Healthy Life Ad
Health Tips

၁၁၅ နှစ်အရွယ် အဘိုးက အသက်ရှည်ရခြင်း လျှို့ဝှက်ချက်ကို ဖွင့်ဟ

မီမိုး (ဆေးဝါးတက္ကသိုလ်)

ဘာနာဒိုလာပါလိုကို ၁၉၀၁ ခုနှစ်က မွေးဖွားခဲ့ပြီး အခုဆိုရင် ၁၁၅ နှစ်ရှိခဲ့ပြီ ဖြစ်ပါတယ်။ ဒီလောက် အသက်ရာကျော် ရှည်ရတာက ကံကောင်းထောက်မလို့ ဆိုတာထက် သူဟာ ဘဝမှာ စည်းကမ်းတကျ နေထိုင်ခဲ့လို့ ဖြစ်တယ်လို့ ဆိုပါတယ်။
သူ့ဘဝမှာ နေမကောင်းဖြစ်တဲ့ နေ့ မရှိဘူးလို့ ဆိုတဲ့ အဘိုးဘာနာဒိုဟာ အနီရောင် အသားတွေကို လုံးဝရှောင်ပါတယ်တဲ့။ ပြီးတော့ အများအားဖြင့် သြဂဲနစ် အစာနဲ့ ဟင်းသီးဟင်းရွက်တွေကိုပဲ စားလေ့ ရှိသူပါ။ သူ ဒီလို စားဖြစ်တာက ဆရာဝန်ဖြစ်တဲ့ သူ့ ဖခင်ဆီက ရတဲ့ အကျင့်ဖြစ်တယ်လို့ ဆိုပါတယ်။ သူ စားလေ့ရှိတဲ့ အစာ ငါးမျိုးကို ဖော်ပြလိုက်ပါတယ်။

(၁)- ကြက်သွန်ဖြူ
28f
ကြက်သွန်ဖြူကို ဆေးဖက်ဝင် ဟင်းခတ် အမွှေးအကြိုင်အဖြစ် ရှေးကတည်းက သုံးခဲ့ပြီး ပိုးသတ် အာနိသင်နဲ့ ဘက်တီးရီးယားတွေကို တွန်းလှန်ပေးတဲ့ အစွမ်းရှိပါတယ်။ ဒါ့အပြင် ဘေးထွက်ဆိုးကျိုး မရှိတာကြောင့် ကျန်းမာသက်ရှည်ရေးအတွက် တကယ် အလုပ်ဖြစ်တဲ့ အစာပါ။

(၂)- ပျားရည်
honey
သဘာဝ အချိုဓာတ် တစ်မျိုးဖြစ်တဲ့ ပျားရည် မှာ အစွမ်းအာနိသင်မျိုးစုံ ပါရှိကြောင့် လေ့လာမှုအ မျိုးမျိုးအရ သိရှိပြီးပါပြီ။ သင့်အနေနဲ့ အချိုအရသာ လိုချင်ရင် ပျားရည်ကို သုံးသင့်ကြောင်း အဘိုးဘာနာဒိုက ထောက်ခံထားပါတယ်။

(၃)- သစ်ကြံပိုးခေါက်
28g
သစ်ကြံပိုးခေါက်က အစာကို အရသာ တိုးအောင် လုပ်ပေးတဲ့ ဟင်းခတ်အမွှေးအကြိုင်အဖြစ် ရေပန်းစားပါတယ်။ သစ်ကြံပိုးခေါက်ကို တစ်ကမ္ဘာလုံးမှာ ရှေးကတည်းက ဆေးတစ်လက်အဖြစ် အသုံးပြုခဲ့ပြီး သွေးတွင်း ကိုလက်စထရော အဆင့်ကိုလျော့ ကျစေကာ ဆီးချိုသွေးချိုရောဂါမဖြစ်အောင် ကာကွယ်ပေးပါတယ်။

(၄)- ချောကလက်
28e
ချောကလက်ကို ကလေးတွေ ကြိုက်တဲ့ အစာ၊ အချို သရေစာ အဖြစ်ပဲ ထင်နေရင် မှားသွားပါပြီ။ အဘိုး ဘာနာဒိုက သူ့ကို အသက်ရှည်စေတဲ့ အစာ တစ်မျိုးအဖြစ် ချောကလက်ကို ညွှန်းထားလို့ပါပဲ။

(၅) သံလွင်ဆီ
28i
သံလွင်ဆီကို ဒီနေ့ခေတ်မှာ အလွယ်တကူ ဝယ်ယူသုံးစွဲနိုင်နေပါပြီ။ နေ့စဉ် စားတဲ့ ဟင်းလျာတွေထဲ ထည့်စားတာကြောင့် အာဟာရဓာတ်တွေကို ရရှိ စေပါတယ်။

Most Popular

Healthy Life Ad
To Top