Healthy Life Ad
Life Style

မိတ်ကပ်လိမ်းထားသော်လည်း မလိမ်းထားသကဲ့သို့ ထင်ရသည့် ကိုရီးယားမလေး အသွင် ပြင်ဆင်ခြယ်သနည်း

၊ လရိပ်မေ ၊

ဒီနေ့ခေတ်မှာ မိတ်ကပ်လိမ်းထားပေမယ့် မလိမ်းထားသလိုထင်ရတဲ့ ပြင်ဆင်ခြယ်သနည်းတွေက ခေတ်စားလာပါတယ်။ မိတ်ကပ်လိမ်းမထားဘဲ သဘာဝကျကျလှပနေတဲ့ ကိုရီးယားမင်းသမီးလေးတွေလိုဖြစ်အောင် အလွယ်တကူ ပြင်ဆင်ခြယ်သနိုင်ပါတယ်။

(၁) ဖောင်ဒေးရှင်းမိတ်ကပ် ရှောင်ပါ

အသားအရောင်ပြောင်းသွားစေမယ့် ဖောင်ဒေးရှင်းမိတ်ကပ် ထူထူကိုမရွေးဘဲ အစိုဓာတ်ထိန်းခရင်မ်၊ နေကာခရင်မ်နဲ့ ဖောင်ဒေးရှင်းခရင်မ် သုံးမျိုးပေါင်းစပ်ထားတဲ့ BB ခရင်မ်ကို ရွေးချယ်ပါ။ အဲဒီခရင်မ်ကို လက်ဖဝါးပေါ်အနည်းငယ်ထည့်ပြီး မျက်နှာပေါ်လိမ်းပေးပါ။

(၂) အညိုရောင်မက်စ်ကာရာ ရွေးချယ်ပါ

မျက်တောင်တွေပေါ် မက်စ်ကာရာဆိုးတဲ့အခါ အမျိုးအစားကောင်းတဲ့ အညိုရောင်မက်စ်ကာရာ ဆိုးပေးတာအကောင်းဆုံးပါ။ အမည်းရောင်မက်စ်ကာရာကို ခပ်ထူထူဆိုးလိုက်ရင် မျက်ဝန်းဘေးဘက်တွေ ပေကျံပြီး သဘာဝကျတဲ့အလှတရားကို ရရှိမှာမဟုတ်ပါဘူး။

(၃) မျက်ဝန်းအောက် ကွန်ဆဲလ်လာလိမ်းပါ

ကွန်ဆဲလ်လာက မျက်ဝန်းအောက်ကအနီစက်နဲ့ မျက်ကွင်းညိုတာတွေကို ဖုံးကွယ်နိုင်ပေမယ့် မျက်ဝန်းတစ်ခုလုံးကိုတော့ မဖုံးအုပ်နိုင်ပါဘူး။

(၄) အိုင်းလိုင်နာကို အလွန်အကျွံမဆိုးပါနှင့်

အိုင်းလိုင်နာဆိုးတဲ့အခါ မျက်လုံးကိုအာရုံစိုက်ပြီး မျက်တောင်ရင်းနေရာမှာ တစ်ကြောင်းတည်းဆွဲပါ။ သင့်မျက်ဝန်းအရောင်ထက် တစ်ဆင့်လောက်ပဲပိုရင့်တဲ့ အိုင်းလိုင်နာကိုဆိုးတာက သဘာဝကျကျ ကြည့်ကောင်းစေပါတယ်။

(၅) နှုတ်ခမ်းနီကို သဘာဝအရောင် ရွေးပါ

သင့်နှုတ်ခမ်းအရောင်နဲ့ အနီးစပ်ဆုံးတူညီတဲ့ နှုတ်ခမ်းနီကိုဆိုးပါ။ ပြီးရင် နှုတ်ခမ်းသားစိုပြည်သွားစေမယ့် Lip Gloss ဆိုးပေးရင် နှုတ်ခမ်းသားတောက်ပပြီး နှုတ်ခမ်းသားရေဓာတ် ပြည့်ဝနေပါလိမ့်မယ်။

(၆) ခရင်မ်အမျိုးအစား အိုင်းရှဲဒိုးကို ရွေးချယ်ပါ

အိုင်းရှဲဒိုးလိမ်းတဲ့အခါ ခရင်မ်အမျိုးအစားသုံးလေလေ သင့်အသားအရေထဲ စိမ့်ဝင်ရောက်ရှိနှုန်းများလေလေ ဖြစ်ပါတယ်။ ခရင်မ်အမျိုးအစား အိုင်းရှဲဒိုးမှာ ဆီလီကုံး ဒါမှမဟုတ် တခြားအဆီတွေပါဝင်တာကြောင့် မျက်ဝန်းအောက် အရေးကြောင်းမထင်အောင် ကာကွယ်ပေးနိုင်ပါတယ်။ အိုင်းရှဲဒိုးအရောင်ကို အသားရောင်ရွေးလေလေ သဘာဝကျလေလေ ဖြစ်ပါတယ်။

(Ref;HD)

Most Popular

Healthy Life Ad
To Top