Healthy Life Ad
Uncategorized

အရိုးကျိုးပြီး ပြန်ဆက်တဲ့အခါ . . .

မေး. အရိုးကျိုးတာတွေကို ပြန်ဆက်ပြီးကုသပေးတာနဲ့ အရိုးကျိုးတဲ့အခါ စတီးချောင်းထည့်ပြီးကုတာတွေက အချိန်ဘယ်လောက်အတိုင်းအတာအထိ စိတ်ချရပါသလဲဆရာ။
ကိုခန့်၊ လသာ။

ပါမောက္ခဦးနေဝင်း (အရိုးခွဲစိတ်ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

ဖြေ. အရိုးဆိုတာကျိုးပြီးရင် ပုံမှန်သဘာဝအတိုင်းပြန်ဆက်သွားပါတယ်။ မဆက်တဲ့အရိုးက ရှိတော့ရှိတယ်၊ ရှားပါတယ်။ အရိုးတွေကိုခွဲစိတ်ကုသတဲ့အခါ တချို့အရိုးတွေကမခွဲဘဲနဲ့ကုလို့မရဘူး။ ပုံမှန်အနေအထား ဖြစ်အောင် ခွဲစိတ်ရပါတယ်။ တစ်ခါတလေအဆစ်တွေပါရင် အဆစ်မျက်နှာပြင်နဲ့ညီအောင်၊ အရိုးတိတိကျကျ တည့်အောင် ခွဲစိတ်ကုသပြီး ပြန်ဆက်ပေးရပါတယ်။ တစ်ခါတလေ အရိုးတွေကြားမှာခံနေတဲ့ အရွတ်တွေ၊ ကြွက်သားတွေကိုထုတ်ပြီး တည့်အောင်လုပ်ရင်း အဲဒီလိုတည့်နေတဲ့အနေအထားမှာ ပစ္စည်းတွေ ထည့်ရပါတယ်။

ကျိုးတဲ့နေရာပေါ်မှာမူတည်ပြီး ပစ္စည်းအမျိုးမျိုး (Implant) ထည့်ပြီး တည့်နေတဲ့အနေအထားမှာ ထိန်းထားတဲ့သဘောမျိုးနဲ့ ကုသရပါတယ်။ အရိုးဆက်တယ်ဆိုတာ သဘာဝဖြစ်လို့ တည့်တဲ့ အနေအထားမှာ ထိန်းထားပေးရင် တည့်တည့်ဆက်သွားမှာဖြစ်ပါတယ်။ ထည့်တဲ့ပစ္စည်းတွေက လူနာတွေက အမြဲပြန်မေးတယ်၊ “ဘယ်တော့ထုတ်ရမှာလဲ”ဆိုပြီး မေးကြတယ်၊ လူနာ ဘာခံစားချက်မှမရှိဘူး၊ ဘာပြဿနာမှမပေးဘူးဆိုရင် ထုတ်စရာမလိုပါဘူး။ ထည့်ထားတဲ့ပစ္စည်းက အကြောင်းအမျိုးမျိုးကြောင့် ပြဿနာပေးပြီဆို ရင်တော့ ဆရာတို့က အဲဒီပစ္စည်းကိုပြန်ထုတ်ပေးပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top