Healthy Life Ad
Q & A

ကိုယ်ဝန်ဆောင်ရင် နှစ်ယောက်စာ စားရမှာလား …

မေး. ကိုယ်ဝန်ဆောင်ရင် ဗိုက်ထဲကကလေးအတွက်ပါ နှစ်ယောက်စာ စားရမယ်လို့ပြောကြလို့ပါ။ မှန်ပါသလားဆရာ။
စန္ဒာ၊ စမ်းချောင်း။

ဒေါက်တာစိုးလွင် (သားဖွားမီးယပ်အထူးကုဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

ဖြေ. မဟုတ်ပါဘူး။ ကိုယ်ဝန်ဆောင်မိခင်တချို့က ဗိုက်ထဲကကလေးအတွက်ပါ နှစ်ယောက်စာ စားရမယ်လို့ထင်နေကြပါတယ်။ အဲဒီအတွက်အရင်က ငါးခါစားရင် အခု ၁၀ခါစားမယ်ဆိုတာမျိုးလုပ်တတ်ကြပါတယ်။ တကယ်တမ်းကျတော့ ဗိုက်ထဲကကလေးအတွက် အပိုဆောင်းပြီး များများစားလိုက်ရင် ကယ်လိုရီအပိုတိုင်းက အဆီအဖြစ် ခန္ဓာကိုယ်ထဲမှာသိုလှောင်သွားပါတယ်။ အဲဒီအခါ ကလေးလည်းမွေးပြီးသွားရော ကိုယ်အလေးချိန် အဆမတန်များသွားတတ်ပါတယ်။ ဒါကြောင့် နှစ်ယောက်စာ စားရမယ်ဆိုတာမဟုတ်ပါဘူး။

Most Popular

Healthy Life Ad
To Top