Healthy Life Ad
Life Style

အောင်မြင်သည့်ဘဝ ပိုင်ဆိုင်စေမည့် နည်းလမ်းကောင်း ၁၁ သွယ်

(၁) တခြားသူတွေက အောင်မြင်ဖို့ဆုတောင်းနေချိန်မှာ ကြိုးစားပမ်းစားလက်တွေ့လုပ်ကိုင်ပါ။

(၂) တခြားသူတွေ လေးဖင့်နှောင့်နှေးနေချိန်မှာ စတင်လုပ်ဆောင်ပါ။

(၃) တခြားသူတွေ မျက်မှောင်ကြုတ်နေတဲ့အချိန် ပြုံးပြုံးရွှင်ရွှင်နေပါ။

(၄) တခြားသူတွေ ဖြုန်းတီးနေတဲ့အချိန် စုဆောင်းပါ။

(၅) တခြားသူတွေ အိပ်မောကျနေတဲ့အချိန် သင်ယူလေ့လာပါ။

(၆) တခြားသူတွေ စကားပြောနေချိန် အလေးအနက်နားထောင်ပါ။

(၇) တခြားသူတွေ စိတ်ကူးယဉ်နေချိန်မှာ ကြိုတင်ပြင်ဆင်ပါ။

(၈)
တခြားသူတွေ ပျော်ပါးနေချိန်မှာ အစီအစဉ်တွေကို အကောင်အထည်ဖော်ပါ။

(၉) တခြားသူတွေက စိတ်ဓာတ်ကျပြီး လက်လျှော့လိုက်ချိန်မှာ ဇွဲ၊ လုံ့လ၊ ဝီရိယရှိရှိ ကြံ့ကြံ့ခံတဲ့စိတ်ထားနဲ့ လုပ်ဆောင်ပါ။

(၁၀) တခြားသူတွေ ပြစ်တင်ဝေဖန်ချိန်မှာ အကောင်းဘက်ကနေ ချီးကျူးစကားပြောဆိုပါ။

(၁၁) တခြားသူတွေ ကြန့်ကြာနေချိန်မှာ ဆုံးဖြတ်ချက်ချပါ။

Most Popular

Healthy Life Ad
To Top