Healthy Life Ad
Health Tips

ချစ်စိတ် ဘာကြောင့် ဖြစ်ပေါ်ရတာလဲ

လရိပ်မေ
သူစိမ်းတွေအများကြီး ကြားထဲမှာ ဆန့်ကျင်ဘက်လိင်တွေဖြစ်တဲ့ အမျိုးသားနဲ့ အမျိုးသမီး တွေ့ဆုံချစ်ကျွမ်းဝင်ကြတဲ့အခါ ဘယ်လိုအချက်တွေက သူတို့ကို ချစ်စိတ်ဖြစ်စေပြီး တစ်ယောက်နဲ့ တစ် ယောက်မျက်စိအောက်က အပျောက်မခံနိုင်လောက်အောင် တွယ်တာသွားစေတာလဲ ဆိုတဲ့အချက်ကို သိပ္ပံနည်းကျ လေ့လာမှုအရ အဆင့်သုံးဆင့်ကို တွေ့ရပါတယ်။

အဆင့် (၁) ဆွဲဆောင်မှု
သင်က တစ်စုံတစ်ယောက်ကို ဆွဲဆောင်မှု ဖြစ်သွားတဲ့အခါ ဦးနှောက်ထဲမှာ ဓာတ်တွေ ထွက်လာပါတယ်။ အဲဒီအထဲက ဒိုပါမင်းဓာတ်က ကြည်နူးတဲ့ ခံစားချက်ဖြစ်ပေါ်စေပြီး အစာစားချင်စိတ်ဆုံးရှုံးမှုနဲ့ အိပ်ပျက်တဲ့ ညတွေကို ဖြစ်ပေါ်စေပါတယ်။
နော်အက်ပီနက်ဖရင်းဓာတ်က စိတ်ဖိစီးမှုကို တုံ့ပြန်မှု အားကောင်းစေပြီး နှလုံးခုန်နှုန်း မြန်ကာ ချွေးထွက်များစေပါတယ်။
ဆီရိုတိုနင်ဓာတ် အဆင့်ကျသွားတဲ့အတွက် စိတ်ကူးယဉ်တဲ့ အတွေးတွေကနေ ရုန်းထွက်ဖို့ ခက်ခဲပြီး ကြည်နူးနေစေပါတယ်။

အဆင့် (၂) တပ်မက်မှု
လူတွေ အပျိုဖော်/လူပျိုဖော်ဝင်လာချိန်မှာ တက်စတိုစတီရုန်းနဲ့ အီစထရိုဂျင်ဟော်မုန်းအဆင့်က ခန္ဓာကိုယ်ထဲမှာ အားကောင်းလာပါတယ်။ အဲဒီဟော်မုန်းတွေက ချစ်ခြင်းမေတ္တာကို ခံစားချင်တဲ့ ဆန္ဒဖြစ် ပေါ်လာပြီး ကြင်ဖော်ကြင်ဖက် စတင်ရှာဖွေလာစေပါတယ်။ ကိုယ်ရဲ့ ရုပ်ရည်၊ ကိုယ်ရည်ကိုယ်သွေး၊ ကိုယ်ခံအားစနစ် စတာတွေနဲ့ လိုက်ဖက်ညီတဲ့ ချစ်သူတွေ့တဲ့အခါ တပ်မက်မှု ဖြစ်ပေါ်လာပါတယ်။

အဆင့် (၃) ချည်နှောင်မှု
ဒီအဆင့်က ချစ်သူနှစ်ဦး တစ်ဦးနဲ့ တစ်ဦး ဆွဲဆောင်ချည်နှောင်ရင်း သံယောဇဉ် ငြိတွယ်ကြတဲ့ အ ဆင့်ပဲဖြစ်ပါတယ်။ သူစိမ်းနှစ်ဦးကို အရင်းနှီးဆုံး ချစ်သူတွေဖြစ်လာဖို့ ချည်နှောင်တဲ့ အဓိက ဟော်မုန်း နှစ်မျိုးကတော့ အောက်ဆီတိုစင်နဲ့ ဗေဆိုပရက်စင် ဟော်မုန်းတွေ ဖြစ်ပါတယ်။
ချစ်သူတွေ ပွေ့ဖက်တဲ့အခါ၊ အကြင်နာပေးတဲ့အခါနဲ့ ချစ်ကြတဲ့အခါတွေမှာ အောက်ဆီတိုစင်ဟော် မုန်းက ထွက်လာပါတယ်။ အဲဒီဟော်မုန်းကြောင့်ပဲ ချစ်သူတွေအချင်းချင်း ယုံကြည်မှုနဲ့ နီးစပ်မှုကို ပိုဖြစ်စေတာပါ။
ဗေဆိုပရက်စင်ဟော်မုန်းကတော့ ချစ်သူတွေ ချစ်ကြည်နူးချိန်မှာ ခန္ဓာကိုယ်ကနေ ရေဓာတ်ဆွဲတာကို ထိန်းချုပ်ပေးပြီး တွယ်တာမှုကို ပိုဖြစ်စေပါတယ်။
အန်ဒေါ်ဖင်ထွက်လာတဲ့အခါ နာကျင်ကိုက်ခဲမှုကို ချိုးနှိမ်ပေးပြီး လုံခြုံတဲ့ စိတ်ခံစားချက်ဖြစ်ပေါ်ကာ ချစ်သူအချင်းချင်း ခိုင်မြဲတဲ့ သံယောဇဉ် ငြိတွယ်လာပါတော့တယ်။

Most Popular

Healthy Life Ad
To Top