Healthy Life Ad
Health Tips

ဆုံးဖြတ်ချက်ချမှတ်ရသော အမျိုးသားတို့ ဦးနှောက်စွမ်းရည် ကောင်းမွန်နေစေမည့် နည်းလမ်းများ

ဦးနှောက်ကို အသုံးချပါ

ဦးနှောက်ဟာ သုံးရင်သုံးသလောက် အသုံးဝင်ပြီး မသုံးရင်ဆုံးရှုံးသွားပါလိမ့်မယ်။ ဦးနှောက် နုပျိုပြီး မှတ်ဉာဏ်ကောင်းမွန်နေစေဖို့ ဆုဒိုကု ကစားတာ၊ ပဟေဠိအဖြေညှိတာတို့ လုပ်ဆောင်ပါ။ ဒါမှမဟုတ် ဘာသာ စကားအသစ် သင်ယူလေ့လာပါ။ ဒီနည်းလမ်းတွေက ဦးနှောက် အိုမင်းမှုနှုန်းကို လျော့ကျစေနိုင်ပါတယ်။

လေ့ကျင့်ခန်းလုပ်ပါ

လေ့လာမှုအရ ခန္ဓာကိုယ်လှုပ်ရှားမှုလုပ်ပြီး သန်စွမ်းကျန်းမာအောင် နေထိုင်တာက မှတ်ဉာဏ်ကောင်း မွန်စေပါတယ်။ တစ်နေ့မှာ မိနစ် ၃၀ ခန့်ပုံမှန်လမ်းလျှောက်ပေးရင်တောင် ဦးနှောက်အိုမင်းမှုနှုန်းကို လျော့ကျ စေပါတယ်။

ဦးနှောက်ကျန်းမာစေရန် စားသောက်ပါ

သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်များများ၊ အသားနဲ့ ပြည့်ဝဆီနည်းနည်း စားတာကြောင့် အင်တီ အောက်ဆီးဒင့်ရရှိကာ ဦးနှောက်ဆဲလ်ထိခိုက်မှုမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ အိုမီဂါ ၃ အဆီပါတဲ့ ငါးအဆီစားတာကြောင့် ဦးနှောက်ရောင်ရမ်းမှုမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ အဆင်သင့် အစာစားတာ ကြောင့်မှတ်ဉာဏ်ဆုံးရှုံးမှုကို ဖြစ်စေနိုင်ပါတယ်။

မကောင်းသော ဦးနှောက်အလေ့အကျင့်များ ရှောင်ပါ

ခန္ဓာကိုယ်အတွက်မကောင်းတဲ့အရာတွေက ဦးနှောက်ကိုလည်း ထိခိုက်စေနိုင်ပါတယ်။ဆေးလိပ်သောက်တာ၊ ကိုယ်အလေးချိန်များတာ၊ သွေးတိုးတာနဲ့ သွေးတွင်းကိုလက်စထရော မြင့်တက်တာတို့ကြောင့် ဦးနှောက်ကို ပိုမိုအိုမင်းစေနိုင်ပါတယ်။ ဦးနှောက်ကျန်းမာနုပျိုစေဖို့ ဦးနှောက်ထဲမှာ သွေးလှည့်ပတ်စီးဆင်းမှု ကောင်းကောင်းလိုအပ်ပါတယ်။

အိပ်ရေးဝ၀ အိပ်စက်ပါ

အိပ်ရေးပျက်တာကြောင့် ဦးနှောက်ကိုအိုမင်းစေနိုင်ပါတယ်။ လတ်တလောလေ့လာမှုတစ်ခုအရ ၁၀နှစ် ကျော်ကြာ ညဆိုင်းအလုပ်လုပ်ခဲ့သူတွေဟာ ဦးနှောက်ဆဲလ်တွေသေဆုံးပြီး ဦးနှောက်ဟာ ခြောက်နှစ်ခွဲကြာ အိုမင်းတာနဲ့ညီမျှနေကြောင်း သိရပါတယ်။

ကောင်းမွန်သည့် ပေါင်းသင်းဆက်ဆံရေးတည်ဆောက်ပါ

တခြားသူတွေနဲ့ ပေါင်းသင်းဆက်ဆံရေး ကောင်းတာကြောင့် ဦးနှောက်အိုမင်းမှုကို လျော့ကျစေပြီး တွေးခေါ်မြော်မြင်မှု ကောင်းစေပါတယ်။ လေ့လာမှုအရ ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်တာကြောင့် အယ်လ်ဇိုင်းမားရောဂါဖြစ်နှုန်း လျော့ကျစေနိုင်ကြောင်းသိရပါတယ်။

ပေါင်းသင်းဆက်ဆံရေးကောင်းတာကြောင့် ဆုံးဖြတ်ချက်ချမှတ်နိုင်စွမ်းနဲ့ ဦးနှောက်ရဲ့ စီစဉ်ဆောင် ရွက်နိုင်စွမ်းမှုဆိုင်ရာ အစိတ်အပိုင်းတွေကို လှုံ့ဆော်ပေးနိုင်စွမ်းရှိလာပါတယ်။

ဘယ်အရာကိုမှ အလွန်အကျွံ မလုပ်ပါနှင့်

ဦးနှောက်ကို လှုံ့ဆော်တာက ကောင်းပေမယ့် လေးလံလွန်းတဲ့ အလုပ်ဝန်ထုပ်ဝန်ပိုးနဲ့ စိန်ခေါ်မှု တွေကြောင့် ဦးနှောက်ကို ထိခိုက်စေနိုင်သလို ဦးနှောက်ရဲ့လုပ်ငန်းဆောင်တာတွေကို လျော့ကျစေနိုင်ပါတယ်။ လေ့လာမှုအရစိတ်ဖိစီးမှုဟာ ဦးနှောက်ဆဲလ်တွေကို ထိခိုက်စေပြီး လေ့လာမှုနဲ့ဆိုင်တဲ့ဖြစ်စဉ်ကို အဟန့်အတား ဖြစ်စေနိုင်ပါတယ်။

၊ ဦးမိုး ၊

Most Popular

Healthy Life Ad
To Top