ် ပါဝင်မှုများတဲ့အပြင် ဂလူတာသိုင်အုန်း ပါဝင်တာကြောင့် အသည်းရဲ့ သန့်စင်စေတဲ့ ဖြစ်စဉ်ကို ကောင်းမွန်စေပါတယ်။

(၁၀) နနွင်းမှုန့်
8e
နနွင်းမှုန့်ကို ဟင်းခတ် အမွှေးအကြိုင်အဖြစ် ရေပန်းစားပါတယ်။ နနွင်းမှုန့်က အဆီတွေကို ကြေညက်စေပြီး သည်းခြေရည် ထုတ်လုပ်မှု အားကောင်း စေပါတယ်။ ဒါ့အပြင် အသည်းကျန်းမာရေး ကောင်းမွန်ကာ အသည်းရဲ့ အဆိပ်အတောက် စွန့်ထုတ်မှုကို ကောင်းမွန်စေပါတယ်။

(၁၁) ဆီးဖြူသီး
8i
ဆီးဖြူသီးမှာ Chyawanpraash ပါဝင်တဲ့ အတွက် အစာခြေစနစ် ကျန်းမာပြီး အသည်းကာကွယ်နိုင်စွမ်း ကောင်းမွန်မှုရှိပါတယ်။ အကောင်းဆုံး အာနိသင်ရရှိစေမယ့်နည်းက ဆီးဖြူသီးကို အစိမ်းလိုက် စားတာဖြစ်ပါတယ်။

(၁၂) နှမ်းကြတ်စေ့
8j
နှမ်းကြတ်စေ့ဟာ အသည်းကို သန့်စင်ပေးပြီး အသည်းအပေါ် ဝန်ထုပ်ဝန်ပိုး ကျရောက်မှု လျော့ကျ စေပါတယ်။

(၁၃) နွယ်ချို
26f
နွယ်ချိုဟာ ခန္ဓာကိုယ်ထဲက ALT အင်ဇိုင်းနဲ့ AST အင်ဇိုင်းကို လျော့ကျစေပါတယ်။ ဒီအင်ဇိုင်း တွေ မြင့်တက်တာကြောင့် အသည်းထိခိုက်စေပါတယ်။ နွယ်ချိုစားတာကြောင့် အသည်းကျန်းမာရေး ကို ကောင်းမွန်စေပါတယ်။

Most Popular

Healthy Life Ad
To Top