Healthy Life Ad
Health Tips

အခြေအနေအမျိုးမျိုးအတွက် နေ့ခင်းတစ်ရေးအိပ်ခြင်းအစွမ်း

၊ ငွေကြယ်စင်ယံ ၊

– အချိန် ၁၀ -၂၀ မိနစ်ကြာ တစ်ရေးအိပ်လျှင်
လုပ်ငန်းခွင်ဝင်ရောက်ဖို့ ခန္ဓာကိုယ်က အတက်ကြွဆုံးအခြေအနေ ဖြစ်စေပါတယ်။

– အချိန် ၂၆ မိနစ်ကြာ တစ်ရေးအိပ်လျှင်
အပြင်ထွက်ပြီး ကိုယ်လက်လှုပ်ရှားတဲ့အခါ သက်လုံကောင်းမွန်မှုကို ၃၄ ရာခိုင်နှုန်း မြင့်တက်စေပြီး တက်ကြွလန်းဆန်းမှုကို ၅၄ ရာခိုင်နှုန်း တိုးတက်စေပါတယ်။

– အချိန် ၃၀ မိနစ်ကြာ တစ်ရေးအိပ်လျှင်
မိနစ် ၃၀ ကြာ တစ်ရေးအိပ်လိုက်ရုံနဲ့ အိပ်ရေးပျက်ပြီးချိန် နုံးချည့်ညောင်းညာ ပင်ပန်းနွမ်းနယ်တဲ့ဝေဒနာကို သက်သာစေပါတယ်။

– အချိန် ၆၀ မိနစ်ကြာ တစ်ရေးအိပ်လျှင်
မိနစ် ၆၀ ကြာ တစ်ရေးအိပ်ပေးရင် တွေးခေါ်မြော်မြင်နိုင်စွမ်း၊ နေရာ/မျက်နှာနဲ့ သတင်းအချက်အလက်တွေကို သတိရမှတ်မိနိုင်စွမ်း ကောင်းမွန်စေပါတယ်။ အရေးကြီးတဲ့ အစည်းအဝေးမလုပ်ခင်နဲ့ ဆွေးနွေးဟောပြောမှုတွေ မပို့ချခင်တွေမှာ ၆၀ မိနစ်လောက် တစ်ရေးအိပ်ပေးတာ အကောင်းဆုံးပါ။

– အချိန် ၉၀ မိနစ်ကြာ တစ်ရေးအိပ်လျှင်
မိနစ် ၉၀ ကြာ တစ်ရေးအိပ်ပေးရင် ဖန်တီးနိုင်စွမ်းကောင်းမွန်ပြီး မှတ်သားနိုင်စွမ်း တိုးတက်စေပါတယ်။ စာမေးပွဲ မတိုင်ခင် ဒါမှမဟုတ် ပရော့ဂျက်မလုပ်ခင် ၉၀ မိနစ်ကြာ တစ်ရေးအိပ်တာ အကောင်းဆုံးဖြစ်ပါတယ်။

Most Popular

Healthy Life Ad
To Top