Healthy Life Ad
Life Style

စိုးနန္ဒာကျော်၏ ကျန်းမာလှပ လူမှုဘဝ

soesandar1

တစ်နေ့တာအသားအရေ ထိန်းသိမ်းမှုပုံစံ
ညီမကပုံမှန်ကတော့ လိုးရှင်းလိမ်း ဖြစ်ပါတယ်၊ အပြင်သွားမယ်ဆိုရင်လည်း နေကာခရင်မ် လိမ်းသွားတတ်တယ်၊ တစ်ခါတလေ အိမ်မှာနေရင် သနပ်ခါး လိမ်းထားဖြစ်ပါတယ်၊ မျက်နှာကို နေ့တိုင်း ပိုလုပ်ဖြစ်တာကတော့ အပြင်သွားရင် နေကာခရင်မ် လိမ်းတာပါပဲ။ တစ်ပတ်တစ်ခါတော့ အသားအရေအတွက် ပေါင်းတင်ဖြစ်ပါတယ်။

သခွားသီးနဲ့ သံပရာသီးသုံးပြီး အသားအရေထိန်းသိမ်း . .
အိမ်မှာနေရင် များသောအားဖြင့် မျက်နှာကို သခွားသီးပါးပါးလှီးပြီး ကပ်တာလုပ်ဖြစ်တယ်၊ အဖုအပိမ့်တွေ မပေါက်အောင် သံပရာသီးနဲ့ မျက်နှာကို ပွတ်ပေးဖြစ်ပါတယ်။

soesandar2

နယ်ရှိုးပွဲတစ်ခုမှာ သီချင်းဆိုရင်း အစာအိမ်ဝေဒနာကြောင့် ဗိုက်အောင့်ဖူး . .
ညီမက ကျန်းမာရေးနဲ့ပတ်သက်ရင် အစာအိမ်က သိပ်မကောင်းဘူး၊ နယ်ရှိုးပွဲမှာ သီချင်းဆိုနေတုန်း အစာအိမ်မကောင်းလို့ ဗိုက်အောင်ခဲ့ဖူးတယ်၊ သီချင်းဆိုရင်း ခုန်ပေါက်တာနဲ့ အစားအသောက် မမှန်တာကြောင့် ဖြစ်မယ်ထင်တယ်။ ရန်ကုန်ပြန်ရောက်တော့

အစာအိမ်ရောင်နေလို့ အတော်လေး ကုလိုက်ရတယ်၊ အဲဒီလို ထပ်မဖြစ်အောင် အဓိကတော့ အစားအသောက် ဆင်ခြင်ရတယ်၊ အစားကို ပုံမှန်စားရပါတယ်။

soesandartun

မိတ်ကပ်ကို မိတ်ကပ်ဆရာနဲ့ လိမ်းတာပိုများ . .
မိတ်ကပ်ကိုယ်တိုင် ဘယ်လောက်လိမ်းတတ်တယ်ပြောပြော မိတ်ကပ်ဆရာတွေကိုတော့ မမှီတာအမှန်ပဲ၊ ဒါကြောင့် ကိုယ်တိုင်းလိမ်းမယ်ဆိုရင် အပြင်သွားတာလောက်ပဲ ပေါ့ပေါ့ပါးပါး လိမ်းဖြစ်ပါတယ်၊ အရေးကြီးတဲ့ ပွဲမျိုးတွေဆိုရင်တော့ မိတ်ကပ်ဆရာနဲ့ လိမ်းပါတယ်။

မျက်လုံးကာလာအရောင်တင်ရတာ ပိုကြိုက် . .
ညီမကမိတ်ကပ်ကို ကိုယ်တိုင်လိမ်းဖြစ်တယ် ဆိုရင် မျက်လုံးကာလာ အရောင်တင်ရတာ ပိုသဘောကျတယ်၊ ပြီးတော့ မျက်လုံးလေးက မျက်နှာတစ်ခုလုံးရဲ့ အလှအပကိုပိုပြီး ပေါ်လွင်စေတယ်လို့ ထင်ပါတယ်။

soesandar4

မိတ်ကပ်အမျိုးအစား . .
ညီမအခု သုံးဖြစ်နေတာ Revlon ၊ လူနာဆိုးတို့ သုံးဖြစ်ပါတယ်။

အိပ်ရေးပျက်တာများရင် အဖုအပိမ့်ပေါက်တတ် . .
ညီမအသားအရေက များသောအားဖြင့် အိပ်ရေးပျက်ရင် အဖုအပိမ့်ပေါက်တတ်တယ်၊ တစ်ခါတလေ စိတ်ဖိစီးမှုများရင်လည်း အဖုအပိမ့်ပေါက်တယ်၊ မိတ်ကပ်မတည့်ရင်လည်း အသားအရေပျက်စီးပြီး အဖုအပိမ့် ပေါက်တတ်ပါတယ်။

