Healthy Life Ad
Health Tips

ည ည အိပ်ရေးဝ၀ အိပ်မောကျစေမည့် အိပ်ခန်းတွင်းရနံ့များ

၊ ငွေကြယ်စင်ယံ ၊

အိပ်ခန်းထဲမှာ သစ်ပင်ငယ်လေးတွေစိုက်ပျိုးတဲ့အခါ လေထုကိုသန့်စင်စေပြီး အောက်ဆီဂျင်ကို ရရှိစေပါတယ်။ တကယ်လို့ သင့်အိပ်ခန်းထဲမှာ သင့်တော်မှန်ကန်တဲ့ သစ်ပင်လေးတွေကို ရွေးချယ်စိုက်ပျိုးထားနိုင်ရင် သင့်ကို ကျန်းမာစေရုံသာမက နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျစေမှာ ဖြစ်ပါတယ်။
f4
(၁) စံပယ်

စပယ်ပင်နဲ့ စံပယ်ပန်းဟာ အိပ်ရေးဝအောင်သဘာဝအရ ပံ့ပိုးပေးနိုင်စွမ်းရှိတယ်လို့ လေ့လာမှုတစ်ခုအရ သိရပါတယ်။ အိပ်ရေးဝတဲ့အခါ ပူပင်သောကလျော့ကျပြီး စိတ်တက်ကြွ လန်းဆန်းနိုးကြားစေပါတယ်။ စံပယ်ပန်းဟာ သင့်အခန်းထဲကညစ်ညမ်းတဲ့လေထုကို သန့်စင်စေရုံသာမက အခန်းတွင်းရနံ့ သင်းပျံ့စေပါတယ်။ စံပယ်ပင်က စောင့်ရှောက်ရလွယ်ကူတဲ့ အပင်ဖြစ်ပြီး မကြာခဏ ဖူးပွင့်လေ့ရှိတဲ့အပင်လည်း ဖြစ်ပါတယ်။

f2
(၂) ရှားစောင်းလက်ပပ်

ရှားစောင်းလက်ပပ်ဟာ ရောင်ရမ်းမှုကိုလျော့ပါးစေပြီး မီးလောင်ထားတဲ့အရေပြားနဲ့ အမာရွတ်တွေမှာ လိမ်းပေးနိုင်ပါတယ်။ ရှားစောင်းလက်ပပ်ပင်က အခန်းတွင်းလေထုညစ်ညမ်းမှုကို ကင်းစင်စေပြီး တစ်ကိုယ်လုံးကို အဆိပ်အတောက် ကင်းဝေးစေပါတယ်။ သင့်အိမ်ထဲမှာ အန္တရာယ်ရှိတဲ့ ဓာတုပစ္စည်းတွေများပြားနေရင် ရှားစောင်းလက်ပပ်ပင် စိုက်ထားတာကြောင့် အခန်းတွင်းလေထု သန့်ရှင်းစေပါတယ်။

f3
(၃) လာဗန်ဒါ

လာဗန်ဒါကို ဆပ်ပြာ၊ ရှမ်ပူ၊ ရနံ့ဆီ စတာတွေအဖြစ် အသုံးပြုလေ့ရှိကြပါတယ်။ လာဗန်ဒါပင်ကလည်း အိပ်မပျော်တဲ့ဝေဒနာနဲ့ ပူပင်သောကများတာတို့ကို တကယ်ကုသပေးနိုင်ပါတယ်။ ဒါပေမဲ့ လာဗန်ဒါပင်စိုက်ဖို့ မလွယ်တဲ့အတွက် လာဗန်ဒါရနံ့ကို ရှူရှိုက်ပေးပါ။ အဲဒီရနံ့ကြောင့် ညဘက်မှာ စိတ်အေးချမ်းကျေနပ်တဲ့ အာနိသင်ကို ရရှိစေပါတယ်။

f1
(၄) ဇီဇဝါ

ဇီဇဝါပင်နဲ့ ဇီဇဝါပန်းကို ကြွက်တွေမှာစမ်းသပ်လိုက်တဲ့အခါ ဦးနှောက်အာရုံကြောတွေကို ငြိမ်သက်အနားရသွားစေတယ်လို့ လေ့လာမှုအရ သိရပါတယ်။ ညဘက်အိပ်မပျော်သူတွေအနေနဲ့ ဇီဇဝါပန်းရနံ့ ရှူရှိုက်ပေးတာကြောင့် အပန်းပြေပြီး ကောင်းကောင်း အိပ်မောကျသွားစေပါတယ်။

Most Popular

Healthy Life Ad
To Top