Healthy Life Ad
Health Tips

ရေနွေးသောက်ရင် ဘယ်လို ကောင်းကျိုးတွေ ရနိုင်သလဲ

ငွေကြယ်စင်ယံ
ရေနွေးသောက်တာကြောင့် အစာကြေစေပြီး အနာကျက်နှုန်းကောင်းစေပါတယ်။ ရေအေးသောက်တာထက် ရေနွေးသောက်တာက ကျန်းမာရေးအတွက် အောက်ပါကောင်းကျိုးတွေ ရရှိစေပါတယ်။

ကိုက်ခဲနာကျင်မှု သက်သာစေပါတယ်
ခေါင်းကိုက်ဝေဒနာ၊ ဗိုက်နာတာစတဲ့ ဝေဒနာတွေကနေ ရာသီလာစဉ်ကိုက်ခဲတဲ့ ဝေဒနာတွေအထိ ရေနွေးသောက်ပေးလိုက်ရင် သက်သာစေပါတယ်။ ရေနွေးသောက်တာကြောင့် ခန္ဓာကိုယ်ကို အ နာကျက်စေပြီး ကြွက်သားနဲ့ အာရုံကြောတွေကို အပန်းပြေစေပါတယ်။

အရွယ်မတိုင်ခင် အိုမင်းမှုကို တွန်းလှန်ပေးပါတယ်
ရေနွေးသောက်တာက ရေအေးသောက်တာထက် ခန္ဓာကိုယ်မှာ စုပုံနေတဲ့ အဆိပ်အတောက်တွေကို စွန့်ထုတ်ပေးနိုင်စွမ်း ပိုများစေပါတယ်။ သင့်ကိုယ်တွင်းစနစ်ထဲမှာ အဆိပ်အတောက်တွေရှိနေရင် အသားအရေက ပိုမို နူးညံ့ပြီး ကြည်လင်တောက်ပစေပါတယ်။ ရေနွေးသောက်တာကြောင့် အရေပြားမှာ ကော်လာဂျင်နဲ့ အီလက်စတင်ဓာတ် ထုတ်လုပ်မှု အားကောင်းရာက အရေးကြောင်းတွေကို လျော့ပါး သက်သာသွားစေပါတယ်။

အစာကြေညက်အား ကောင်းစေပါတယ်
အစာစားချိန်နဲ့ စားပြီးချိန်တွေမှာ ရေအေးသောက်တာကြောင့် အစာထဲက အဆီတွေကို မာခဲစေပြီး ခန္ဓာကိုယ်ကနေစွန့်ထုတ်ဖို့ ပိုခက်ခဲသွားပါတော့တယ်။ ရေနွေးသောက်တဲ့အတွက် အစာခြေ လမ်းကြောင်းဖြစ်စဉ်ကို ကောင်းမွန်စေကာ အာဟာရစုပ်ယူမှု ပိုအားကောင်းစေပါတယ်။

အူလှုပ်ရှားမှု ကောင်းမွန်စေပါတယ်
ရေနွေးသောက်တာကြောင့် အစာတွေကို သေးငယ်တဲ့ အစိတ်အပိုင်းတွေအဖြစ် ပြိုကွဲစေပြီး အစာခြေလမ်းကြောင်းစနစ်တစ်လျှောက် မြန်မြန်ရွေ့လျားသွားစေပါတယ်။ ဒါ့အပြင် ဝမ်းချုပ်တဲ့ ဝေဒနာသက်သာစေပြီး လေပွတာ၊ လေထတာနဲ့ ဗိုက်နာတာစတဲ့ ဝေဒနာတွေကိုပါ သက်သာလျော့ ပါးစေပါတယ်။

Tip!

ရေနွေးသောက်ဖို့ အကောင်းဆုံးအချိန် ရေနွေးသောက်သင့်တဲ့ အကောင်းဆုံးအချိန်က နံနက်စောစောအချိန်ဖြစ်ပါတယ်။
Ref: HD

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top