မိတ်ကပ်နဲ့မတည့်လို့ မျက်နှာအသားအရေရောင်ဖူး . .
ညီမ ရှိုးပွဲတစ်ခုမှာ ပွဲကစီစဉ်ပေးတဲ့ မိတ်ကပ်လိမ်းလိုက်တာ ညီမအသားအရေနဲ့ မတည့်တော့ မျက်နှာရောင်ရမ်းလာတယ်၊ တခြားသူတွေကတော့ ဘာမှမဖြစ်ဘူး၊ ညီမတစ်ယောက်ပဲ အဲ့ဒီမိတ်ကပ်နဲ့ မတည့်တော့ အဆင်မပြေဖြစ်ခဲ့တာပါ။

ကောလဟလသတင်းကြောင့် စိတ်ဓာတ်ကျဖူး . .
ညီမ အနုပညာစလုပ်တုန်းက ကောလဟလ သတင်းတွေကြားတော့ စိတ်ဓာတ်တွေအကြိမ်ကြိမ် ကျခဲ့ဖူးတယ်၊ အနုပညာအလုပ် ဆက်လုပ်ရင် ကောင်းမလားဆိုပြီးလည်း စဉ်စားခဲ့ဖူးတယ်၊ မသိသေးတာလည်း ပါတော့ပေါ့၊ အခုဆိုရင် ကောလဟလက ကောလဟလပါပဲ . . ကြာရင်တော့ ပျောက်သွားတာပဲ၊ စိတ်ထဲအဲ့လောက်ကြီး မထားတော့ဘူး၊ ကိုယ်မှန်ရင် ခေါင်းဘယ်မှမရွေ့ဘူး၊ မှန်ကန်အောင်ပဲနေဖို့ အတတ်နိုင်ဆုံးကြိုးစားတယ်၊ လူဆိုတာ အမှားနဲ့တော့ မကင်းနိုင်ဘူးပေါ့၊ အမှားနည်းအောင်၊ မှန်ကန်အောင်ကြိုစားပြီး နေဖို့က ကိုယ့်တာဝန်ဖြစ်ပါတယ်။

စိတ်ဖိစီးမှုဖြစ်လာရင် ငိုဖို့ပဲ သိခဲ့ဖူး . . .
ညီမက စိတ်ဖိစီးမှုဖြစ်လာရင် ငိုဖို့ပဲသိတယ်၊ အခု နောက်ပိုင်းကျတော့ ကိုယ်ဖြစ်နေတဲ့ စိတ်ဖိစီး မှုအပေါ် အကောင်းဆုံးဖြစ်အောင် ဖြေတယ်၊ အရမ်းစိတ်ညစ်လာရင် သီချင်းနားထောင်တယ်၊ တိတ်ဆိတ်တဲ့နေရာမှာ တစ်ယောက်တည်းနေတယ်၊ ဘယ်သူနဲ့မှ စကားမပြောဘူး။

soesandar3

အားလပ်ချိန်ကိုစာအုပ်ဖတ်ရင်း အနားယူဖြစ်…
အားလပ်ချိန်တွေမှာ ညီမက သီချင်းနားထောင်တယ်၊ တစ်ခါတလေ သူငယ်ချင်းတွေနဲ့ ရုပ်ရှင်ကြည့်တယ်၊ အိမ်မှာဆိုလည်း ဂိမ်းဆော့ဖြစ်ပါတယ်၊ များသောအားဖြင့် စာအုပ်လေးတွေဖတ်ပြီး အနားယူဖြစ်တာ ပိုများပါတယ်။

အားကစားက .. .
အားကစားအနေနဲ့ ညီမ ပုံမှန်လုပ်ဖြစ်တာက အိပ်ထမတင် လုပ်ဖြစ်တယ်။

အစာအိမ်ဝေဒနာရှိပြီး အာရုံကြော အားနည်း . .
ညီမက အစာအိမ်ဝေဒနာနဲ့ အာရုံကြောအားနည်းတာ ဖြစ်တတ်ပါတယ်။

ခရီးထွက်ဖြစ်ရင် ကျန်းမာရေးအတွက် ကြိုတင်ကာကွယ်မှု လုပ်ဖြစ် . .
ကိုယ်ဖြစ်တဲ့ရောဂါတွေက ကိုယ်သိနေတဲ့အတွက် နယ်ခရီးတွေသွားရင် ဆေးဝါးအစုံအလင် ယူသွားဖြစ်ပါတယ်၊ ကျန်းမာရေးစစ်ဆေးမှုတွေ လုပ်ဖြစ်ပါတယ်။ တစ်ခုရှိတာက ညီမက နည်းနည်းပေတယ်၊ နေမကောင်းဖြစ်ရင် ဆေးသောက်ပျင်းတတ်တယ်၊ အခုတော့ ကျန်းမာရေးကောင်းမှ အားလုံးအဆင်ပြေမှာဆိုတာ သိလာတဲ့အတွက် ဂရုစိုက်ဖြစ်ပါတယ်။

ပရိသတ်ကိုပေးချင်တဲ့ ကျန်းမာရေးအကြံပြုချက် . .
ကျန်းမာရေးကို ဂရုစိုက်ကြပါ၊ လာမယ့် နှစ်သစ်မှာလည်း စိတ်သစ်၊ ကိုယ်သစ်နဲ့ ကျန်းမာသုခတွေ ရကြပါစေလို့ သမီးဆုတောင်းပေးလိုက်ပါတယ်။

Most Popular

Healthy Life Ad
To Top